အိုးလ်ထရက်ဖို့ဒ်မှာဆို အာဆင်နယ်ဟာ သင်္ကြန်အမြောက်ပါဆိုတာ သက်သေပြသွားခဲ့တဲ့ မန်ယူ

အာဆင်နယ်ရဲ့ဒီရာသီ ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်သွားခဲ့ရပါပြီ။ မန်ယူဟာ အသင်းလိုက်ကစားပုံရော ဘောလုံးပိုင်ဆိုင်မှုမှာပါ ဂန်းနားတွေကို မယှဉ်နိုင်ပေမယ့် ရလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချပြီး

အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့တာပါ။ သူတို့ဟာ ၂၀၀၄-၀၅ ရာသီတုန်းကလည်း အာဆင်နယ်ရဲ့ ၄၉ ပွဲဆက် မရှုံးတဲ့မှတ်တမ်းကောင်းကို အိုးလ်ထရက်ဖို့ဒ်မှာပဲ ရပ်တန့်နိုင်ခဲ့ဖူးပါတယ်။ အခုလည်း ၅ ပွဲဆက်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်မှာ

ဦးဆောင်နေတဲ့ ပြိုင်ဘက်ဟောင်းကြီးကို အနိုင်ယူပြခဲ့ပြန်တာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး အရင်ဆုံးပြောစရာရှိတာက မန်ယူတိုက်စစ်မှူးသစ် အန်တိုနီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်ရတဲ့ ၁၀၀ မြောက် ဘရာဇီးလ်သားဖြစ်ခဲ့တဲ့

အေဂျက်ဇ်တိုက်စစ်မှူးဟောင်းဟာ ၃၅ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ဖန်တီးမှုကို သူအားသန်တဲ့ ဘယ်ခြေကန်ချက်နဲ့ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးဘရာဇီးလ်သား( ၂၂ နှစ် ၁၉၂ ရက် )ဆိုတဲ့

စံချိန်ကိုလည်း ရေးထိုးနိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲရစ်ဆင်ကို အိုဒီဂတ်တွန်းတာကြောင့် မာတင်နယ်လီရဲ့ဂိုးကို VAR က ပယ်ဖျက်ခြင်းနဲ့ စတင်ခဲ့ရတဲ့ အာဆင်နယ်ဟာ  ဒုတိယပိုင်းမှာ တကယ့်ကို ဖလန်းဖလန်းထခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ဂိုးနဲ့ပြန်လည်ချေပနိုင်တဲ့နောက် ဘောလုံးမကိုင်ဘဲ ဆက်တိုက်နေခဲ့တာတော့ အာတီတာရဲ့အားနည်းချက်လို့ ဆိုရမှာပါ။ ဂျီဆပ်၊ မာတင်နယ်လီနဲ့ ဆာကာတို့တွဲလုံးတွေ တကယ်ကောင်းခဲ့ပေမယ့်

မန်ယူဟာ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေရသွားခဲ့ပါတယ်။ အာဆင်နယ်ခံစစ် အလယ်ကြောက ဟာကွက်ကြီးထဲ ဖာနန်ဒက်စ်မျှောပေးလိုက်တာတော့ မိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဒီအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့တာကြောင့်

မန်ယူပြန်လည်ဦးဆောင်နိုင်ခဲ့သလို အင်္ဂလန်တိုက်စစ်မှူးကပဲ အဲရစ်ဆင် အပိုင်ဖန်တီးပေးတာကို အဆုံးသတ်နိုင်ခဲ့တာကြောင့် သရဲနီတွေ ၄ ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာ ပြန်ရောက်လာခဲ့တာပါ။

(zawgyi)

