အာဆင်နယ်ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်း မဟုတ်ဘူးလို့ ဂျွန်တယ်ရီ မှတ်ချက်ပေးပြီးတဲ့နောက် ချဲလ်ဆီး ဂိုးပြတ်ရှုံးနိမ့်

ချဲလ်ဆီးဂန္ထဝင် ဂျွန်တယ်ရီရဲ့မှတ်ချက်ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပွဲဆူနေပါတယ်။ အားလုံးသိတဲ့အတိုင်း အာဆင်နယ်ဟာ ရာသီအဖွင့် ၃ ပွဲဆက်အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတယ်။

တစ်ပွဲပျမ်းမျှ ၃ ဂိုးနှုန်းနဲ့ သွင်းဂိုး ၉ ဂိုး၊ ပေးဂိုး ၂ ဂိုးသာရှိနေတယ်။ တနည်းအားဖြင့် မန်စီးတီးကရောက်လာတဲ့ ဂျီဆပ် အမြန်ဆုံးအထိုင်ကျခြင်းနဲ့အတူ ဂန်းနားတွေဟာ တောက်ပတဲ့အနာဂတ်ဆီ လျှောက်လှမ်းနေတာပါ။

ဒါပေမဲ့ ချဲလ်ဆီးနောက်ခံလူဟောင်းကတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ဟာ စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးအသင်း မဟုတ်ဘူးလို့ယူဆထားပါတယ်။ အမြောက်တပ်ဖွဲ့အပေါ် အကောင်းမြင်သူတွေ

မြင့်တက်လာတဲ့နောက် SPORTbible က တွစ်တာမှာ “ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာစောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းလား ” လို့ ပို့စ်တင်ခဲ့တာပါ။ ဒါကို ချဲလ်ဆီးနောက်ခံလူဟောင်းက

“ No ” လို့ SPORTbible ကို သူ့အကောင့်ကနေ တုံ့ပြန်ခဲ့ပါတယ်။ ပရိသတ်တွေက ဂျွန်တယ်ရီ ဂျေဝင်ပြီလို့ဝေဖန်ကြတာကြောင့် သိပ်မကြာခင်မှာပဲ ဖြေရှင်းချက်ထုတ်ပေးခဲ့ပါတယ်။ “ ကျွန်တော်တို့ ၃ ပွဲသာ ကစားရပါသေးတယ်။

ဟုတ်ပါတယ် အာဆင်နယ်ဟာ သိပ်ကောင်းတဲ့စတင်မှုကိုလုပ်ခဲ့ပါတယ်။ ဒီရာသီမှာ ပိုကောင်းလာတာလည်း သေချာပါတယ်။ ဂျီဆပ်ကို ကျွန်တော်ချစ်သလို သူတို့ဟာ အရမ်းကောင်းတဲ့အသင်းလို့လည်း တွေးမိပါတယ်။

ဒါပေမဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံးအသင်းတော့ မဟုတ်သေးပါဘူး ” လို့ ချဲလ်ဆီးနောက်ခံလူဟောင်းက ပြန်လည်ဖြေရှင်းခဲ့တာပါ။ သိပ်မကြာခင်မှာပဲ သူ့အသင်းဟောင်းဟာ လိဒ်ကွင်းမှာ ၃ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးဂႏၴဝင္ ဂြၽန္တယ္ရီရဲ႕မွတ္ခ်က္ေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာ ပြဲဆူေနပါတယ္။ အားလုံးသိတဲ့အတိုင္း အာဆင္နယ္ဟာ ရာသီအဖြင့္ ၃ ပြဲဆက္အႏိုင္ရၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတယ္။

တစ္ပြဲပ်မ္းမွ် ၃ ဂိုးႏႈန္းနဲ႔ သြင္းဂိုး ၉ ဂိုး၊ ေပးဂိုး ၂ ဂိုးသာရွိေနတယ္။ တနည္းအားျဖင့္ မန္စီးတီးကေရာက္လာတဲ့ ဂ်ီဆပ္ အျမန္ဆုံးအထိုင္က်ျခင္းနဲ႔အတူ ဂန္းနားေတြဟာ ေတာက္ပတဲ့အနာဂတ္ဆီ ေလွ်ာက္လွမ္းေနတာပါ။

ဒါေပမဲ့ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းကေတာ့ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ဟာ စိတ္လႈပ္ရွားမႈအေပးႏိုင္ဆုံးအသင္း မဟုတ္ဘူးလို႔ယူဆထားပါတယ္။ အေျမာက္တပ္ဖြဲ႕အေပၚ အေကာင္းျမင္သူေတြ ျမင့္တက္လာတဲ့ေနာက္ SPORTbible က

တြစ္တာမွာ “ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာေစာင့္ၾကည့္ရမယ့္ စိတ္လႈပ္ရွားစရာအေကာင္းဆုံးအသင္းလား ” လို႔ ပို႔စ္တင္ခဲ့တာပါ။ ဒါကို ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းက “ No ” လို႔ SPORTbible ကို

သူ႔အေကာင့္ကေန တုံ႔ျပန္ခဲ့ပါတယ္။ ပရိသတ္ေတြက ဂြၽန္တယ္ရီ ေဂ်ဝင္ၿပီလို႔ေဝဖန္ၾကတာေၾကာင့္ သိပ္မၾကာခင္မွာပဲ ေျဖရွင္းခ်က္ထုတ္ေပးခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔ ၃ ပြဲသာ ကစားရပါေသးတယ္။

ဟုတ္ပါတယ္ အာဆင္နယ္ဟာ သိပ္ေကာင္းတဲ့စတင္မႈကိုလုပ္ခဲ့ပါတယ္။ ဒီရာသီမွာ ပိုေကာင္းလာတာလည္း ေသခ်ာပါတယ္။ ဂ်ီဆပ္ကို ကြၽန္ေတာ္ခ်စ္သလို သူတို႔ဟာ အရမ္းေကာင္းတဲ့အသင္းလို႔လည္း ေတြးမိပါတယ္။

ဒါေပမဲ့ ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံးအသင္းေတာ့ မဟုတ္ေသးပါဘူး ” လို႔ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းက ျပန္လည္ေျဖရွင္းခဲ့တာပါ။ သိပ္မၾကာခင္မွာပဲ သူ႔အသင္းေဟာင္းဟာ လိဒ္ကြင္းမွာ ၃ ဂိုးျပတ္ ရႈံးနိမ့္သြားခဲ့ပါတယ္။