
ဥရုဂွေးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီးဆွာရက်ဇ်ဟာ ကမ္ဘာ့ဖလားအုပ်စုကနေ
ထွက်ရဖို့ သေချာသွားချိန်မှာ ဘယ်လိုမှ ဟန်မဆောင်နိုင်ဘဲ ဝမ်းနည်းတကြီး
ငိုကြွေးခဲ့ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂါနာကို (၂-ဝ)ဂိုးနဲ့
အနိုင်ရခဲ့ပြီး ပထမပိုင်းမှာကတည်းက တောင်ပံကစားသမား အယ်ရက်စ်ကယ်တာရဲ့
ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဥရုဂွေးအသင်း (၂-ဝ)ဂိုးပြတ်နဲ့အနိုင်ရနေချိန်မှာ တစ်ဖက်က တောင်ကိုရီးယားနဲ့
ပေါ်တူဂီတို့ပွဲမှာ မိနစ်(၉၀)အထိ (၁-၁)ဂိုးစီသရေကျနေတာကြောင့် ဥရုဂွေးအသင်း
နောက်တစ်ဆင့်တက်ပြီလို့ အားလုံးက ယူဆခဲ့ပေမယ့် မမျှော်လင့်တဲ့အပြောင်းအလဲနဲ့အတူ
တောင်ကိုရီးယားအသင်းဟာ (၉၁)မိနစ်မှာ တိုက်စစ်မှူး ဟွမ်ဟီချန်ရဲ့ သွင်းယူခဲ့တဲ့ဂိုးနဲ့
အနိုင်ရခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ခွင့်ရခဲ့ပါတယ်။
ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ဟာ (၃)ပွဲကစားပြီးချိန်မှာ (၄)မှတ်စီတူညီနေသလို
ဂိုးကွာခြားချက်မှာလည်း (ဝ)ဂိုးဖြစ်နေပေမယ့် သွင်းဂိုးအရေအတွက်မှာ တောင်ကိုရီးယားက
(၄)ဂိုး၊ ဥရုဂွေးက (၂)ဂိုးသာရှိတဲ့အတွက် တောင်ကိုရီးယားတို့ Goal Scored
အားသာချက်နဲ့ အုပ်စုက တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဥရုဂွေးနဲ့ ဂါနာတို့ရဲ့ပွဲက တောင်ကိုရီးယားပွဲထက် (၅)မိနစ်လောက် နောက်ကျပြီးမှ
ကစားတာဖြစ်လို့ တောင်ကိုရီးယားအသင်း (၂-၁)ဂိုးရလဒ်နဲ့ ပွဲပြီးသွားချိန်မှာ ဥရုဂွေး
အသင်းဟာ အုပ်စုကတက်ဖို့အတွက် နောက်တစ်ဂိုးသွင်းဖို့ လိုအပ်ပေမယ့် အရေးပါတဲ့
တတိယမြောက်ဂိုး မသွင်းနိုင်ဘဲ (၂-ဝ)ဂိုးနဲ့ပဲ ပွဲပြီးသွားလို့ အုပ်စုကထွက်ခဲ့ရပါတယ်။
ပွဲပြီးဖို့ အချိန်နီးကပ်လာချိန်မှာ အရန်ခုံတန်းပေါ်က ဆွာရက်ဇ်တစ်ယောက် ငိုမလိုပုံစံနဲ့
မျက်စိပျက်မျက်နှာပျက်ဖြစ်နေပြီး မကြာခင်မှာပဲ သူ့မျက်နှာကို ဂျာစီနဲ့အုပ်ပြီးတော့
ဝမ်းနည်းတကြီးငိုကြွေးခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်အတွက်
အခု ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲ
ဖြစ်လာဖို့ရှိတာကြောင့် စိတ်ပျက်စရာမှတ်တမ်းဆိုးနဲ့ အဆုံးသတ်ရတော့မှာလည်းဖြစ်ပါတယ်။
[Zawgyi]
