
ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာကစားနေတဲ့ နိုက်ဂျီးရီးယားဝါရင့်
တိုက်စစ်မှူးအီဂါလိုဟာ တစ်နိုင်ငံတည်းသားဖြစ်တဲ့ အိုစီမန်ကို
မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်
ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ နာပိုလီတိုက်စစ်မှူးအိုစီမန်ဟာ
ဒီရာသီမှာ အသင်းအတွက် (၂၆)ပွဲကစား၊ (၂၁)ဂိုးအထိသွင်းယူပြီး
၁၉၈၉-၉၀ ရာသီနောက်ပိုင်း ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆု
ရရှိနိုင်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင်
တိုက်စစ်ပိုင်းအားဖြည့်ဖို့ ဆန္ဒရှိနေပြီး အိုစီမန်ကို ပစ်မှတ်ထားနေတာကြောင့်
အီဂါလိုက အိုစီမန်ဟာ ယူနိုက်တက်အသင်းအတွက် အကျိုးရှိစေမယ့်
ကစားသမားခေါ်ယူမှုဖြစ်လာမယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။
အီဂါလိုဟာ နည်းပြဟောင်းဆိုးလ်ရှားလက်ထက် ၂၀၁၉-၂၀ နဲ့ ၂၀၂၀-၂၁
ရာသီတွေတုန်းက ယူနိုက်တက်အသင်းမှာ အငှားနဲ့လာကစားခဲ့ဖူးပြီး (၂၃)ပွဲ
ကစား၊ (၅)ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အီဂါလိုက “အိုစီမန်ဟာ ယူနိုက်တက်
အသင်းရဲ့ကစားဟန်နဲ့ လုံးဝအံဝင်နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။
သူနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီကနေ အကြံတောင်းမယ်ဆိုရင် ကျွန်တော်ကတော့
အိုစီမန်ကို ယူနိုက်တက်အသင်းဆီ ပြောင်းသင့်တယ်လို့ပဲ တိုက်တွန်းမိမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အတွက် ယူနိုက်တက်အသင်းဟာ
ကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းဖြစ်နေလို့ပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။
[Zawgyi]
ေဆာ္ဒီကလပ္ အယ္လ္ဟီလယ္မွာကစားေနတဲ့ ႏိုက္ဂ်ီးရီးယားဝါရင့္
တိုက္စစ္မႉးအီဂါလိုဟာ တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ အိုစီမန္ကို
မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းလိုက္
ပါတယ္။
အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ နာပိုလီတိုက္စစ္မႉးအိုစီမန္ဟာ
ဒီရာသီမွာ အသင္းအတြက္ (၂၆)ပြဲကစား၊ (၂၁)ဂိုးအထိသြင္းယူၿပီး
၁၉၈၉-၉၀ ရာသီေနာက္ပိုင္း ေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆု
ရရွိႏိုင္ေအာင္ သြင္းဂိုးေတြနဲ႔ ကူညီေပးေနပါတယ္။
ယူႏိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္
တိုက္စစ္ပိုင္းအားျဖည့္ဖို႔ ဆႏၵရွိေနၿပီး အိုစီမန္ကို ပစ္မွတ္ထားေနတာေၾကာင့္
အီဂါလိုက အိုစီမန္ဟာ ယူႏိုက္တက္အသင္းအတြက္ အက်ိဳးရွိေစမယ့္
ကစားသမားေခၚယူမႈျဖစ္လာမယ္လို႔ သုံးသပ္ခဲ့တာျဖစ္ပါတယ္။
အီဂါလိုဟာ နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္ ၂၀၁၉-၂၀ နဲ႔ ၂၀၂၀-၂၁
ရာသီေတြတုန္းက ယူႏိုက္တက္အသင္းမွာ အငွားနဲ႔လာကစားခဲ့ဖူးၿပီး (၂၃)ပြဲ
ကစား၊ (၅)ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အီဂါလိုက “အိုစီမန္ဟာ ယူႏိုက္တက္
အသင္းရဲ႕ကစားဟန္နဲ႔ လုံးဝအံဝင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။
သူနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ဆီကေန အႀကံေတာင္းမယ္ဆိုရင္ ကြၽန္ေတာ္ကေတာ့
အိုစီမန္ကို ယူႏိုက္တက္အသင္းဆီ ေျပာင္းသင့္တယ္လို႔ပဲ တိုက္တြန္းမိမွာပါ။
ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္အတြက္ ယူႏိုက္တက္အသင္းဟာ
ႀကီးက်ယ္ခမ္းနားတဲ့ကလပ္အသင္းျဖစ္ေနလို႔ပါပဲ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။