အိုလီဆေးရဲ့ လှပတဲ့ ဖရီးကစ်ချေပဂိုးကြောင့် နိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်ခဲ့ရတဲ့ ယူနိုက်တက်

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်း

ရှိချင်တယ်ဆိုရင် ပြင်ဆင်စရာတွေ အများကြီးရှိနေသေးတယ်ဆိုတာ
အခုပွဲမှာ အဖြေထွက်သွားပါပြီ။

အာဆင်နယ်နဲ့အရေးကြီးပွဲမတိုင်ခင် ပဲလေ့စ်နဲ့သရေကျခဲ့တာက အသင်းရဲ့
အရှိန်ရနေမှုကို ရပ်တန့်သွားစေသလို ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ
အပေါ် အနည်းနဲ့အများ ထိခိုက်မှုရှိလာနိုင်ပါတယ်။ အခုသရေပွဲအတွက်
ယူနိုက်တက်ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ်ပဲ အဓိကအပြစ်တင်ရမှာ
ဖြစ်ပြီး အိမ်ရှင် ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက ဒီလောက်အထိ အကောင်းကြီး

မဟုတ်တာတောင် အနိုင်ဂိုးကို မထိန်းနိုင်ခဲ့ပါဘူး။

ယူနိုက်တက်အတွက် ပွဲဦးထွက်ကစားခဲ့တဲ့ တိုက်စစ်မှူးသစ် ဝက်ဟော့တ်ဟာ

အသင်းရဲ့ကစားဟန်နဲ့ အသားကျဖို့ အချိန်ယူရဦးမှာဖြစ်ပြီး နေရာယူပုံတွေမှာ
အားနည်းချက်ရှိသလို၊ အသင်းဖော်တွေနဲ့ တွဲဖက်ကစားနိုင်မှုမှာလည်း
နားလည်မှု သိပ်မရှိသေးတာကို တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်ကစားပုံကောင်းမွန်ခဲ့ပြီး ပဲလေ့စ်ကို ဖိအား
ပေးနိုင်ခဲ့တယ်။ (၄၃)မိနစ်မှာ ရပ်ရှ်ဖို့ဒ် ပါးပါးနပ်နပ် ထိုးပေးလိုက်တာကနေ
အဲရစ်ဆင် ဘောလုံးရသွားပြီး ပယ်နယ်တီဧရိယာအတွင်း ပြန်ခင်းပေး
လိုက်တာကို ဘရူနိုဖာနန်ဒက်စ်က အပိုင်ကန်သွင်းခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အပိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် ဒီဂီယာ
လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ကစားပုံ

ဆိုးဆိုးရွားရွားကျသွားပြီး နောက်ထပ်ဂိုးရဖို့ အာရုံစိုက်ရမယ့်အစား
ဒီတစ်ဂိုးကိုပဲ ထိန်းကစားဖို့ ပြင်ဆင်ခဲ့တာကြောင့် ပဲလေ့စ်အသင်းကို
အခွင့်အရေးပေးသလိုဖြစ်ခဲ့တယ်။

ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်စွမ်းဆောင်ရည်က သာမန်အောက်သာရှိပေမယ့်
တောင်ပံတိုက်စစ်တွေမှာ ဇာဟာ၊ အိုလီဆေးတို့လို့ ပြိုင်ဘက်ကို
ဒုက္ခပေးနိုင်တဲ့ကစားသမားတွေရှိတာကို သိလျက်နဲ့ ယူနိုက်တက်
ကစားသမားတွေ အာရုံစူးစိုက်မှု လျော့နည်းခဲ့တဲ့အတွက် ပွဲပြီးခါနီးမှာ

ချေပဂိုးပေးခဲ့ရတာပါပဲ။

ဒီဂိုးကို ဖရီးကစ်ကနေ အိုလီဆေးက လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး အပိုင်

အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာလည်း ဒီတစ်ကြိမ်တော့ ဘာမှ
မတတ်နိုင်ခဲ့ပါဘူး။

အခု သရေပွဲကြောင့် ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံ (၉)ပွဲဆက်အနိုင်
မှတ်တမ်း ရပ်တန့်သွားသလို အဓိကကွင်းလယ်လူ ကတ်စ်မဲရိုး အဝါထိပြီး
အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်လို့ အဲရစ်တန်ဟက်အတွက် ကြီးမားတဲ့
ထိုးနှက်ချက်ဖြစ်လာပါပြီ။

[Zawgyi]

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္စြမ္း
ရွိခ်င္တယ္ဆိုရင္ ျပင္ဆင္စရာေတြ အမ်ားႀကီးရွိေနေသးတယ္ဆိုတာ
အခုပြဲမွာ အေျဖထြက္သြားပါၿပီ။

အာဆင္နယ္နဲ႔အေရးႀကီးပြဲမတိုင္ခင္ ပဲေလ့စ္နဲ႔သေရက်ခဲ့တာက အသင္းရဲ႕
အရွိန္ရေနမႈကို ရပ္တန႔္သြားေစသလို ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ

အေပၚ အနည္းနဲ႔အမ်ား ထိခိုက္မႈရွိလာႏိုင္ပါတယ္။ အခုသေရပြဲအတြက္
ယူႏိုက္တက္ကစားသမားေတြ ကိုယ့္ကိုယ္ကိုယ္ပဲ အဓိကအျပစ္တင္ရမွာ
ျဖစ္ၿပီး အိမ္ရွင္ ပဲေလ့စ္အသင္းရဲ႕ ေျခစြမ္းက ဒီေလာက္အထိ အေကာင္းႀကီး
မဟုတ္တာေတာင္ အႏိုင္ဂိုးကို မထိန္းႏိုင္ခဲ့ပါဘူး။

ယူႏိုက္တက္အတြက္ ပြဲဦးထြက္ကစားခဲ့တဲ့ တိုက္စစ္မႉးသစ္ ဝက္ေဟာ့တ္ဟာ
အသင္းရဲ႕ကစားဟန္နဲ႔ အသားက်ဖို႔ အခ်ိန္ယူရဦးမွာျဖစ္ၿပီး ေနရာယူပုံေတြမွာ
အားနည္းခ်က္ရွိသလို၊ အသင္းေဖာ္ေတြနဲ႔ တြဲဖက္ကစားႏိုင္မႈမွာလည္း

နားလည္မႈ သိပ္မရွိေသးတာကို ေတြ႕ခဲ့ရပါတယ္။

ပထမပိုင္းမွာ ယူႏိုက္တက္ကစားပုံေကာင္းမြန္ခဲ့ၿပီး ပဲေလ့စ္ကို ဖိအား

ေပးႏိုင္ခဲ့တယ္။ (၄၃)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္ ပါးပါးနပ္နပ္ ထိုးေပးလိုက္တာကေန
အဲရစ္ဆင္ ေဘာလုံးရသြားၿပီး ပယ္နယ္တီဧရိယာအတြင္း ျပန္ခင္းေပး
လိုက္တာကို ဘ႐ူႏိုဖာနန္ဒက္စ္က အပိုင္ကန္သြင္းခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္အသင္းကလည္း အပိုင္အခြင့္အေရးတခ်ိဳ႕ရခဲ့ေပမယ့္ ဒီဂီယာ
လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္ကစားပုံ
ဆိုးဆိုး႐ြား႐ြားက်သြားၿပီး ေနာက္ထပ္ဂိုးရဖို႔ အာ႐ုံစိုက္ရမယ့္အစား
ဒီတစ္ဂိုးကိုပဲ ထိန္းကစားဖို႔ ျပင္ဆင္ခဲ့တာေၾကာင့္ ပဲေလ့စ္အသင္းကို

အခြင့္အေရးေပးသလိုျဖစ္ခဲ့တယ္။

ပဲေလ့စ္အသင္းရဲ႕ ကြင္းလယ္စြမ္းေဆာင္ရည္က သာမန္ေအာက္သာရွိေပမယ့္

ေတာင္ပံတိုက္စစ္ေတြမွာ ဇာဟာ၊ အိုလီေဆးတို႔လို႔ ၿပိဳင္ဘက္ကို
ဒုကၡေပးႏိုင္တဲ့ကစားသမားေတြရွိတာကို သိလ်က္နဲ႔ ယူႏိုက္တက္
ကစားသမားေတြ အာ႐ုံစူးစိုက္မႈ ေလ်ာ့နည္းခဲ့တဲ့အတြက္ ပြဲၿပီးခါနီးမွာ
ေခ်ပဂိုးေပးခဲ့ရတာပါပဲ။

ဒီဂိုးကို ဖရီးကစ္ကေန အိုလီေဆးက လွလွပပကန္သြင္းခဲ့တာျဖစ္ၿပီး အပိုင္
အခြင့္အေရးေတြကို ကာကြယ္ႏိုင္ခဲ့တဲ့ ဒီဂီယာလည္း ဒီတစ္ႀကိမ္ေတာ့ ဘာမွ
မတတ္ႏိုင္ခဲ့ပါဘူး။

အခု သေရပြဲေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ၿပိဳင္ပြဲစုံ (၉)ပြဲဆက္အႏိုင္
မွတ္တမ္း ရပ္တန႔္သြားသလို အဓိကကြင္းလယ္လူ ကတ္စ္မဲ႐ိုး အဝါထိၿပီး

အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္လို႔ အဲရစ္တန္ဟက္အတြက္ ႀကီးမားတဲ့
ထိုးႏွက္ခ်က္ျဖစ္လာပါၿပီ။