





ဘာစီလိုနာပရိသတ်တွေကြောင့် အတွင်းခံသာကျန်တဲ့အထိဖြစ်ခဲ့တဲ့
ရာကီတစ် ဆီဗီလာကွင်းလယ်လူ အိုင်ဗန်ရာကီတစ် ဟာ ဘာစီလိုနာပရိသတ်တွေရဲ့





တောင်းဆိုမှုကြောင့် သူ့ရဲ့ဆီဗီလာ အသင်းဝတ်စုံကိုချွတ်ပေးလိုက်ရတဲ့အတွက်
ကွင်းထဲမှာအတွင်းခံဘောင်းဘီသာကျန်တော့တဲ့အထိဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
တနင်္ဂနွေနေ့က နူးကမ့်ကွင်းမှာ သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှ





ာဒီဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။ ရာကီတစ်အတွက်တော့ ဆီဗီလာနဲ့အတူ
အသင်းဟောင်းဘာစီလိုနာကို အဝေးကွင်းမှာရင်ဆိုင်ခဲ့ဖူးပေမယ့်





ကွင်းထဲမှာပရိသတ်တွေအပြည့်နဲ့ရင်ဆိုင်ရတာ အခုကပထမဆုံးအကြိမ်ဖြစ်ပြီး
ဆီဗီလာက ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ တုန်းက ဘာစီလိုနာကနေထွက်ပြီး
ဆီဗီလာ ကိုရောက်ခဲ့တဲ့ ရာကီတစ် ဟာ ၂၀၁၅ တုန်းက ဘာစီလိုနာအသင်းနည်းပြ





အင်းနရစ်နဲ့အတူ ဖလား ၃ လုံးရရှိခဲ့ရာမှာအဓိကကျတဲ့သူလည်းဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာပရိသတ်တွေဟာ သူတို့ရဲ့အချစ်တော်ဖြစ်နေသေးတဲ့ ရာကီတစ်ကို





အိမ်ကွင်းမှာ ပထမဆုံးပြန်လည်ကြိုဆိုခွင့်ရရှိခဲ့ပြီးနောက် သူသွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ
လက်ခုပ်တီးအားပေးခဲ့ကြတာပါ။ အပြန်အလှန်အားဖြင့် ပွဲပြီးချိန်မှာ ရာကီတစ်က
သူ့ရဲ့အင်္ကျီနဲ့ဘောင်းဘီ ကိုချွတ်ပေးခဲ့လို့ အတွင်းခံဘောင်းဘီသာကျန်ခဲ့တော့တာဖြစ်ပြီး





ဒီအတိုင်းဘဲ ကွင်းထဲကိုဖြတ်ပြေးကာအဝတ်လဲခန်းထဲကိုဝင်သွားခဲ့ရပါတယ်။
ဒီလိုအားပေးခံခဲ့ရပေမယ့် ရာကီတစ်ဟာပွဲချိန်အတွင်းမှာတော့ ဘာစီလိုနာအသင်းရဲ့





အံ့အားသင့်ဖွယ်ရာလူငယ်ဖြစ်တဲ့ ပီဒရီ ရဲ့လှည့်ဖျားခြင်းကိုခံခဲ့ရပါတယ်။
ပီဒရီ ဟာသူဂိုးမသွင်းခင်မှာ ရာကီတစ်ကိုလှည့်ထွက်ပြီးဂိုးရဲ့ အောက်ဘက်ထောင့်ကို
ကန်သွင်းကာ တစ်လုံးတည်းသောအနိုင်ဂိုးကိုရယူပေးခဲ့တာဖြစ်ပါတယ်။





ဘာစီလိုနာဟာ ရာကီတစ်ကို လက်လွှတ်ခဲ့ရပြီးနောက် သူ့နေရာမှာလူငယ်ဖြစ်တဲ့
ပီဒရီနဲ့အစားထိုးလိုက်တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာကီတစ်ဟာ





ဆီဗီလာကနေဘဲ ဘာစီလိုနာကိုပြောင်းလာခဲ့သူဖြစ်ပြီး နူးကမ့်မှာ ၆ နှစ်ကြာကစားခဲ့ကာ
လာလီဂါချန်ပီယံ ၄ ကြိမ်အပါအဝင်ဆုဖလားပေါင်း ၁၃ လုံးအထိရယူနိုင်ခဲ့တာပါ။
၂၀၁၅ တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းဂျူဗင်တပ်နဲ့တွေ့တော့





ရာကီတစ်က ဂိုးသွင်းနိုင်ခဲ့သေးပြီးသူ့ဂိုးကို ကလပ်ပရိသတ်တွေကအမှတ်ရ
နေကြဆဲဖြစ်ပါတယ်။ မနေ့ညကပွဲအပြီးမှာ ရာကီတစ် ကို ဘာစီလိုနာက





ဘက်စ်ကွက် နဲ့ အယ်လ်ဘာတို့ကလာနှုတ်ဆက်ပြီး စကားပြောဆိုခဲ့ကြ
သေးကြောင်းလည်းသိရပါတယ်။
zawgyi





အိုင္ဗန္ရာကီတစ္ အတြင္းခံက်န္တဲ့အထိ ေတာင္းဆိုခဲ့ၾကတဲ့ ဘာကာပရိသတ္ေတြ . . .
ဘာစီလိုနာပရိသတ္ေတြေၾကာင့္ အတြင္းခံသာက်န္တဲ့အထိျဖစ္ခဲ့တဲ့





