အာဖရိကန်တွေကို နောက်ဘယ်တော့မှ မဝယ်တော့ဘူးဆိုတဲ့ နာပိုလီအသင်းပိုင်ရှင်ကို ကူလီဘာလီတုံ့ပြန်

အာဖရိက ကစားသမားတွေနဲ့ပတ်သက်ပြီး နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်ရဲ့ပြင်းထန်တဲ့ မှတ်ချက်ကို ချဲလ်ဆီးနောက်ခံလူ ကူလီဘာလီက တုံ့ပြန်လိုက်ပါတယ်။

Wall Street Italia ကို တက်ရောက်လာစဉ်အတွင်း အသက် ၇၃ နှစ်အရွယ် နာပိုလီဥက္ကဌက အာဖရိကဖလားပြိုင်ပွဲ မကစားပါဘူးလို့ လက်မှတ်မထိုးထားရင်

ဘယ်အာဖရိက ကစားသမားကိုမှ မခေါ်တော့ဘူးလို့ ပြောခဲ့တာပါ။ အာဖရိကဖလားပြိုင်ပွဲဟာ ဥရောပဘောလုံးရာသီ ဇာတ်ရှိန်မြင့်နေတဲ့ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီကြားမှာ ကျင်းပနေကျဖြစ်ပြီး

အသင်းတွေဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတွေကို စေလွှတ်ပေးရတာကြောင့် နစ်နာမှုတွေ၊ အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီလော်ရန်တစ်က

“ ကောင်လေးတွေကို ကျွန်တော်ပြောခဲ့တယ်။ အာဖရိကန်တွေအကြောင်း ငါ့ကို လာမပြောနဲ့တော့လို့။ ကျွန်တော် သူတို့ကိုချစ်ပါတယ်။ ဒါပေမဲ့ အာဖရိကဖလားပြိုင်ပွဲ

မကစားဘူးဆိုတဲ့ လက်မှတ်တော့ရှိရပါမယ်။ တောင်အမေရိကရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကလည်း အဲဒီက ကစားသမားတွေကို ဘယ်တော့မှရဖို့မရှိပါဘူး။

တစ်ခြားသူတွေအတွက် ကစားပေးဖို့၊ တစ်ကမ္ဘာလုံးအနှံ့ပို့ပေးဖို့အတွက် ကျွန်တော်တို့က သူတို့ကို တမင်သက်သက် လစာပေးနေရတဲ့ ငတုံးတွေလေ ” လို့ ပြောသွားခဲ့တာပါ။

ဒါပေမဲ့ ဆီနီဂေါလက်ရွေးစင် ကူလီဘာလီကတော့ “ အာဖရိကအသင်းတွေအကြောင်း ခင်ဗျား ဒီလိုပြောလို့ မရပါဘူး။ ဥရောပအသင်းတစ်သင်းကို ခင်ဗျားလေးစားသလိုမျိုး လေးစားသင့်ပါတယ် ” လို့ ESPN ကနေ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

(zawgyi)

အာဖရိက ကစားသမားေတြနဲ႔ပတ္သက္ၿပီး နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္ရဲ႕ျပင္းထန္တဲ့ မွတ္ခ်က္ကို ခ်ဲလ္ဆီးေနာက္ခံလူ ကူလီဘာလီက တုံ႔ျပန္လိုက္ပါတယ္။

Wall Street Italia ကို တက္ေရာက္လာစဥ္အတြင္း အသက္ ၇၃ ႏွစ္အ႐ြယ္ နာပိုလီဥကၠဌက အာဖရိကဖလားၿပိဳင္ပြဲ မကစားပါဘူးလို႔ လက္မွတ္မထိုးထားရင္

ဘယ္အာဖရိက ကစားသမားကိုမွ မေခၚေတာ့ဘူးလို႔ ေျပာခဲ့တာပါ။ အာဖရိကဖလားၿပိဳင္ပြဲဟာ ဥေရာပေဘာလုံးရာသီ ဇာတ္ရွိန္ျမင့္ေနတဲ့ ဇန္နဝါရီနဲ႔ ေဖေဖၚဝါရီၾကားမွာ က်င္းပေနက်ျဖစ္ၿပီး

အသင္းေတြဟာ သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမားေတြကို ေစလႊတ္ေပးရတာေၾကာင့္ နစ္နာမႈေတြ၊ အျငင္းပြားစရာေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီေလာ္ရန္တစ္က

“ ေကာင္ေလးေတြကို ကြၽန္ေတာ္ေျပာခဲ့တယ္။ အာဖရိကန္ေတြအေၾကာင္း ငါ့ကို လာမေျပာနဲ႔ေတာ့လို႔။ ကြၽန္ေတာ္ သူတို႔ကိုခ်စ္ပါတယ္။ ဒါေပမဲ့ အာဖရိကဖလားၿပိဳင္ပြဲ မကစားဘူးဆိုတဲ့

လက္မွတ္ေတာ့ရွိရပါမယ္။ ေတာင္အေမရိကရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲေတြကလည္း အဲဒီက ကစားသမားေတြကို ဘယ္ေတာ့မွရဖို႔မရွိပါဘူး။ တစ္ျခားသူေတြအတြက္

ကစားေပးဖို႔၊ တစ္ကမာၻလုံးအႏွံ႔ပို႔ေပးဖို႔အတြက္ ကြၽန္ေတာ္တို႔က သူတို႔ကို တမင္သက္သက္ လစာေပးေနရတဲ့ ငတုံးေတြေလ ” လို႔ ေျပာသြားခဲ့တာပါ။ ဒါေပမဲ့ ဆီနီေဂါလက္ေ႐ြးစင္

ကူလီဘာလီကေတာ့ “ အာဖရိကအသင္းေတြအေၾကာင္း ခင္ဗ်ား ဒီလိုေျပာလို႔ မရပါဘူး။ ဥေရာပအသင္းတစ္သင္းကို ခင္ဗ်ားေလးစားသလိုမ်ိဳး ေလးစားသင့္ပါတယ္ ” လို႔ ESPN ကေန တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။