အာတီတာဟာ အာဆင်နယ်ကို ထိပ်တန်းအဆင့်ရောက်အောင် ပို့ဆောင်နိုင်မယ်လို့ လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက မော်ရင်ဟို ကြိုတင်ခန့်မှန်းခဲ့

နာမည်ကျော်နည်းပြကြီး မော်ရင်ဟိုဟာ အာတီတာအနေနဲ့ အာဆင်နယ်

အသင်းကို တစ်ချိန်ကလို ထိပ်တန်းအဆင့်မျိုး ပြန်ရောက်အောင်
စွမ်းဆောင်ပေးနိုင်မယ်လို့ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက ကြိုတင်
ခန့်မှန်းခဲ့ပါတယ်။အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီ
ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ရယူနေပြီး နောက်ဆုံး(၁၂)ပွဲမှာ
(၂)ပွဲသာသရေကျခဲ့သလို (၁၀)ပွဲအထိ အနိုင်ရခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်တစ်သင်းကိုပဲ (၃-၁)ဂိုးနဲ့
ရှုံးနိမ့်ခဲ့ပြီး (၁၈)ပွဲကစားပြီးချိန်မှာ အဆင့်(၂)နေရာက မန်စီးတီးကို (၈)မှတ်

ဖြတ်ပြီးတော့ ထိပ်ဆုံးကနေ ဦးဆောင်နေတာကြောင့် ၂၀၀၄ ခုနှစ်နောက်ပိုင်း
ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့
မျှော်လင့်ချက် အားကောင်းနေပါပြီ။

အာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေက အံ့အားသင့်စရာဖြစ်ပေမယ့်
မော်ရင်ဟိုကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်သိမြင်ခဲ့ပြီး ၂၀၂၀
ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ အာတီတာဟာ အာဆင်နယ်အသင်းကို
ထိပ်တန်းအဆင့်ရောက်အောင် ပို့ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းနည်းပြအဖြစ် မော်ရင်ဟို ကိုင်တွယ်နေချိန်ကာလအတွင်း ၂၀၂၀၊
ဒီဇင်ဘာလမှာ အာဆင်နယ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး စပါးအသင်းက

အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အာတီတာရဲ့ အာဆင်နယ်
အသင်းဟာ တန်းဆင်းဇုန်နဲ့(၇)မှတ်အကွာ အဆင့်(၁၅)နေရာမှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပွဲအပြီး အင်တာဗျူးမှာ မော်ရင်ဟိုက “အာဆင်နယ်ဟာ
အသင်းကောင်းတစ်သင်းဖြစ်သလို အာတီတာကလည်း အရည်အချင်းရှိတဲ့ နည်းပြ
တစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ရှိကစားသမားစုဖွဲ့မှု၊ အာတီတာရဲ့
အရည်အချင်းနဲ့ဆိုရင် တစ်ချိန်ကလို အာဆင်နယ်အဆင့်အတန်းမျိုး ပြန်ရောက်မယ်
ဆိုတာ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်”လို့ ပြောကြားခဲပါတယ်။

[Zawgyi]

နာမည္ေက်ာ္နည္းျပႀကီး ေမာ္ရင္ဟိုဟာ အာတီတာအေနနဲ႔ အာဆင္နယ္
အသင္းကို တစ္ခ်ိန္ကလို ထိပ္တန္းအဆင့္မ်ိဳး ျပန္ေရာက္ေအာင္

စြမ္းေဆာင္ေပးႏိုင္မယ္လို႔ လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္ကတည္းက ႀကိဳတင္
ခန႔္မွန္းခဲ့ပါတယ္။အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ ဒီရာသီ
ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းေတြ ရယူေနၿပီး ေနာက္ဆုံး(၁၂)ပြဲမွာ
(၂)ပြဲသာသေရက်ခဲ့သလို (၁၀)ပြဲအထိ အႏိုင္ရခဲ့ပါတယ္။

ဒီရာသီမွာ အာဆင္နယ္တို႔ မန္ခ်က္စတာယူႏိုက္တက္တစ္သင္းကိုပဲ (၃-၁)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့ၿပီး (၁၈)ပြဲကစားၿပီးခ်ိန္မွာ အဆင့္(၂)ေနရာက မန္စီးတီးကို (၈)မွတ္
ျဖတ္ၿပီးေတာ့ ထိပ္ဆုံးကေန ဦးေဆာင္ေနတာေၾကာင့္ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း

ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္ပိုင္ဆိုင္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ အားေကာင္းေနပါၿပီ။

အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းနဲ႔ ရလဒ္ေတြက အံ့အားသင့္စရာျဖစ္ေပမယ့္
ေမာ္ရင္ဟိုကေတာ့ ဒီလိုျဖစ္လာမယ္ဆိုတာ ႀကိဳတင္သိျမင္ခဲ့ၿပီး ၂၀၂၀
ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ အာတီတာဟာ အာဆင္နယ္အသင္းကို
ထိပ္တန္းအဆင့္ေရာက္ေအာင္ ပို႔ေဆာင္ႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စပါးအသင္းနည္းျပအျဖစ္ ေမာ္ရင္ဟို ကိုင္တြယ္ေနခ်ိန္ကာလအတြင္း ၂၀၂၀၊
ဒီဇင္ဘာလမွာ အာဆင္နယ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး စပါးအသင္းက
အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ေပမယ့္ အာတီတာရဲ႕ အာဆင္နယ္

အသင္းဟာ တန္းဆင္းဇုန္နဲ႔(၇)မွတ္အကြာ အဆင့္(၁၅)ေနရာမွာ ရွိခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီပြဲအၿပီး အင္တာဗ်ဴးမွာ ေမာ္ရင္ဟိုက “အာဆင္နယ္ဟာ

အသင္းေကာင္းတစ္သင္းျဖစ္သလို အာတီတာကလည္း အရည္အခ်င္းရွိတဲ့ နည္းျပ
တစ္ဦးျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ လက္ရွိကစားသမားစုဖြဲ႕မႈ၊ အာတီတာရဲ႕
အရည္အခ်င္းနဲ႔ဆိုရင္ တစ္ခ်ိန္ကလို အာဆင္နယ္အဆင့္အတန္းမ်ိဳး ျပန္ေရာက္မယ္
ဆိုတာ ကြၽန္ေတာ္ အခိုင္အမာ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲပါတယ္။