အိုနာနာကို မိုက်မိုက်မဲမဲ တက်နင်းခဲ့တဲ့ဗန်ဒိုက် အနီမထိတာကြောင့် အဲဗာတန်ပရိသတ်တွေ ပေါက်ကွဲ

မာဆေးဆိုက်ဒါဘီဟာ ဂိုးမရှိသရေရလဒ်ထွက်ခဲ့ပေမယ့် ပျင်းစရာကောင်းခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ နှစ်ဖက်ဂိုးသမားတွေ ကာကွယ်မှုကောင်းခဲ့သလို တိုင်တွေထိခဲ့တာကလည်း ဂိုးမရတဲ့အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

တနည်းအားဖြင့် ပထမပိုင်းမှာ ဒါဝင်နူနက်ဇ်နဲ့ ဒိုင်ယက်ဇ်တို့ရဲ့ကန်ချက်တွေ တိုင်ထိခဲ့တာဟာ လီဗာပူးလ်အတွက် နစ်နာစရာဖြစ်ခဲ့သလို ဒါဗီးစ်ရဲ့ကန်ချက် တိုင်ထိခဲ့တာကလည်း အဲဗာတန်အတွက် ကံခေခဲ့တာပါ။ ဒါ့အပြင် တော်ဖီတွေဟာ

ဒုတိယပိုင်းမှာ ပိုက်ထဲဘောလုံးရောက်တော့လည်း လူကျွံနေခဲ့ပါသေးတယ်။ ကိုအာဒီ လူကျွံနေလို့နစ်နာခဲ့ရတဲ့ အဲဗာတန်ဟာ မက်နေးလ်ရဲ့အခွင့်အရေးကို အလစ်ဆန်ကာကွယ်သွားနိုင်ခဲ့တာကြောင့်လည်း ဂွတ်ဒီဆင်ပါ့ခ်မှာ ၁ မှတ်သာရခဲ့တာပါ။

ဒါပေမဲ့ ဆာလက်ရဲ့ကန်ချက်သာ တိုင်မထိခဲ့ရင် ၃ မှတ်ယူသွားမယ့်အသင်းက ကြိုးကြာနီတွေဖြစ်ခဲ့ပါတယ်။ အဲဗာတန်ပရိသတ်တွေကတော့ ပွဲရလဒ်ထက် ပွဲအတွင်းမှာ ဗန်ဒိုက်ရဲ့အပြုအမူကိုသာ ပိုပြီးပြောဖြစ်နေကြပါတယ်။

လီဗာပူးလ်နောက်ခံလူဟာ ဘောလုံးဖျက်ထုတ်ဖို့ကြိုးစားရင်း အဲဗာတန်ကွင်းလယ်လူ အိုနာနာရဲ့ခြေကျင်းဝတ်ကို နင်းခဲ့မိပါတယ်။ သူ့ရဲ့ကစားပုံဟာ ပြိုင်ဘက်အတွက် အတော်လေးအန္တရာယ်များခဲ့ပြီး အခန့်မသင့်ရင်

ခြေထောက်ကျိုးသွားနိုင်တာမျိုးပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင် အန်တိုနီတေလာက အဝါကတ်သာပြခဲ့တာကို အိမ်ရှင်ပရိသတ်တွေ အစာမကျေဖြစ်နေကြတာပါ။ VAR ရဲ့ နောက်ထပ်အငြင်းပွားစရာဆုံးဖြတ်ချက်၊

ဒိုင်လူကြီးက လီဗာပူးလ်ကိုမျက်နှာသာပေးခဲ့တာလား၊ ရာနှုန်းပြည့် အနီကတ်ပါ၊ ရှာကာသာ ဒါမျိုးလုပ်ရင် နီပြီပေါ့ စတဲ့မှတ်ချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပလူပျံနေပါတယ်။

(zawgyi)

မာေဆးဆိုက္ဒါဘီဟာ ဂိုးမရွိသေရရလဒ္ထြက္ခဲ့ေပမယ့္ ပ်င္းစရာေကာင္းခဲ့တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ႏွစ္ဖက္ဂိုးသမားေတြ ကာကြယ္မႈေကာင္းခဲ့သလို တိုင္ေတြထိခဲ့တာကလည္း ဂိုးမရတဲ့အေၾကာင္းရင္း ျဖစ္ခဲ့ပါတယ္။

တနည္းအားျဖင့္ ပထမပိုင္းမွာ ဒါဝင္ႏူနက္ဇ္နဲ႔ ဒိုင္ယက္ဇ္တို႔ရဲ႕ကန္ခ်က္ေတြ တိုင္ထိခဲ့တာဟာ လီဗာပူးလ္အတြက္ နစ္နာစရာျဖစ္ခဲ့သလို ဒါဗီးစ္ရဲ႕ကန္ခ်က္ တိုင္ထိခဲ့တာကလည္း အဲဗာတန္အတြက္ ကံေခခဲ့တာပါ။

ဒါ့အျပင္ ေတာ္ဖီေတြဟာ ဒုတိယပိုင္းမွာ ပိုက္ထဲေဘာလုံးေရာက္ေတာ့လည္း လူကြၽံေနခဲ့ပါေသးတယ္။ ကိုအာဒီ လူကြၽံေနလို႔နစ္နာခဲ့ရတဲ့ အဲဗာတန္ဟာ မက္ေနးလ္ရဲ႕အခြင့္အေရးကို အလစ္ဆန္ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္လည္း

ဂြတ္ဒီဆင္ပါ့ခ္မွာ ၁ မွတ္သာရခဲ့တာပါ။ ဒါေပမဲ့ ဆာလက္ရဲ႕ကန္ခ်က္သာ တိုင္မထိခဲ့ရင္ ၃ မွတ္ယူသြားမယ့္အသင္းက ႀကိဳးၾကာနီေတြျဖစ္ခဲ့ပါတယ္။ အဲဗာတန္ပရိသတ္ေတြကေတာ့ ပြဲရလဒ္ထက္ ပြဲအတြင္းမွာ ဗန္ဒိုက္ရဲ႕အျပဳအမူကိုသာ

ပိုၿပီးေျပာျဖစ္ေနၾကပါတယ္။ လီဗာပူးလ္ေနာက္ခံလူဟာ ေဘာလုံးဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း အဲဗာတန္ကြင္းလယ္လူ အိုနာနာရဲ႕ေျခက်င္းဝတ္ကို နင္းခဲ့မိပါတယ္။ သူ႔ရဲ႕ကစားပုံဟာ ၿပိဳင္ဘက္အတြက္ အေတာ္ေလးအႏၲရာယ္မ်ားခဲ့ၿပီး

အခန႔္မသင့္ရင္ ေျခေထာက္က်ိဳးသြားႏိုင္တာမ်ိဳးပါ။ ဒါေပမယ့္ ကြင္းလယ္ဒိုင္ အန္တိုနီေတလာက အဝါကတ္သာျပခဲ့တာကို အိမ္ရွင္ပရိသတ္ေတြ အစာမေက်ျဖစ္ေနၾကတာပါ။ VAR ရဲ႕ ေနာက္ထပ္အျငင္းပြားစရာဆုံးျဖတ္ခ်က္၊

ဒိုင္လူႀကီးက လီဗာပူးလ္ကိုမ်က္ႏွာသာေပးခဲ့တာလား၊ ရာႏႈန္းျပည့္ အနီကတ္ပါ၊ ရွာကာသာ ဒါမ်ိဳးလုပ္ရင္ နီၿပီေပါ့ စတဲ့မွတ္ခ်က္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ပလူပ်ံေနပါတယ္။