အာဆင္နယ္ရဲ႕ဒီရာသီ ပရီးမီးယားလိဂ္ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ရပ္တန႔္သြားခဲ့ရပါၿပီ။ မန္ယူဟာ အသင္းလိုက္ကစားပုံေရာ ေဘာလုံးပိုင္ဆိုင္မႈမွာပါ ဂန္းနားေတြကို မယွဥ္ႏိုင္ေပမယ့္ ရလာတဲ့အခြင့္အေရးေတြကို အေကာင္းဆုံးအသုံးခ်ၿပီး

အဖိုးတန္ ၃ မွတ္ ရယူႏိုင္ခဲ့တာပါ။ သူတို႔ဟာ ၂၀၀၄-၀၅ ရာသီတုန္းကလည္း အာဆင္နယ္ရဲ႕ ၄၉ ပြဲဆက္ မရႈံးတဲ့မွတ္တမ္းေကာင္းကို အိုးလ္ထရက္ဖို႔ဒ္မွာပဲ ရပ္တန႔္ႏိုင္ခဲ့ဖူးပါတယ္။ အခုလည္း ၅ ပြဲဆက္အႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္မွာ

ဦးေဆာင္ေနတဲ့ ၿပိဳင္ဘက္ေဟာင္းႀကီးကို အႏိုင္ယူျပခဲ့ျပန္တာပါ။ ဒီပြဲနဲ႔ပတ္သက္ၿပီး အရင္ဆုံးေျပာစရာရွိတာက မန္ယူတိုက္စစ္မႉးသစ္ အန္တိုနီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခြင့္ရတဲ့ ၁၀၀ ေျမာက္ ဘရာဇီးလ္သားျဖစ္ခဲ့တဲ့

ေအဂ်က္ဇ္တိုက္စစ္မႉးေဟာင္းဟာ ၃၅ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ဖန္တီးမႈကို သူအားသန္တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးဘရာဇီးလ္သား( ၂၂ ႏွစ္ ၁၉၂ ရက္ )ဆိုတဲ့

စံခ်ိန္ကိုလည္း ေရးထိုးႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အဲရစ္ဆင္ကို အိုဒီဂတ္တြန္းတာေၾကာင့္ မာတင္နယ္လီရဲ႕ဂိုးကို VAR က ပယ္ဖ်က္ျခင္းနဲ႔ စတင္ခဲ့ရတဲ့ အာဆင္နယ္ဟာ ဒုတိယပိုင္းမွာ တကယ့္ကို ဖလန္းဖလန္းထခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ဂိုးနဲ႔ျပန္လည္ေခ်ပႏိုင္တဲ့ေနာက္ ေဘာလုံးမကိုင္ဘဲ ဆက္တိုက္ေနခဲ့တာေတာ့ အာတီတာရဲ႕အားနည္းခ်က္လို႔ ဆိုရမွာပါ။ ဂ်ီဆပ္၊ မာတင္နယ္လီနဲ႔ ဆာကာတို႔တြဲလုံးေတြ တကယ္ေကာင္းခဲ့ေပမယ့္ မန္ယူဟာ

တန္ျပန္တိုက္စစ္ကေန ဂိုးေတြရသြားခဲ့ပါတယ္။ အာဆင္နယ္ခံစစ္ အလယ္ေၾကာက ဟာကြက္ႀကီးထဲ ဖာနန္ဒက္စ္ေမွ်ာေပးလိုက္တာေတာ့ မိုက္ပါတယ္။ ရက္ရွ္ဖို႔ဒ္က ဒီအခြင့္အေရးကို ပိုင္ပိုင္ႏိုင္ႏိုင္ အသုံးခ်ခဲ့တာေၾကာင့္

မန္ယူျပန္လည္ဦးေဆာင္ႏိုင္ခဲ့သလို အဂၤလန္တိုက္စစ္မႉးကပဲ အဲရစ္ဆင္ အပိုင္ဖန္တီးေပးတာကို အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ သရဲနီေတြ ၄ ပြဲဆက္အႏိုင္နဲ႔ အမွတ္ေပးဇယား အဆင့္ ၅ ေနရာ ျပန္ေရာက္လာခဲ့တာပါ။