အာဆင်နယ် အရှက်ခွဲတာခံလိုက်ရတဲ့နောက် ကစားသမားသစ်ခေါ်ပေးဖို့ တူချယ် ပူဆာလာပြန်

ချဲလ်ဆီးဟာ နောက်ဆုံးခြေစမ်းပွဲမှာ အာဆင်နယ်ကို ၄-၀ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်သွားခဲ့ပါတယ်။ ဖလော်ရီဒါဖလားအမည်နဲ့ ကစားခဲ့တာကြောင့် အပြာရောင်တွေအတွက်

နစ်နာခဲ့ရသလို ပရီးမီးယားလိဂ်ရာသီစဖို့ ၂ ပတ်သာလိုတော့ချိန်မှာ ပြိုင်ဘက်တစ်သင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာကြောင့်လည်း တူချယ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

ဂန်းနားတို့အတွက် အနိုင်ဂိုးတွေကိုတော့ ဂျီဆပ်၊ အိုဒီဂတ်၊ ဆာကာနဲ့ ကွန်ဂါတို့က သွင်းပေးခဲ့ကြတာပါ။ လက်ရှိအနေအထားဟာ စတာလင်းနဲ့ ကူလီဘာလေတို့အတွက်

ပေါင် ၈၅ သန်းသုံးထားရုံလောက်နဲ့ မလုံလောက်သေးဘူးလို့ တူချယ်ကယူဆနေပါတယ်။ ဒါ့အပြင် အသင်းကထွက်ချင်နေတဲ့ကစားသမားတွေ ဒီပွဲမှာ အချိုးမပြေခဲ့ဘူးလို့လည်း

ဂျာမန်သားနည်းပြက အပြစ်တင်သွားခဲ့တာပါ။ “ ကျွန်တော် အာမ မခံနိုင်ပါဘူး။ အာဆင်နယ်ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ရှုံးခဲ့တာပါ။ ကျွန်တော်တို့ကစားပုံက

အနိုင်ရဖို့ မလုံလောက်ခဲ့တာရှင်းပါတယ်။ ကျွန်တော်တို့ပုံစံက ပြိုင်ဆိုင်လိုစိတ် လုံးဝရှိမနေပါဘူး။ ဒါ့အပြင် ကစားသမားတွေရဲ့ ရုပ်ပိုင်းရောစိတ်ပိုင်းအတွက်ပါ ကျွန်တော် စိုးရိမ်နေပါတယ်။

အာဆင်နယ်နဲ့ကျွန်တော်တို့က အတော်လေးကွာနေပြီ။ ကျွန်တော်တို့မှာ အသင်းကထွက်မယ့်အကြောင်း တွေးနေတဲ့ကစားသမားတွေ အများကြီးရှိနေပါတယ်။

သူတို့က သူတို့အတွက်ပဲကြည့်နေကြတယ်။ အရည်အသွေးကောင်းမွန်တဲ့ကစားသမားတွေ ကျွန်တော်တို့ အများကြီးလိုအပ်နေပါတယ်။

ကစားသမားကောင်းနှစ်ဦးရခဲ့တာမှန်ပေမယ့် အဲဒီလောက်နဲ့ မရသေးဘူးဆိုတာကို ကျွန်တော်တို့ ဒီပွဲမှာတွေ့ခဲ့ရပါတယ် ” လို့ တူချယ်က ဖွင့်ဟလိုက်တာပါ။

(zawgyi)

ခ်ဲလ္ဆီးဟာ ေနာက္ဆုံးေျခစမ္းပြဲမွာ အာဆင္နယ္ကို ၄-၀ ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္သြားခဲ့ပါတယ္။ ဖေလာ္ရီဒါဖလားအမည္နဲ႔ ကစားခဲ့တာေၾကာင့္ အျပာေရာင္ေတြအတြက္ နစ္နာခဲ့ရသလို

ပရီးမီးယားလိဂ္ရာသီစဖို႔ ၂ ပတ္သာလိုေတာ့ခ်ိန္မွာ ၿပိဳင္ဘက္တစ္သင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ရတာေၾကာင့္လည္း တူခ်ယ္အတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။ ဂန္းနားတို႔အတြက္ အႏိုင္ဂိုးေတြကိုေတာ့

ဂ်ီဆပ္၊ အိုဒီဂတ္၊ ဆာကာနဲ႔ ကြန္ဂါတို႔က သြင္းေပးခဲ့ၾကတာပါ။ လက္ရွိအေနအထားဟာ စတာလင္းနဲ႔ ကူလီဘာေလတို႔အတြက္ ေပါင္ ၈၅ သန္းသုံးထား႐ုံေလာက္နဲ႔ မလုံေလာက္ေသးဘူးလို႔

တူခ်ယ္ကယူဆေနပါတယ္။ ဒါ့အျပင္ အသင္းကထြက္ခ်င္ေနတဲ့ကစားသမားေတြ ဒီပြဲမွာ အခ်ိဳးမေျပခဲ့ဘူးလို႔လည္း ဂ်ာမန္သားနည္းျပက အျပစ္တင္သြားခဲ့တာပါ။ “ ကြၽန္ေတာ္ အာမ မခံႏိုင္ပါဘူး။

အာဆင္နယ္ကို ကြၽန္ေတာ္တို႔ ထိုက္ထိုက္တန္တန္ ရႈံးခဲ့တာပါ။ ကြၽန္ေတာ္တို႔ကစားပုံက အႏိုင္ရဖို႔ မလုံေလာက္ခဲ့တာရွင္းပါတယ္။ ကြၽန္ေတာ္တို႔ပုံစံက ၿပိဳင္ဆိုင္လိုစိတ္ လုံးဝရွိမေနပါဘူး။

ဒါ့အျပင္ ကစားသမားေတြရဲ႕ ႐ုပ္ပိုင္းေရာစိတ္ပိုင္းအတြက္ပါ ကြၽန္ေတာ္ စိုးရိမ္ေနပါတယ္။ အာဆင္နယ္နဲ႔ကြၽန္ေတာ္တို႔က အေတာ္ေလးကြာေနၿပီ။ ကြၽန္ေတာ္တို႔မွာ အသင္းကထြက္မယ့္အေၾကာင္း

ေတြးေနတဲ့ကစားသမားေတြ အမ်ားႀကီးရွိေနပါတယ္။ သူတို႔က သူတို႔အတြက္ပဲၾကည့္ေနၾကတယ္။ အရည္အေသြးေကာင္းမြန္တဲ့ကစားသမားေတြ ကြၽန္ေတာ္တို႔ အမ်ားႀကီးလိုအပ္ေနပါတယ္။

ကစားသမားေကာင္းႏွစ္ဦးရခဲ့တာမွန္ေပမယ့္ အဲဒီေလာက္နဲ႔ မရေသးဘူးဆိုတာကို ကြၽန္ေတာ္တို႔ ဒီပြဲမွာေတြ႕ခဲ့ရပါတယ္ ” လို႔ တူခ်ယ္က ဖြင့္ဟလိုက္တာပါ။