အီဘရာဟီမိုဗစ်ရှိနေရင်ကို အေစီမီလန် ကျေနပ်နေပြီ

ဆွီဒင်နတ်ဘုရားကြီးအသက်က လာမယ့်အောက်တိုဘာမှာ ၄၁ နှစ်ပြည့်ပါတော့မယ်။ ဒီအရွယ်ဟာ ဘောလုံးသမားတစ်ယောက်အတွက် နေဝင်ချိန်ရောက်နေပါပြီ။

ဒါပေမဲ့ အေစီမီလန်ကတော့ အီဘရာဟီမိုဗစ်ကို တစ်နှစ်သက်တမ်းတိုးတော့မှာပါ။ အေစီမီလန်အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြပီအိုလီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့နောက်

ဒီသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အီဘရာဟီမိုဗစ်ဟာ ကွင်းထဲမှာအရေးပါသူတစ်ယောက်ဖြစ်နေရုံသာမက အဝတ်လဲခန်းထဲမှာပါ ခေါင်းဆောင်ကောင်းပီသပြီး

အသင်းကိုလှုံ့ဆော်မှုပေးနိုင်တယ်ဆိုတဲ့ ပီအိုလီရဲ့ထောက်ခံချက်ကြောင့်ပါပဲ။ ဒါပေမဲ့ အပြန်အလှန်အားဖြင့်တော့ အပေးအယူတွေရှိကြပါတယ်။

ဆွီဒင်တိုက်စစ်မှူးကြီးအနေနဲ့ စာချုပ်သစ်အတွက် လုပ်ခလစာလျှော့ယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း တစ်ဖက်ကြည့်ရင် အဆင်ပြေနေပြန်ပါတယ်။

အကြောင်းကတော့ အီဘရာဟီမိုဗစ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ၇ လလောက် အနားယူရဦးမှာကြောင့်ပါ။ ပြီးခဲ့တဲ့ရာသီတုန်းက သူဟာ ဒဏ်ရာရနေပေမယ့်

အေစီမီလန်ရဲ့စကူဒက်တိုအောင်ပွဲအတွက် အနားမယူဘဲကစားပေးခဲ့ပြီး ရာသီပြီးမှ ခွဲစိတ်ကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ ၂၇ ပွဲ ကစားပြီး ၈ ဂိုးသွင်းပေးနိုင်ခဲ့သလို အသင်းသားတွေ

စိတ်ဓာတ်တက်ကြွအောင် အများကြီးအထောက်အပံ့ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အေစီမီလန်က မကစားနိုင်သေးပေမယ့် စာချုပ်သက်တမ်းတိုးခဲ့တာပါ။

(zawgyi)

ဆြီဒင္နတ္ဘုရားႀကီးအသက္က လာမယ့္ေအာက္တိုဘာမွာ ၄၁ ႏွစ္ျပည့္ပါေတာ့မယ္။ ဒီအ႐ြယ္ဟာ ေဘာလုံးသမားတစ္ေယာက္အတြက္ ေနဝင္ခ်ိန္ေရာက္ေနပါၿပီ။ ဒါေပမဲ့ ေအစီမီလန္ကေတာ့ အီဘရာဟီမိုဗစ္ကို တစ္ႏွစ္သက္တမ္းတိုးေတာ့မွာပါ။ ေအစီမီလန္အသင္းတာဝန္ရွိသူေတြနဲ႔ နည္းျပပီအိုလီတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတဲ့ေနာက္ ဒီသတင္းထြက္လာခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ အီဘရာဟီမိုဗစ္ဟာ ကြင္းထဲမွာအေရးပါသူတစ္ေယာက္ျဖစ္ေန႐ုံသာမက အဝတ္လဲခန္းထဲမွာပါ ေခါင္းေဆာင္ေကာင္းပီသၿပီး အသင္းကိုလႈံ႕ေဆာ္မႈေပးႏိုင္တယ္ဆိုတဲ့ ပီအိုလီရဲ႕ေထာက္ခံခ်က္ေၾကာင့္ပါပဲ။ ဒါေပမဲ့ အျပန္အလွန္အားျဖင့္ေတာ့ အေပးအယူေတြရွိၾကပါတယ္။ ဆြီဒင္တိုက္စစ္မႉးႀကီးအေနနဲ႔ စာခ်ဳပ္သစ္အတြက္ လုပ္ခလစာေလွ်ာ့ယူဖို႔ သေဘာတူခဲ့တယ္လို႔ သိရပါတယ္။ ဒါကလည္း တစ္ဖက္ၾကည့္ရင္ အဆင္ေျပေနျပန္ပါတယ္။ အေၾကာင္းကေတာ့ အီဘရာဟီမိုဗစ္ဟာ ျပင္းထန္တဲ့ဒူးဒဏ္ရာေၾကာင့္ ၇ လေလာက္ အနားယူရဦးမွာေၾကာင့္ပါ။ ၿပီးခဲ့တဲ့ရာသီတုန္းက သူဟာ ဒဏ္ရာရေနေပမယ့္ ေအစီမီလန္ရဲ႕စကူဒက္တိုေအာင္ပြဲအတြက္ အနားမယူဘဲကစားေပးခဲ့ၿပီး ရာသီၿပီးမွ ခြဲစိတ္ကုသမႈ ခံယူခဲ့တာျဖစ္ပါတယ္။ ၂၇ ပြဲ ကစားၿပီး ၈ ဂိုးသြင္းေပးႏိုင္ခဲ့သလို အသင္းသားေတြ စိတ္ဓာတ္တက္ႂကြေအာင္ အမ်ားႀကီးအေထာက္အပံ့ေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေအစီမီလန္က မကစားႏိုင္ေသးေပမယ့္ စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။