အိုင်ဒေါ မက်ဆီရဲ့အင်္ကျီကိုရလိုက်လို့ ကလေးကြီးတစ်ယောက်လို အပျော်လွန်သွားတဲ့ အီကွေဒေါကစားသမား

တောင်အမေရိကဇုန်က နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာ

အီကွေဒေါကစားသမားတစ်ယောက်ဟာ မက်ဆီရဲ့အင်္ကျီကို ရယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ မန်စီးတီးကစားသမားသစ်အယ်ဗာရက်ဇ်က နိုင်ငံအသင်းအတွက်

သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းခဲ့ပေမယ့် ၉၃ မိနစ်မှာ ချေပခဲ့တဲ့အန်နာဗလင်စီယာရဲ့ဂိုးကြောင့်

၁-၁ သရေနဲ့သာ အဆုံးသတ်ခဲ့တာပါ။ အဲဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်

လက်ပတ်ဝတ်ဆင်ကစားခဲ့တဲ့မက်ဆီရဲ့အင်္ကျီဟာ အီကွေဒေါကစားသမားတွေ

ကြားထဲမှာ အလိုချင်ဆုံးအရာဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ဆုံးမှာတော့

အီကွေဒေါနောက်ခံအစွန်လူကတ်စတီလိုက အဲဒီအာဂျင်တီးနားကြယ်ပွင့်ရဲ့

အင်္ကျီကို ရရှိသွားပြီး ဒီ့အတွက် သူ့ရဲ့အပျော်လွန်သွားမှုဟာ

ဆိုရှယ်မီဒီယာထက်မှာ ကြည်နူးစရာဖြစ်ခဲ့ပါတယ်။

၂၃ နှစ်အရွယ် ကက်စတီလိုဟာ မက်ဆီရဲ့အင်္ကျီကိုရရှိသွားပြီးနောက်

သူ့ကိုယ်သူ မယုံကြည်နိုင်ဖြစ်သွားတာပါ။ အဲဒီနောက် ကလေးကြီး

တစ်ယောက်လို ပျော်ရွှင်သွားပုံရကာ ခရစ္စမတ်မှာ သူလုံးဝမထင်ထားတဲ့

လက်ဆောင်တစ်ခုကို ရလိုက်သလိုပါပဲ။ ဒါ့အပြင် ပွဲအပြီး ဆိုရှယ်မီဒီယာ

တစ်ခုဖြစ်တဲ့ Instagram မှာလည်း မက်ဆီနဲ့ပတ်သက်တဲ့ story တွေကို

ဆက်တိုက်တိုင်ခဲ့ပါတယ်။ သူဟာ တကယ့်ကို မက်ဆီရဲ့ဖန်အကြီးစားတစ်ယောက်လို

ပြုမူခဲ့တာပါ။ တစ်နည်းအားဖြင့် ဘဝတူကစားသမားတွေကြားထဲမှာလည်း

မက်ဆီဟာ အိုင်ကွန်တစ်ယောက်ဖြစ်နေဆဲပါပဲ။ အီကွေဒေါကလပ်အသင်းကြီး

တစ်သင်းမှာကစားနေတဲ့ ကတ်စတီလိုဟာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့

လီဗာပူးနဲ့လက်စတာတို့ရဲ့စိတ်ဝင်စားခြင်းခံနေရသူပါ။

zawgyi

အိုင္ေဒါ မက္ဆီရဲ႕အက်ႌကိုရလိုက္လို႔ ကေလးႀကီးတစ္ေယာက္လို အေပ်ာ္လြန္သြားတဲ့ အီေကြေဒါကစားသမား

ေတာင္အေမရိကဇုန္က ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲအၿပီးမွာ

အီေကြေဒါကစားသမားတစ္ေယာက္ဟာ မက္ဆီရဲ႕အက်ႌကို ရယူႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ မန္စီးတီးကစားသမားသစ္အယ္ဗာရက္ဇ္က ႏိုင္ငံအသင္းအတြက္

သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းခဲ့ေပမယ့္ ၉၃ မိနစ္မွာ ေခ်ပခဲ့တဲ့အန္နာဗလင္စီယာရဲ႕ဂိုးေၾကာင့္

၁-၁ သေရနဲ႔သာ အဆုံးသတ္ခဲ့တာပါ။ အဲဒီပြဲမွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္

လက္ပတ္ဝတ္ဆင္ကစားခဲ့တဲ့မက္ဆီရဲ႕အက်ႌဟာ အီေကြေဒါကစားသမားေတြ

ၾကားထဲမွာ အလိုခ်င္ဆုံးအရာျဖစ္ခဲ့ပါလိမ့္မယ္။ ေနာက္ဆုံးမွာေတာ့

အီေကြေဒါေနာက္ခံအစြန္လူကတ္စတီလိုက အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ရဲ႕

အက်ႌကို ရရွိသြားၿပီး ဒီ့အတြက္ သူ႔ရဲ႕အေပ်ာ္လြန္သြားမႈဟာ

ဆိုရွယ္မီဒီယာထက္မွာ ၾကည္ႏူးစရာျဖစ္ခဲ့ပါတယ္။

၂၃ ႏွစ္အ႐ြယ္ ကက္စတီလိုဟာ မက္ဆီရဲ႕အက်ႌကိုရရွိသြားၿပီးေနာက္

သူ႔ကိုယ္သူ မယုံၾကည္ႏိုင္ျဖစ္သြားတာပါ။ အဲဒီေနာက္ ကေလးႀကီး

တစ္ေယာက္လို ေပ်ာ္႐ႊင္သြားပုံရကာ ခရစၥမတ္မွာ သူလုံးဝမထင္ထားတဲ့

လက္ေဆာင္တစ္ခုကို ရလိုက္သလိုပါပဲ။ ဒါ့အျပင္ ပြဲအၿပီး ဆိုရွယ္မီဒီယာ

တစ္ခုျဖစ္တဲ့ Instagram မွာလည္း မက္ဆီနဲ႔ပတ္သက္တဲ့ story ေတြကို

ဆက္တိုက္တိုင္ခဲ့ပါတယ္။ သူဟာ တကယ့္ကို မက္ဆီရဲ႕ဖန္အႀကီးစားတစ္ေယာက္လို

ျပဳမူခဲ့တာပါ။ တစ္နည္းအားျဖင့္ ဘဝတူကစားသမားေတြၾကားထဲမွာလည္း

မက္ဆီဟာ အိုင္ကြန္တစ္ေယာက္ျဖစ္ေနဆဲပါပဲ။ အီေကြေဒါကလပ္အသင္းႀကီး

တစ္သင္းမွာကစားေနတဲ့ ကတ္စတီလိုဟာ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့

လီဗာပူးနဲ႔လက္စတာတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရသူပါ။