အိုင်ဆက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူပြီး လက်ကွက်စပြတော့မယ့် နယူးကာဆယ်ဆော်ဒီသူဌေးတွေ

နယူးကာဆယ်အသင်းဟာ ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန္ဒားအိုင်ဆက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ မန်စီးတီးကို သရေကျအောင်ကစားနိုင်ခဲ့ပေမယ့်

ငှက်ကျားတွေဟာ တိုက်စစ်အားဖြည့်ဖို့ စိတ်ထက်သန်နေတာပါ။ လက်ရှိအချိန်မှာတော့ ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု လွှဲပြောင်းရယူပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအရွှေ့ကိုပြုလုပ်တော့မယ်လို့ The Athletic သတင်းစာက

ဖေါ်ပြလိုက်တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဖြစ်မြောက်ရင် ဆွီဒင်တိုက်စစ်မှူးဟာ ဒီနွေမှာ နယူးကာဆယ်ခေါ်ယူတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာပါ။ တနည်းအားဖြင့် ဆောင်းဈေးကွက်တုန်းက

လိုင်ယွန်ကနေ ပေါင် ၄၁.၅ သန်းနဲ့ခေါ်ယူခဲ့တဲ့ ဂူမာရေ့စ်ရဲ့ပြောင်းရွှေ့ကြေးကို ကျော်လွန်သွားမှာဖြစ်ပါတယ်။ အဲဒီတုန်းက ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု ကျောထောက်နောက်ခံရသွားတဲ့ နယူးကာဆယ်ဟာ

ရာသီအလယ်ကြီးမှာ ဂူမာရေ့စ်၊ ထရစ်ပီယာ၊ ဒန်းဘန်းနဲ့ ခရစ္စဝုဒ်တို့ကို ခေါ်ယူခဲ့ပါသေးတယ်။ ဒီနွေမှာလည်း နစ်ပုပ်နဲ့ ဘော့တ်မန်း အပါအဝင် အားဖြည့်မှုတွေလုပ်ထားတာကြောင့် ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးမျှချေစည်းမျဉ်းနဲ့

လိုက်လျောညီထွေရှိရဲ့လားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အသက် ၂၂ နှစ်အရွယ် အိုင်ဆက်ဟာ ၂၀၁၉ မှာ ဒေါ့တ်မန်ကနေ ဆိုစီဒက်ကိုရောက်လာခဲ့ပြီး ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၄၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက်လည်း ၃၇ ပွဲမှာ ၉ ဂိုး သွင်းပေးထားပါတယ်။

(zawgyi)

နယူးကာဆယ္အသင္းဟာ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး အလက္ဇႏၵားအိုင္ဆက္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၃ သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရရွိသြားၿပီလို႔ သိရပါတယ္။ မန္စီးတီးကို သေရက်ေအာင္ကစားႏိုင္ခဲ့ေပမယ့္ ငွက္က်ားေတြဟာ

တိုက္စစ္အားျဖည့္ဖို႔ စိတ္ထက္သန္ေနတာပါ။ လက္ရွိအခ်ိန္မွာေတာ့ ေဆာ္ဒီရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းစု လႊဲေျပာင္းရယူၿပီးေနာက္ပိုင္း အႀကီးမားဆုံး အေျပာင္းအေ႐ႊ႕ကိုျပဳလုပ္ေတာ့မယ္လို႔ The Athletic သတင္းစာက ေဖၚျပလိုက္တာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ရင္ ဆြီဒင္တိုက္စစ္မႉးဟာ ဒီေႏြမွာ နယူးကာဆယ္ေခၚယူတဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာမွာပါ။ တနည္းအားျဖင့္ ေဆာင္းေဈးကြက္တုန္းက လိုင္ယြန္ကေန ေပါင္ ၄၁.၅ သန္းနဲ႔ေခၚယူခဲ့တဲ့

ဂူမာေရ႕စ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေက်ာ္လြန္သြားမွာျဖစ္ပါတယ္။ အဲဒီတုန္းက ေဆာ္ဒီရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းစု ေက်ာေထာက္ေနာက္ခံရသြားတဲ့ နယူးကာဆယ္ဟာ ရာသီအလယ္ႀကီးမွာ ဂူမာေရ႕စ္၊ ထရစ္ပီယာ၊

ဒန္းဘန္းနဲ႔ ခရစၥဝုဒ္တို႔ကို ေခၚယူခဲ့ပါေသးတယ္။ ဒီေႏြမွာလည္း နစ္ပုပ္နဲ႔ ေဘာ့တ္မန္း အပါအဝင္ အားျဖည့္မႈေတြလုပ္ထားတာေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးမွ်ေခ်စည္းမ်ဥ္းနဲ႔ လိုက္ေလ်ာညီေထြရွိရဲ႕လားဆိုတာေတာ့

ေစာင့္ၾကည့္ရမွာပါ။ အသက္ ၂၂ ႏွစ္အ႐ြယ္ အိုင္ဆက္ဟာ ၂၀၁၉ မွာ ေဒါ့တ္မန္ကေန ဆိုစီဒက္ကိုေရာက္လာခဲ့ၿပီး ၿပိဳင္ပြဲစုံ ၁၃၂ ပြဲမွာ ၄၄ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ႏိုင္ငံအသင္းအတြက္လည္း ၃၇ ပြဲမွာ ၉ ဂိုး သြင္းေပးထားပါတယ္။