အုပ်စုကတက်ဖို့ အဆုံးအဖြတ်ခံယူရမယ့် ပိုလန်နဲ့ အာဂျင်တီးနား

ဒီည (မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁: ၃၀)မှာ အုပ်စု(C)နောက်ဆုံးပွဲအဖြစ်

တောင်အမေရိကထိပ်သီး အာဂျင်တီးနားနဲ့ ပိုလန်တို့ဟာ အုပ်စုတက်ရေးအတွက်
အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။

Ballon d’Or ဆုကို စံချိန်တင်(၇)ကြိမ်အထိရခဲ့သူ နာမည်ကျော်ကစားသမား မက်ဆီ
ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်အတိုင်းဆိုရင် အုပ်စုနောက်ဆုံးပွဲအထိ
အသည်းအသန်ရုန်းကန်စရာမလိုဘဲ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူတက်ခွင့်ရနိုင်ပေမယ့်
အဖွင့်ပွဲမှာ ဆော်ဒီကို လုံးဝမထင်မှတ်တဲ့ရလဒ်အဖြစ် (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်
အခုလို မိုးထဲရေထဲအခြေအနေရောက်သွားတာပါ။

ဘာစီလိုနာ,နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ပိုလန်အသင်းကတော့ မက္ကဆီကိုနဲ့
ဂိုးမရှိသရေ၊ ဆော်ဒီကို (၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး (၄)မှတ်နဲ့ အုပ်စုပထမနေရာမှာ ဦးဆောင်နေပါတယ်။

ပိုလန်အသင်းဟာ ခြေစွမ်းမာကျောသလို အသင်းလိုက်ကစားပုံကောင်းပြီး အဓိကတိုက်စစ်မှူး
လီဝန်ဒေါစကီးကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမိုးခေါင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ဆော်ဒီနဲ့ပွဲမှာ
ရပ်တန့်နိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားတို့ လွယ်လွယ်ကူကူ အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ပိုလန်အသင်းအနေနဲ့ အခုပွဲမှာ သရေတစ်မှတ်ရရုံနဲ့ အုပ်စုကတက်နိုင်မှာဖြစ်ပေမယ့်
အာဂျင်တီးနားအသင်းကတော့ နောက်တစ်ဆင့်တက်ဖို့အပြင် ရှုံးထွက်(၁၆)သင်းအဆင့်မှာ
တစ်ဖက်က အုပ်စုဗိုလ်ဖြစ်ဖို့ ရာနှုန်းပြည့်သေချာနေတဲ့ ပြင်သစ်အသင်းကို ရှောင်လွှဲနိုင်ဖို့
ပိုလန်ကို မဖြစ်မနေအနိုင်ကစားပြီး အုပ်စုပထမနေရာရအောင် ကြိုးစားရမှာဖြစ်ပါတယ်။

တကယ်လို့ အာဂျင်တီးနားအသင်း ပိုလန်ကို သရေကျပြီး ဆော်ဒီက မက္ကဆီကို,ကို အနိုင်၊
ဒါမှမဟုတ် မက္ကဆီကိုက ဆော်ဒီကို (၄-ဝ)ဂိုးပြတ်နဲ့နိုင်မယ်ဆိုရင်တော့ အာဂျင်တီးနားတို့

ဂိုးကွာခြားချက်အရ ကံဆိုးစွာနဲ့ပဲ အုပ်စုကထွက်ရမှာပါ။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၇၈၊ ၁၉၈၆ ပြိုင်ပွဲတွေမှာ ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုကနေ (၃)ကြိမ်သာထွက်ခဲ့ရဖူးပြီး ၁၉၅၈၊ ၁၉၆၂ နဲ့
၂၀၀၂ ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

[Zawgyi]

ဒီည (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးမနက္ ၁: ၃၀)မွာ အုပ္စု(C)ေနာက္ဆုံးပြဲအျဖစ္
ေတာင္အေမရိကထိပ္သီး အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ဟာ အုပ္စုတက္ေရးအတြက္
အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။

