အိုးလ်ထရက်ဖို့ကွင်းမှာ ယူနိုက်တက်တို့ လက်စတာကို အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းလိုက်ပြန်တဲ့ ပြောင်းပြန်အိုဝင်

နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည်

စတင်တော့မှာပါ။ ချစ်ကြည်ရေး ခြေစမ်းပွဲတွေ ကာတာသွားဖို့

လက်မှတ်ဖြတ်တဲ့ ပွဲတွေမှာ အသင်းဖော်တွေ ဘာတွေညာတွေ မသိဘဲ

နိုင်ငံ အတွက်သာ မျက်နှာမူခဲ့တဲ့ ကစားသမားတွေဟာ ဒီတစ်ပတ်တော့

ကလပ်အတွက် ပြန်လည် စည်းရုံးကစားကြပါတော့မယ်။

ရာသီအဆုံးသတ်ဖို့နီးကပ်လာပြီ ဖြစ်လို့ လာမယ့်ပွဲတွေဟာ အမှားမခံတော့တဲ့

ပွဲတွေ ဖြစ်လာနေခဲ့ပါပြီ။ ဧပြီ ၂ရက်၊ စနေနေ့၊ ည ၁၁ နာရီမှာ ကစားမယ့်

ယူနိုက်တက် နဲ့ လက်စတာပွဲကို အိုဝင်က အခုလို ခန့်မှန်းပေးထားပါတယ်။

”လက်ရှိ ယူနိုက်တက်ကတည်ငြိမ်မှု မရှိသေးပါဘူး။

အက်သလက်တီကို ကို အရေးနိမ့်ခဲ့တာက စိတ်ပျက်စရာ ဆိုပေမယ့်

စပါးကို အနိုင်ရခဲ့ရာမှာ သူတို့က ပုံစံကောင်း ရှိခဲ့ပါတယ်။

အဲ့နေ့တုန်းက စပါးကို ရင်ဆိုင်ရာမှာ ရော်နယ်ဒိုက ထူးချွန်ခဲ့တယ်။

သူ့ရဲ့ အကောင်းဆုံး တိုက်စစ်ပုံစံတွေကို ယူနိုက်တက်တို့ လိုအပ်ပါတယ်။”

”လက်စတာအတွက်ကတော့ ဒီအပတ်မှာ ပီအက်စ်ဗီနဲ့ ယှဉ်ပြိုင်ကစားရမယ့်

ပွဲကြီးတစ်ပွဲ ရှိနေပါတယ်။ သူတို့ အဲ့ပွဲ ကစားဖို့ အများကြီး ရမှာ မဟုတ်ပေမယ့်

သူတို့ရဲ့ အဆင့်အတန်း ကျဆင်းသွားတာကိုတော့ မြင်လိုမှာ မဟုတ်ပါဘူး။”

”အိုးထရတ်ဖိုဒ့်မှာ သက်သောင့်သက်သာအရမ်းဖြစ်တာကို မြင်ရမှာ မဟုတ်ပေမယ့်

ယူနိုက်တက်က အနည်းငယ် အသာစီးရမယ်လို့ ထင်ပါတယ်။”ဆိုပြီး

အိုဝင်က ပြောထားပါတယ်။ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့

ယူနိုက်တက် 2-1 လက်စတာဖြစ်ပါတယ်။

zawgyi

အုိးလ္ထရက္ဖုိ႔ကြင္းမွာ ယူႏုိက္တက္တုိ႔ လက္စတာကုိ အႏုိင္ယူႏုိင္မယ္လုိ႔ ခန္႔မွန္းလုိက္ျပန္တဲ့ ေျပာင္းျပန္အုိ၀င္

ႏိုင္ငံတကာပြဲစဥ္ေတြ အၿပီးမွာေတာ့ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လည္

စတင္ေတာ့မွာပါ။ ခ်စ္ၾကည္ေရး ေျခစမ္းပြဲေတြ ကာတာသြားဖို႔

လက္မွတ္ျဖတ္တဲ့ ပြဲေတြမွာ အသင္းေဖာ္ေတြ ဘာေတြညာေတြ မသိဘဲ

ႏိုင္ငံ အတြက္သာ မ်က္ႏွာမူခဲ့တဲ့ ကစားသမားေတြဟာ ဒီတစ္ပတ္ေတာ့

ကလပ္အတြက္ ျပန္လည္ စည္း႐ုံးကစားၾကပါေတာ့မယ္။

ရာသီအဆုံးသတ္ဖို႔နီးကပ္လာၿပီ ျဖစ္လို႔ လာမယ့္ပြဲေတြဟာ အမွားမခံေတာ့တဲ့

ပြဲေတြ ျဖစ္လာေနခဲ့ပါၿပီ။ ဧၿပီ ၂ရက္၊ စေနေန႔၊ ည ၁၁ နာရီမွာ ကစားမယ့္

ယူႏိုက္တက္ နဲ႔ လက္စတာပြဲကို အိုဝင္က အခုလို ခန႔္မွန္းေပးထားပါတယ္။

”လက္ရွိ ယူႏိုက္တက္ကတည္ၿငိမ္မႈ မရွိေသးပါဘူး။

အက္သလက္တီကို ကို အေရးနိမ့္ခဲ့တာက စိတ္ပ်က္စရာ ဆိုေပမယ့္

စပါးကို အႏိုင္ရခဲ့ရာမွာ သူတို႔က ပုံစံေကာင္း ရွိခဲ့ပါတယ္။

အဲ့ေန႔တုန္းက စပါးကို ရင္ဆိုင္ရာမွာ ေရာ္နယ္ဒိုက ထူးခြၽန္ခဲ့တယ္။

သူ႔ရဲ႕ အေကာင္းဆုံး တိုက္စစ္ပုံစံေတြကို ယူႏိုက္တက္တို႔ လိုအပ္ပါတယ္။”

”လက္စတာအတြက္ကေတာ့ ဒီအပတ္မွာ ပီအက္စ္ဗီနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္

ပြဲႀကီးတစ္ပြဲ ရွိေနပါတယ္။ သူတို႔ အဲ့ပြဲ ကစားဖို႔ အမ်ားႀကီး ရမွာ မဟုတ္ေပမယ့္

သူတို႔ရဲ႕ အဆင့္အတန္း က်ဆင္းသြားတာကိုေတာ့ ျမင္လိုမွာ မဟုတ္ပါဘူး။”

”အိုးထရတ္ဖိုဒ့္မွာ သက္ေသာင့္သက္သာအရမ္းျဖစ္တာကို ျမင္ရမွာ မဟုတ္ေပမယ့္

ယူႏိုက္တက္က အနည္းငယ္ အသာစီးရမယ္လို႔ ထင္ပါတယ္။”ဆိုၿပီး

အိုဝင္က ေျပာထားပါတယ္။ မိုက္ကယ္အိုဝင္ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့

ယူႏိုက္တက္ 2-1 လက္စတာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*