အာဆင်နယ်အသင်း ချန်ပီယံဖြစ်အောင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကလိမ်ကကျစ်လုပ်နေပြီလို့ ယူနိုက်တက်ပရိသတ်တွေ စွပ်စွဲ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ခရစ္စတယ်ပဲလေ့စ်နဲ့

(၁-၁)ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်
ဖြစ်စေမယ့် ဆုံးဖြတ်ချက်(၂)ခုအပေါ် ဒေါသပေါက်ကွဲနေပြီး ဒီရာသီ
ချန်ပီယံဆုကို အာဆင်နယ်အသင်း ရရှိအောင် ပရီးမီးယားလိဂ်
အဖွဲ့ချုပ်က ကလိမ်ကကျစ်လုပ်နေပြီလို့ စွပ်စွဲနေကြပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ၊ ဒုတိယပိုင်းမှာ တွမ်မီနေးကို ခရစ္စတယ်ပဲလေ့စ်
နောက်ခံလူ ရစ်ချတ်က ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်
ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ရော်ဘတ်ဂျုံးစ်က ပယ်နယ်တီမပေးခဲ့သလို

မိနစ်(၈၀)မှာ ကတ်စ်မဲရိုးကို အဝါကတ်ပြသခဲ့တဲ့အတွက် ပွဲပယ်ခံရမှာဖြစ်လို့
အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရမယ်ဆိုရင် အဆင့်(၂)
နေရာတက်ရောက်နိုင်မှာဖြစ်တဲ့အပြင် အာဆင်နယ်နဲ့ (၆)မှတ်သာ ကွာဟမှာ
ဖြစ်ပေမယ့် အဲဒီအခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ ပယ်နယ်တီမပေးခဲ့တဲ့အတွက်
မကျေမနပ်ဖြစ်ခဲ့ပြီး ‘ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် ဗိုလ်စွဲအောင်
သူတို့(ပရီးမီးယားလိဂ်အဖွဲ့ချုပ်) ကလိမ်ကကျစ်လုပ်ခဲ့ပါတယ်။ တော်တော်
ကျက်သရေတုံးတဲ့ လိဂ်ပြိုင်ပွဲပါပဲ။ ပရီးမီးယားလိဂ်ဖလားဟာ ယူနိုက်တက်

အတွက် မထိုက်တန်တော့ပါဘူး’၊

‘ဒီအတိုင်းကြည့်ရင်တောင် တွမ်မီနေးရဲ့အဖြစ်အပျက်က ပယ်နယ်တီ

ပေးသင့်တာ .. VAR နဲ့ ပြန်ကြည့်တာတောင် အတည်မပြုနိုင်ဘူးလား။
ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာပါပဲ’၊ ‘တကယ်လို့
ပယ်နယ်တီသာရရင် ရပ်ရှ်ဖို့ဒ်လည်း ပွဲဆက်အများဆုံးဂိုးသွင်းတဲ့သူဖြစ်မယ်၊
အသင်းကလည်း (၂-ဝ)ဂိုးနဲ့အနိုင်ရမှာဖြစ်လို့ ကတ်စ်မဲရိုးလည်း
အဝါကတ်မထိဘဲ လူစားလဲဖြစ်လောက်တယ်၊ အခုတော့ (၂)မှတ်လည်း

ဆုံး၊ ကတ်စ်မဲရိုးလည်း ပွဲပယ်ခံရနဲ့ တလွဲတွေဖြစ်ခဲ့ပြီ’လို့ အွန်လိုင်းပေါ်မှာ
ဝေဖန်ရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ခရစၥတယ္ပဲေလ့စ္နဲ႔
(၁-၁)ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္
ျဖစ္ေစမယ့္ ဆုံးျဖတ္ခ်က္(၂)ခုအေပၚ ေဒါသေပါက္ကြဲေနၿပီး ဒီရာသီ
ခ်န္ပီယံဆုကို အာဆင္နယ္အသင္း ရရွိေအာင္ ပရီးမီးယားလိဂ္
အဖြဲ႕ခ်ဳပ္က ကလိမ္ကက်စ္လုပ္ေနၿပီလို႔ စြပ္စြဲေနၾကပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲ၊ ဒုတိယပိုင္းမွာ တြမ္မီေနးကို ခရစၥတယ္ပဲေလ့စ္
ေနာက္ခံလူ ရစ္ခ်တ္က ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္

ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ ေရာ္ဘတ္ဂ်ဳံးစ္က ပယ္နယ္တီမေပးခဲ့သလို
မိနစ္(၈၀)မွာ ကတ္စ္မဲ႐ိုးကို အဝါကတ္ျပသခဲ့တဲ့အတြက္ ပြဲပယ္ခံရမွာျဖစ္လို႔
အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရမယ္ဆိုရင္ အဆင့္(၂)
ေနရာတက္ေရာက္ႏိုင္မွာျဖစ္တဲ့အျပင္ အာဆင္နယ္နဲ႔ (၆)မွတ္သာ ကြာဟမွာ
ျဖစ္ေပမယ့္ အဲဒီအခြင့္အေရးေကာင္းကို လက္လႊတ္ခဲ့ရပါတယ္။

ဒါေပမဲ့ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ပယ္နယ္တီမေပးခဲ့တဲ့အတြက္
မေက်မနပ္ျဖစ္ခဲ့ၿပီး ‘ဒီရာသီ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ ဗိုလ္စြဲေအာင္
သူတို႔(ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္) ကလိမ္ကက်စ္လုပ္ခဲ့ပါတယ္။ ေတာ္ေတာ္

က်က္သေရတုံးတဲ့ လိဂ္ၿပိဳင္ပြဲပါပဲ။ ပရီးမီးယားလိဂ္ဖလားဟာ ယူႏိုက္တက္
အတြက္ မထိုက္တန္ေတာ့ပါဘူး’၊

‘ဒီအတိုင္းၾကည့္ရင္ေတာင္ တြမ္မီေနးရဲ႕အျဖစ္အပ်က္က ပယ္နယ္တီ
ေပးသင့္တာ .. VAR နဲ႔ ျပန္ၾကည့္တာေတာင္ အတည္မျပဳႏိုင္ဘူးလား။
ဒိုင္လူႀကီးေတြရဲ႕ စြမ္းေဆာင္ရည္က စိတ္ပ်က္စရာပါပဲ’၊ ‘တကယ္လို႔
ပယ္နယ္တီသာရရင္ ရပ္ရွ္ဖို႔ဒ္လည္း ပြဲဆက္အမ်ားဆုံးဂိုးသြင္းတဲ့သူျဖစ္မယ္၊
အသင္းကလည္း (၂-ဝ)ဂိုးနဲ႔အႏိုင္ရမွာျဖစ္လို႔ ကတ္စ္မဲ႐ိုးလည္း

အဝါကတ္မထိဘဲ လူစားလဲျဖစ္ေလာက္တယ္၊ အခုေတာ့ (၂)မွတ္လည္း
ဆုံး၊ ကတ္စ္မဲ႐ိုးလည္း ပြဲပယ္ခံရနဲ႔ တလြဲေတြျဖစ္ခဲ့ၿပီ’လို႔ အြန္လိုင္းေပၚမွာ
ေဝဖန္ေရးသားခဲ့ၾကပါတယ္။