ရာကီတစ္ ဆီဗီလာကြင္းလယ္လူ အိုင္ဗန္ရာကီတစ္ ဟာ ဘာစီလိုနာပရိသတ္ေတြရဲ႕
ေတာင္းဆိုမႈေၾကာင့္ သူ႔ရဲ႕ဆီဗီလာ အသင္းဝတ္စုံကိုခြၽတ္ေပးလိုက္ရတဲ့အတြက္
ကြင္းထဲမွာအတြင္းခံေဘာင္းဘီသာက်န္ေတာ့တဲ့အထိျဖစ္ခဲ့ရတယ္လို႔သိရပါတယ္။





တနဂၤေႏြေန႔က ႏူးကမ့္ကြင္းမွာ သူ႔အသင္းေဟာင္း ဘာစီလိုနာနဲ႔ရင္ဆိုင္ခဲ့ရတဲ့ပြဲမွ
ာဒီျဖစ္ရပ္ေပၚေပါက္ခဲ့တာပါ။ ရာကီတစ္အတြက္ေတာ့ ဆီဗီလာနဲ႔အတူ





အသင္းေဟာင္းဘာစီလိုနာကို အေဝးကြင္းမွာရင္ဆိုင္ခဲ့ဖူးေပမယ့္
ကြင္းထဲမွာပရိသတ္ေတြအျပည့္နဲ႔ရင္ဆိုင္ရတာ အခုကပထမဆုံးအႀကိမ္ျဖစ္ၿပီး
ဆီဗီလာက ၁-၀ နဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ၂၀၂၀ တုန္းက ဘာစီလိုနာကေနထြက္ၿပီး





ဆီဗီလာ ကိုေရာက္ခဲ့တဲ့ ရာကီတစ္ ဟာ ၂၀၁၅ တုန္းက ဘာစီလိုနာအသင္းနည္းျပ
အင္းနရစ္နဲ႔အတူ ဖလား ၃ လုံးရရွိခဲ့ရာမွာအဓိကက်တဲ့သူလည္းျဖစ္ခဲ့ပါတယ္။





ဘာစီလိုနာပရိသတ္ေတြဟာ သူတို႔ရဲ႕အခ်စ္ေတာ္ျဖစ္ေနေသးတဲ့ ရာကီတစ္ကို
အိမ္ကြင္းမွာ ပထမဆုံးျပန္လည္ႀကိဳဆိုခြင့္ရရွိခဲ့ၿပီးေနာက္ သူေသြးပူေလ့က်င့္ခန္းလုပ္ခ်ိန္မွာ
လက္ခုပ္တီးအားေပးခဲ့ၾကတာပါ။ အျပန္အလွန္အားျဖင့္ ပြဲၿပီးခ်ိန္မွာ ရာကီတစ္က





သူ႔ရဲ႕အက်ႌနဲ႔ေဘာင္းဘီ ကိုခြၽတ္ေပးခဲ့လို႔ အတြင္းခံေဘာင္းဘီသာက်န္ခဲ့ေတာ့တာျဖစ္ၿပီး
ဒီအတိုင္းဘဲ ကြင္းထဲကိုျဖတ္ေျပးကာအဝတ္လဲခန္းထဲကိုဝင္သြားခဲ့ရပါတယ္။





ဒီလိုအားေပးခံခဲ့ရေပမယ့္ ရာကီတစ္ဟာပြဲခ်ိန္အတြင္းမွာေတာ့ ဘာစီလိုနာအသင္းရဲ႕
အံ့အားသင့္ဖြယ္ရာလူငယ္ျဖစ္တဲ့ ပီဒရီ ရဲ႕လွည့္ဖ်ားျခင္းကိုခံခဲ့ရပါတယ္။
ပီဒရီ ဟာသူဂိုးမသြင္းခင္မွာ ရာကီတစ္ကိုလွည့္ထြက္ၿပီးဂိုးရဲ႕ ေအာက္ဘက္ေထာင့္ကို





ကန္သြင္းကာ တစ္လုံးတည္းေသာအႏိုင္ဂိုးကိုရယူေပးခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာဟာ ရာကီတစ္ကို လက္လႊတ္ခဲ့ရၿပီးေနာက္ သူ႔ေနရာမွာလူငယ္ျဖစ္တဲ့





ပီဒရီနဲ႔အစားထိုးလိုက္တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာကီတစ္ဟာ
ဆီဗီလာကေနဘဲ ဘာစီလိုနာကိုေျပာင္းလာခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာ ၆ ႏွစ္ၾကာကစားခဲ့ကာ
လာလီဂါခ်န္ပီယံ ၄ ႀကိမ္အပါအဝင္ဆုဖလားေပါင္း ၁၃ လုံးအထိရယူႏိုင္ခဲ့တာပါ။





၂၀၁၅ တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘာစီလိုနာအသင္းဂ်ဴဗင္တပ္နဲ႔ေတြ႕ေတာ့
ရာကီတစ္က ဂိုးသြင္းႏိုင္ခဲ့ေသးၿပီးသူ႔ဂိုးကို ကလပ္ပရိသတ္ေတြကအမွတ္ရ





ေနၾကဆဲျဖစ္ပါတယ္။ မေန႔ညကပြဲအၿပီးမွာ ရာကီတစ္ ကို ဘာစီလိုနာက
ဘက္စ္ကြက္ နဲ႔ အယ္လ္ဘာတို႔ကလာႏႈတ္ဆက္ၿပီး စကားေျပာဆိုခဲ့ၾက
ေသးေၾကာင္းလည္းသိရပါတယ္။





Leave a Reply