အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းကိုစီယဲလ်နီ ကစားသမားဘဝကနေအနားယူပြီ

အာဆင်နယ်နဲ့ဘော်ဒိုးအသင်းခေါင်းဆောင်ဟောင်း ကိုစီယဲလ်နီဟာ

ဘောလုံးသမားဘဝကနေအနားယူသွားပြီဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ကိုစီယဲလ်နီဟာ အာဆင်နယ်အသင်းမှာ

၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိကစားခဲ့သလို FA ဖလား(၃)ကြိမ်၊

ကွန်မြူနတီဒိုင်း(၂)ကြိမ်ရယူနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီအစပိုင်းမှာ

အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကိုလိုက်ပါဖို့ ငြင်းဆန်ပြီးတော့

ဘော်ဒိုးအသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။ ဘော်ဒိုးအသင်းမှာ (၃)ရာသီကြ

ာကစားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ဇန်နဝါရီလက အသင်းနဲ့လမ်းခွဲခဲ့ပြီး

လအနည်းငယ်အကြာမှာပဲ ဘောလုံးသမားဘဝကအနားယူဖို့ဆုံးဖြတ်ခဲ့တာ

ဖြစ်ပါတယ်။ ကိုစီယဲလ်နီဟာ ဘော်ဒိုးအသင်းနဲ့လမ်းခွဲခါနီးမှာ ခေါင်းဆောင်

နိုင်မှုစွမ်းရည်နည်းပါးသလို အကျင့်စရိုက်မကောင်းဘဲ တစ်ခါတလေ

လူမျိုးရေးခွဲခြားတာမျိုးပြုလုပ်လေ့ရှိတယ်ဆိုပြီး အသင်းဖော်ကော့စ်တေးလ်နဲ့

ဘော်ဒိုးပရိသတ်တွေက ဝေဖန်စွပ်စွဲခဲ့ကြတယ်လို့ ပြင်သစ်သတင်းစာ

Sud Ouest ကဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကိုစီယဲလ်နီတို့ဘက်က

အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီး ဒီလိုစွပ်စွဲချက်တွေပေါ်ထွက်

လာတဲ့အတွက် အံ့အားသင့်ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘော်ဒိုးအသင်းဟာ ကိုစီယဲလ်နီရဲ့လစာငွေပမာဏ ယူရို(၃)သန်းကို

ပေးချေဖို့ အခက်အခဲရှိတာကြောင့် အသင်းလူစာရင်းမှာ သူ့ကို

ထုတ်ပယ်ခဲ့ပေမယ့် အခုနှစ်အစောပိုင်းက အသင်းရဲ့နိုင်ငံတကာ

စီးပွားဖက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူတစ်ဦးအဖြစ်ခန့်အပ်ခဲ့ပြီး

မကြာခင်မှာပဲ ကိုစီယဲလ်နီဟာ သူ့တာဝန်ယူထားတဲ့ကဏ္ဍကို

အာရုံစိုက်ဆောင်ရွက်နိုင်ဖို့ ဘောလုံးသမားဘဝကအနားယူဖို့

ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

zawgyi

အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းကိုစီယဲလ္နီ ကစားသမားဘဝကေနအနားယူၿပီ

အာဆင္နယ္နဲ႔ေဘာ္ဒိုးအသင္းေခါင္းေဆာင္ေဟာင္း ကိုစီယဲလ္နီဟာ

ေဘာလုံးသမားဘဝကေနအနားယူသြားၿပီျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကိုစီယဲလ္နီဟာ အာဆင္နယ္အသင္းမွာ

၂၀၁၀ ကေန ၂၀၁၉ ခုႏွစ္အထိကစားခဲ့သလို FA ဖလား(၃)ႀကိမ္၊

ကြန္ျမဴနတီဒိုင္း(၂)ႀကိမ္ရယူႏိုင္ခဲ့ၿပီး ၂၀၁၉-၂၀ ရာသီအစပိုင္းမွာ

အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကိုလိုက္ပါဖို႔ ျငင္းဆန္ၿပီးေတာ့

ေဘာ္ဒိုးအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ေဘာ္ဒိုးအသင္းမွာ (၃)ရာသီၾက

ာကစားခဲ့ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ဇန္နဝါရီလက အသင္းနဲ႔လမ္းခြဲခဲ့ၿပီး

လအနည္းငယ္အၾကာမွာပဲ ေဘာလုံးသမားဘဝကအနားယူဖို႔ဆုံးျဖတ္ခဲ့တာ

ျဖစ္ပါတယ္။ ကိုစီယဲလ္နီဟာ ေဘာ္ဒိုးအသင္းနဲ႔လမ္းခြဲခါနီးမွာ ေခါင္းေဆာင္

ႏိုင္မႈစြမ္းရည္နည္းပါးသလို အက်င့္စ႐ိုက္မေကာင္းဘဲ တစ္ခါတေလ

လူမ်ိဳးေရးခြဲျခားတာမ်ိဳးျပဳလုပ္ေလ့ရွိတယ္ဆိုၿပီး အသင္းေဖာ္ေကာ့စ္ေတးလ္နဲ႔

ေဘာ္ဒိုးပရိသတ္ေတြက ေဝဖန္စြပ္စြဲခဲ့ၾကတယ္လို႔ ျပင္သစ္သတင္းစာ

Sud Ouest ကေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ ကိုစီယဲလ္နီတို႔ဘက္က

အဲဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ဒီလိုစြပ္စြဲခ်က္ေတြေပၚထြက္

လာတဲ့အတြက္ အံ့အားသင့္ရတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေဘာ္ဒိုးအသင္းဟာ ကိုစီယဲလ္နီရဲ႕လစာေငြပမာဏ ယူ႐ို(၃)သန္းကို

ေပးေခ်ဖို႔ အခက္အခဲရွိတာေၾကာင့္ အသင္းလူစာရင္းမွာ သူ႔ကို

ထုတ္ပယ္ခဲ့ေပမယ့္ အခုႏွစ္အေစာပိုင္းက အသင္းရဲ႕ႏိုင္ငံတကာ

စီးပြားဖက္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တာဝန္ရွိသူတစ္ဦးအျဖစ္ခန႔္အပ္ခဲ့ၿပီး

မၾကာခင္မွာပဲ ကိုစီယဲလ္နီဟာ သူ႔တာဝန္ယူထားတဲ့က႑ကို

အာ႐ုံစိုက္ေဆာင္႐ြက္ႏိုင္ဖို႔ ေဘာလုံးသမားဘဝကအနားယူဖို႔

ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*