ဥ႐ုေဂြးအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉးႀကီးဆြာရက္ဇ္ဟာ ကမာၻ႔ဖလားအုပ္စုကေန
ထြက္ရဖို႔ ေသခ်ာသြားခ်ိန္မွာ ဘယ္လိုမွ ဟန္မေဆာင္ႏိုင္ဘဲ ဝမ္းနည္းတႀကီး
ငိုေႂကြးခဲ့ပါတယ္။ ဥ႐ုေဂြးအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဂါနာကို (၂-ဝ)ဂိုးနဲ႔
အႏိုင္ရခဲ့ၿပီး ပထမပိုင္းမွာကတည္းက ေတာင္ပံကစားသမား အယ္ရက္စ္ကယ္တာရဲ႕
ဂိုးေတြနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဥ႐ုေဂြးအသင္း (၂-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရေနခ်ိန္မွာ တစ္ဖက္က ေတာင္ကိုရီးယားနဲ႔
ေပၚတူဂီတို႔ပြဲမွာ မိနစ္(၉၀)အထိ (၁-၁)ဂိုးစီသေရက်ေနတာေၾကာင့္ ဥ႐ုေဂြးအသင္း
ေနာက္တစ္ဆင့္တက္ၿပီလို႔ အားလုံးက ယူဆခဲ့ေပမယ့္ မေမွ်ာ္လင့္တဲ့အေျပာင္းအလဲနဲ႔အတူ
ေတာင္ကိုရီးယားအသင္းဟာ (၉၁)မိနစ္မွာ တိုက္စစ္မႉး ဟြမ္ဟီခ်န္ရဲ႕ သြင္းယူခဲ့တဲ့ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့အတြက္ ေနာက္တစ္ဆင့္တက္ခြင့္ရခဲ့ပါတယ္။
ဥ႐ုေဂြးနဲ႔ ေတာင္ကိုရီးယားတို႔ဟာ (၃)ပြဲကစားၿပီးခ်ိန္မွာ (၄)မွတ္စီတူညီေနသလို
ဂိုးကြာျခားခ်က္မွာလည္း (ဝ)ဂိုးျဖစ္ေနေပမယ့္ သြင္းဂိုးအေရအတြက္မွာ ေတာင္ကိုရီးယားက
(၄)ဂိုး၊ ဥ႐ုေဂြးက (၂)ဂိုးသာရွိတဲ့အတြက္ ေတာင္ကိုရီးယားတို႔ Goal Scored
အားသာခ်က္နဲ႔ အုပ္စုက တက္ခြင့္ရခဲ့တာျဖစ္ပါတယ္။
ဥ႐ုေဂြးနဲ႔ ဂါနာတို႔ရဲ႕ပြဲက ေတာင္ကိုရီးယားပြဲထက္ (၅)မိနစ္ေလာက္ ေနာက္က်ၿပီးမွ
ကစားတာျဖစ္လို႔ ေတာင္ကိုရီးယားအသင္း (၂-၁)ဂိုးရလဒ္နဲ႔ ပြဲၿပီးသြားခ်ိန္မွာ ဥ႐ုေဂြး
အသင္းဟာ အုပ္စုကတက္ဖို႔အတြက္ ေနာက္တစ္ဂိုးသြင္းဖို႔ လိုအပ္ေပမယ့္ အေရးပါတဲ့
တတိယေျမာက္ဂိုး မသြင္းႏိုင္ဘဲ (၂-ဝ)ဂိုးနဲ႔ပဲ ပြဲၿပီးသြားလို႔ အုပ္စုကထြက္ခဲ့ရပါတယ္။
ပြဲၿပီးဖို႔ အခ်ိန္နီးကပ္လာခ်ိန္မွာ အရန္ခုံတန္းေပၚက ဆြာရက္ဇ္တစ္ေယာက္ ငိုမလိုပုံစံနဲ႔
မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ေနၿပီး မၾကာခင္မွာပဲ သူ႔မ်က္ႏွာကို ဂ်ာစီနဲ႔အုပ္ၿပီးေတာ့
ဝမ္းနည္းတႀကီးငိုေႂကြးခဲ့ပါတယ္။ အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္အတြက္
အခု ကမာၻ႔ဖလားၿပိဳင္ပြဲက သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲ
ျဖစ္လာဖို႔ရွိတာေၾကာင့္ စိတ္ပ်က္စရာမွတ္တမ္းဆိုးနဲ႔ အဆုံးသတ္ရေတာ့မွာလည္းျဖစ္ပါတယ္။