
အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
ဆီနီဂေါကို ရှုံးနိမ့်ပြီးနောက် အသင်းဖော်တွေကိုအဝတ်လဲခန်းထဲမှာ
စကားပြောခဲ့ရာမှာ နှုတ်ဆက်သလိုစကားလုံးတွေပါဝင်ခဲ့လို့
လက်ရွေးစင်အသင်းကိုကျောခိုင်းဖို့နီးစပ်လာပြီလို့ ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်
ဆီနီဂေါနဲ့အဝေးကွင်းကစားခဲ့ရာမှာ အီဂျစ်ဟာ ၁-၀ နဲ့ရှုံးခဲ့ပြီး
နှစ်ပွဲပေါင်းရလဒ် ၁-၁ ဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ
ဆာလာပင်နယ်တီလွဲမှုနဲ့အတူ အီဂျစ်ဟာလည်း ကမ္ဘာ့ဖလားကျင်းပမယ့်
ကာတာ ကိုသွားရောက်ခွင့်လက်မှတ်ဆုံးရှုံးလိုက်ရပါတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဆာလာ ဟာ အခုဆိုရင်လက်ရွေးစင်အသင်းအတွက်
ပြန်ကစားဖို့ မသေချာတော့ဘူးဆိုတာ အဝတ်လဲခန်းထဲမှာသူစကားပြောနေတဲ့
ဗီဒီယိုဖိုင် ကနေတစ်ဆင့်သိခဲ့ရပါတယ်။ ဒီပွဲမှာ ဆာလာပင်နယ်တီကန်ချိန်မှာ
အိမ်ရှင်ဆီနီဂေါပရိသတ်တွေက လေဆာမီးတန်းနဲ့ထိုးပြီးအမျိုးမျိုးနှောင့်ယှက်ခဲ့လို့
အီဂျစ်ဘက်ကတော့ဒီပွဲကိုပြန်လည်ကျင်းပပေးဖို့တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ အီဂျစ်နည်းပြ ကားလို့စ်ကွီရော့ဇ် ဟာလည်းရာထူးကနေ
နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်မှာပျံနှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ
ဆာလာက”မင်းတို့တွေနဲ့တွဲကစားရတာကိုငါအရမ်းဂုဏ်ယူမိပါတယ်။
လက်ရွေးစင်အသင်းမှာအနာဂတ်မှာငါ ဆက်ရှိရှိ မရှိရှိ မင်းတို့နဲ့အတူ
ကစားခဲ့ရတာကိုငါအရမ်းကျေနပ်မိပါတယ်။
ငါ့ဘက်ကဘာမှလည်းသိပ်ပြောစရာမရှိတော့ပါဘူး” လို့ပြောခဲ့တာပါ။
ဒီအချိန်မှာ အီဂျစ်အားကစားဝန်ကြီး အရှရက်ဖ်ဆော့ဘ်ဟီကကြားဖြတ်ပြီး
” မင်းဆက်ရှိနေမှာပါနော်” လို့ပြောခဲ့သေးကြောင်းလည်းသိရပါတယ်။
အီဂျစ်အသင်းဟာ ပြီးခဲ့တဲ့အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာလည်း
ဆီနီဂေါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့သေးလို့
ဆာလာဟာ သူ့ရဲ့လီဗာပူးကစားဖော်ဖြစ်တဲ့ မာနေးကို နိုင်ငံတကာပြိုင်ပွဲတွေမှာ
မကျော်နိုင်ခဲ့တာ ၂ ကြိမ်ဆက်ရှိနေပြီဖြစ်ပါတယ်။
ဆာလာဟာ အီဂျစ်အသင်းမှာအနာဂတ်မသေချာမှုနဲ့အတူ လီဗာပူး
အသင်းမှာလည်း အနာဂတ်မသေချာတော့ဘဲ သူတို့အကြားစာချုပ်သစ်
ချုပ်ဆိုရေးကိစ္စက ကြန့်ကြာနေပါတယ်။ ၂၀၁၇ ကတည်းက လီဗာပူးကို
ရောက်ရှိနေတဲ့ဆာလာ ဟာပြိုင်ပွဲအရပ်ရပ် ၂၃၉ ပွဲကစားပြီး ၁၅၃ ဂိုး
သွင်းပေးထားသူဖြစ်ပါတယ်။ သူနဲ့လီဗာပူးအကြားစာချုပ်သစ်ဆွေးနွေးမှုတွေဟာ
ဆာလာ ဘက်ကလစာအများကြီးတိုးတောင်းလို့ မပြေလည်ဘူးဆိုပြီး သတင်းတွေထွက်နေတာပါ။
zawgyi
အီဂ်စ္လက္ေ႐ြးစင္ဘဝကေန အနားယူဖို႔နီးစပ္ေနတဲ့ ဆာလာ
အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉး ဆာလာဟာ ကမာၻ႔ဖလားေျခစစ္ပြဲမွာ
ဆီနီေဂါကို ရႈံးနိမ့္ၿပီးေနာက္ အသင္းေဖာ္ေတြကိုအဝတ္လဲခန္းထဲမွာ
စကားေျပာခဲ့ရာမွာ ႏႈတ္ဆက္သလိုစကားလုံးေတြပါဝင္ခဲ့လို႔
လက္ေ႐ြးစင္အသင္းကိုေက်ာခိုင္းဖို႔နီးစပ္လာၿပီလို႔ ယူဆေနၾကပါတယ္။
ၿပီးခဲ့တဲ့အဂၤါေန႔က အာဖရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္
ဆီနီေဂါနဲ႔အေဝးကြင္းကစားခဲ့ရာမွာ အီဂ်စ္ဟာ ၁-၀ နဲ႔ရႈံးခဲ့ၿပီး
ႏွစ္ပြဲေပါင္းရလဒ္ ၁-၁ ျဖစ္ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ
ဆာလာပင္နယ္တီလြဲမႈနဲ႔အတူ အီဂ်စ္ဟာလည္း ကမာၻ႔ဖလားက်င္းပမယ့္
ကာတာ ကိုသြားေရာက္ခြင့္လက္မွတ္ဆုံးရႈံးလိုက္ရပါတယ္။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဆာလာ ဟာ အခုဆိုရင္လက္ေ႐ြးစင္အသင္းအတြက္
ျပန္ကစားဖို႔ မေသခ်ာေတာ့ဘူးဆိုတာ အဝတ္လဲခန္းထဲမွာသူစကားေျပာေနတဲ့
ဗီဒီယိုဖိုင္ ကေနတစ္ဆင့္သိခဲ့ရပါတယ္။ ဒီပြဲမွာ ဆာလာပင္နယ္တီကန္ခ်ိန္မွာ
အိမ္ရွင္ဆီနီေဂါပရိသတ္ေတြက ေလဆာမီးတန္းနဲ႔ထိုးၿပီးအမ်ိဳးမ်ိဳးေႏွာင့္ယွက္ခဲ့လို႔
အီဂ်စ္ဘက္ကေတာ့ဒီပြဲကိုျပန္လည္က်င္းပေပးဖို႔ေတာင္းဆိုထားပါတယ္။
လက္ရွိမွာေတာ့ အီဂ်စ္နည္းျပ ကားလို႔စ္ကြီေရာ့ဇ္ ဟာလည္းရာထူးကေန
ႏႈတ္ထြက္သြားခဲ့ၿပီျဖစ္ပါတယ္။ လူမႈမီဒီယာေပၚမွာပ်ံႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ထဲမွာ
ဆာလာက”မင္းတို႔ေတြနဲ႔တြဲကစားရတာကိုငါအရမ္းဂုဏ္ယူမိပါတယ္။
လက္ေ႐ြးစင္အသင္းမွာအနာဂတ္မွာငါ ဆက္ရွိရွိ မရွိရွိ မင္းတို႔နဲ႔အတူ
ကစားခဲ့ရတာကိုငါအရမ္းေက်နပ္မိပါတယ္။
ငါ့ဘက္ကဘာမွလည္းသိပ္ေျပာစရာမရွိေတာ့ပါဘူး” လို႔ေျပာခဲ့တာပါ။
ဒီအခ်ိန္မွာ အီဂ်စ္အားကစားဝန္ႀကီး အရွရက္ဖ္ေဆာ့ဘ္ဟီကၾကားျဖတ္ၿပီး
” မင္းဆက္ရွိေနမွာပါေနာ္” လို႔ေျပာခဲ့ေသးေၾကာင္းလည္းသိရပါတယ္။
အီဂ်စ္အသင္းဟာ ၿပီးခဲ့တဲ့အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲမွာလည္း
ဆီနီေဂါအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့ေသးလို႔
ဆာလာဟာ သူ႔ရဲ႕လီဗာပူးကစားေဖာ္ျဖစ္တဲ့ မာေနးကို ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ
မေက်ာ္ႏိုင္ခဲ့တာ ၂ ႀကိမ္ဆက္ရွိေနၿပီျဖစ္ပါတယ္။
ဆာလာဟာ အီဂ်စ္အသင္းမွာအနာဂတ္မေသခ်ာမႈနဲ႔အတူ လီဗာပူး
အသင္းမွာလည္း အနာဂတ္မေသခ်ာေတာ့ဘဲ သူတို႔အၾကားစာခ်ဳပ္သစ္
ခ်ဳပ္ဆိုေရးကိစၥက ၾကန႔္ၾကာေနပါတယ္။ ၂၀၁၇ ကတည္းက လီဗာပူးကို
ေရာက္ရွိေနတဲ့ဆာလာ ဟာၿပိဳင္ပြဲအရပ္ရပ္ ၂၃၉ ပြဲကစားၿပီး ၁၅၃ ဂိုး
သြင္းေပးထားသူျဖစ္ပါတယ္။ သူနဲ႔လီဗာပူးအၾကားစာခ်ဳပ္သစ္ေဆြးေႏြးမႈေတြဟာ
ဆာလာ ဘက္ကလစာအမ်ားႀကီးတိုးေတာင္းလို႔ မေျပလည္ဘူးဆိုၿပီး သတင္းေတြထြက္ေနတာပါ။
Leave a Reply