
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဗက်ဟော့တ်ဟာ ဘက်တစ်နဲ့
ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် ဂိုးသွင်းခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ
ဂိုးသွင်းပြချင်တဲ့ သူ့ဆန္ဒတွေ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။
အသင်းဖော်တွေက ‘ဘိုဘို’လို့ နာမည်ပြောင်ပေးထားတဲ့ ဗက်ဟော့တ်ဟာ
ဘက်တစ်နဲ့ပွဲမှာ အပိုင်အခွင့်အရေး(၃)ကြိမ်လောက်ကို ဖြုန်းတီးခဲ့ပေမယ့်
(၈၂)မိနစ်မှာတော့ တွမ်မီနေးရဲ့ ကန်ချက် ဂိုးသမားနဲ့ထိပြီး
ပြန်ထွက်လာတာကနေ ဂိုးရှေ့မှာအသင့်ရှိနေတဲ့ ဗက်ဟော့တ်က
ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဝန်ခံခဲ့သူ
ဗက်ဟော့တ်က အိမ်ကွင်းပွဲတွေမှာ စုစုပေါင်း ဂိုးပေါက်ကန်ချက်(၂၃)ကြိမ်
အထိ ပြုလုပ်ခဲ့ပြီးတဲ့နောက် သူ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဂိုးသွင်းနိုင်ခဲ့ပါပြီ။
အိုးလ်ထရက်ဖို့ဒ်မှာ သွင်းဂိုးဈေးဦးပေါက်သွားတဲ့နောက် ဗက်ဟော့တ်ဟာ
ဝမ်းသာစိတ်နဲ့အတူ အကြီးအကျယ်အောင်ပွဲခံခဲ့ပြီး သူ့ရဲ့ အောင်ပွဲခံပုံရိပ်ကို
ယူနိုက်တက်ပရိသတ်တွေကလည်း ချီးကျူးခဲ့ကြပါတယ်။ ယူနိုက်တက်
ပရိသတ်တွေက ‘တကယ်ထိုက်တန်ပါတယ်။ ဗက်ဟော့တ်ဟာ
အခွင့်အရေးတွေ ဖြုန်းတီးခဲ့တယ်ဆိုပေမယ့် ဂိုးမသွင်းနိုင်ရင်တောင်
တိုက်စစ်အတွက် အကောင်းဆုံးအကျိုးပြုခဲ့ပါတယ်’၊
‘ငါ့ကောင်ကြီးအတွက် ဝမ်းသာတယ်ဟေ့ . .ဗက်ဟော့တ်က တစ်ကွင်းလုံးကို
မမောမပန်းပြေးလွှားကစားခဲ့ပြီး ပြိုင်ဘက်ခံစစ်ကိုလည်း တစ်ချိန်လုံး ဒုက္ခ
ပေးနိုင်ခဲ့ပါတယ်။ အသင်းအတွက် သူ ဘယ်လောက်အထိ လုပ်ပြချင်လဲဆိုတာ
အောင်ပွဲခံပုံကို ကြည့်ရင်သိနိုင်မှာပါ’လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ဗက္ေဟာ့တ္ဟာ ဘက္တစ္နဲ႔
ယူ႐ိုပါလိဂ္ပြဲမွာ အသင္းအတြက္ ဂိုးသြင္းခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ
ဂိုးသြင္းျပခ်င္တဲ့ သူ႔ဆႏၵေတြ ျပည့္ေျမာက္သြားၿပီျဖစ္ပါတယ္။
အသင္းေဖာ္ေတြက ‘ဘိုဘို’လို႔ နာမည္ေျပာင္ေပးထားတဲ့ ဗက္ေဟာ့တ္ဟာ
ဘက္တစ္နဲ႔ပြဲမွာ အပိုင္အခြင့္အေရး(၃)ႀကိမ္ေလာက္ကို ျဖဳန္းတီးခဲ့ေပမယ့္
(၈၂)မိနစ္မွာေတာ့ တြမ္မီေနးရဲ႕ ကန္ခ်က္ ဂိုးသမားနဲ႔ထိၿပီး
ျပန္ထြက္လာတာကေန ဂိုးေရွ႕မွာအသင့္ရွိေနတဲ့ ဗက္ေဟာ့တ္က
ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးသြင္းႏိုင္ဖို႔ ဆႏၵျပင္းျပေနတယ္လို႔ ဝန္ခံခဲ့သူ
ဗက္ေဟာ့တ္က အိမ္ကြင္းပြဲေတြမွာ စုစုေပါင္း ဂိုးေပါက္ကန္ခ်က္(၂၃)ႀကိမ္
အထိ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ သူ ျဖစ္ခ်င္တဲ့ဆႏၵအတိုင္း ဂိုးသြင္းႏိုင္ခဲ့ပါၿပီ။
အိုးလ္ထရက္ဖို႔ဒ္မွာ သြင္းဂိုးေဈးဦးေပါက္သြားတဲ့ေနာက္ ဗက္ေဟာ့တ္ဟာ
ဝမ္းသာစိတ္နဲ႔အတူ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၿပီး သူ႔ရဲ႕ ေအာင္ပြဲခံပုံရိပ္ကို
ယူႏိုက္တက္ပရိသတ္ေတြကလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။ ယူႏိုက္တက္
ပရိသတ္ေတြက ‘တကယ္ထိုက္တန္ပါတယ္။ ဗက္ေဟာ့တ္ဟာ
အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တယ္ဆိုေပမယ့္ ဂိုးမသြင္းႏိုင္ရင္ေတာင္
တိုက္စစ္အတြက္ အေကာင္းဆုံးအက်ိဳးျပဳခဲ့ပါတယ္’၊
‘ငါ့ေကာင္ႀကီးအတြက္ ဝမ္းသာတယ္ေဟ့ . .ဗက္ေဟာ့တ္က တစ္ကြင္းလုံးကို
မေမာမပန္းေျပးလႊားကစားခဲ့ၿပီး ၿပိဳင္ဘက္ခံစစ္ကိုလည္း တစ္ခ်ိန္လုံး ဒုကၡ
ေပးႏိုင္ခဲ့ပါတယ္။ အသင္းအတြက္ သူ ဘယ္ေလာက္အထိ လုပ္ျပခ်င္လဲဆိုတာ
ေအာင္ပြဲခံပုံကို ၾကည့္ရင္သိႏိုင္မွာပါ’လို႔ Twitter မွာ ေရးသားခဲ့ပါတယ္။