Ballon d’Or ဆုကို စံခ်ိန္တင္(၇)ႀကိမ္အထိရခဲ့သူ နာမည္ေက်ာ္ကစားသမား မက္ဆီ
ဦးေဆာင္လာတဲ့ အာဂ်င္တီးနားအသင္းဟာ ပုံမွန္အတိုင္းဆိုရင္ အုပ္စုေနာက္ဆုံးပြဲအထိ
အသည္းအသန္႐ုန္းကန္စရာမလိုဘဲ ေနာက္တစ္ဆင့္ကို လြယ္လြယ္ကူကူတက္ခြင့္ရႏိုင္ေပမယ့္
အဖြင့္ပြဲမွာ ေဆာ္ဒီကို လုံးဝမထင္မွတ္တဲ့ရလဒ္အျဖစ္ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္

အခုလို မိုးထဲေရထဲအေျခအေနေရာက္သြားတာပါ။

ဘာစီလိုနာ,နာမည္ေက်ာ္တိုက္စစ္မႉး လီဝန္ေဒါစကီးရဲ႕ ပိုလန္အသင္းကေတာ့ မကၠဆီကိုနဲ႔

ဂိုးမရွိသေရ၊ ေဆာ္ဒီကို (၂-ဝ)ဂိုးနဲ႔အႏိုင္ယူၿပီး (၄)မွတ္နဲ႔ အုပ္စုပထမေနရာမွာ ဦးေဆာင္ေနပါတယ္။
ပိုလန္အသင္းဟာ ေျခစြမ္းမာေက်ာသလို အသင္းလိုက္ကစားပုံေကာင္းၿပီး အဓိကတိုက္စစ္မႉး
လီဝန္ေဒါစကီးကလည္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂိုးမိုးေခါင္ခဲ့တဲ့ မွတ္တမ္းဆိုးကို ေဆာ္ဒီနဲ႔ပြဲမွာ
ရပ္တန႔္ႏိုင္ခဲ့တဲ့အတြက္ အာဂ်င္တီးနားတို႔ လြယ္လြယ္ကူကူ အႏိုင္ရဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။

ဒါ့အျပင္ ပိုလန္အသင္းအေနနဲ႔ အခုပြဲမွာ သေရတစ္မွတ္ရ႐ုံနဲ႔ အုပ္စုကတက္ႏိုင္မွာျဖစ္ေပမယ့္
အာဂ်င္တီးနားအသင္းကေတာ့ ေနာက္တစ္ဆင့္တက္ဖို႔အျပင္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ
တစ္ဖက္က အုပ္စုဗိုလ္ျဖစ္ဖို႔ ရာႏႈန္းျပည့္ေသခ်ာေနတဲ့ ျပင္သစ္အသင္းကို ေရွာင္လႊဲႏိုင္ဖို႔

ပိုလန္ကို မျဖစ္မေနအႏိုင္ကစားၿပီး အုပ္စုပထမေနရာရေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။

တကယ္လို႔ အာဂ်င္တီးနားအသင္း ပိုလန္ကို သေရက်ၿပီး ေဆာ္ဒီက မကၠဆီကို,ကို အႏိုင္၊

ဒါမွမဟုတ္ မကၠဆီကိုက ေဆာ္ဒီကို (၄-ဝ)ဂိုးျပတ္နဲ႔ႏိုင္မယ္ဆိုရင္ေတာ့ အာဂ်င္တီးနားတို႔
ဂိုးကြာျခားခ်က္အရ ကံဆိုးစြာနဲ႔ပဲ အုပ္စုကထြက္ရမွာပါ။

ကမာၻ႔ဖလားခ်န္ပီယံဆုကို ၁၉၇၈၊ ၁၉၈၆ ၿပိဳင္ပြဲေတြမွာ ဆြတ္ခူးခဲ့တဲ့ အာဂ်င္တီးနားအသင္းဟာ
ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုကေန (၃)ႀကိမ္သာထြက္ခဲ့ရဖူးၿပီး ၁၉၅၈၊ ၁၉၆၂ နဲ႔
၂၀၀၂ ၿပိဳင္ပြဲေတြမွာ အုပ္စုအဆင့္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။