အာဆင်နယ်ရဲ့ ရှုံးပွဲကို အခွင့်အရေးမယူနိုင်ဘဲ စပါးအသင်းကို အရှုံးပေးခဲ့ရတဲ့ မန်စီးတီး

ဒီပွဲနိုင်ရင် မန်စီးတီးအသင်းဟာ အာဆင်နယ်ထက် (၁)ပွဲ ပိုကစားပြီး

အမှတ်ကွာဟချက်ကို (၂)မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပေမယ့်
နိုင်လိုစိတ်အပြည့်နဲ့ကစားသွားတဲ့ စပါးအသင်းရဲ့ အိမ်ကွင်းမှာ
လက်နက်ချအရှုံးပေးခဲ့ရပါတယ်။

ဒီဘရိုင်းနား မပါတဲ့ ကွင်းလယ်က ဖန်တီးနိုင်စွမ်း အားနည်းခဲ့ပြီး
ဘာနာဒိုဆေးလ်ဗား Form ပျက်နေသလို ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ရဲ့
တောင်ပံတိုက်စစ်ကလည်း သာမန်ထက် မပိုခဲ့ဘူး။

စပါးအသင်း ကွင်းလယ်က ဘန်တန်ကော်၊ ဟွိုင်ဘီယက်တို့ရဲ့
လှုပ်အားနှုန်းကောင်းမွန်မှုကြောင့် မန်စီးတီးတို့ ကွင်းလယ်ပိုင်း
အသာမရခဲ့သလို Wing Backs တွေအဖြစ်ကစားတဲ့ ပါရီဆစ်၊

အီမာဆင်တို့ကလည်း ခံစစ်(၂)ထပ်ပုံစံနဲ့ မန်စီးတီး တောင်ပံ
တိုက်စစ်တွေကို ထိန်းချုပ်ခဲ့တယ်။

စပါးအသင်းရဲ့ Double Pivot နှစ်ဦးဖြစ်တဲ့ ဟွိုင်ဘီယက်၊
ဘန်တန်ကော်တို့ရဲ့ ဖျက်အားကောင်းမှုကြောင့် မန်စီးတီးကွင်းလယ်နဲ့
တိုက်စစ် ဘယ်လိုမှ ချိတ်ဆက်လို့ မရဘဲ ဂိုးသွင်းစက် ဟာလန်းဆိုရင်
စပါးအသင်းရဲ့ ပယ်နယ်တီဧရိယာထဲမှာ ဘောလုံးထိချက်တစ်ကြိမ်မှ
မရှိသလို ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိအောင် အခြေအနေ

ဆိုးရွားခဲ့ပါတယ်။

ပွဲစကတည်းက စပါးအသင်းက လုပ်အားနှုန်းကောင်းကောင်းနဲ့

မန်စီးတီးကို ရင်ဆိုင်ခဲ့သလို ပထမပိုင်း(၁၅)မိနစ်မှာ ရိုဒရီရဲ့ အမှားကနေ
ဟွိုင်ဘီယက် ဘောလုံးရသွားပြီး ထိုးပေးလိုက်တာကို ပယ်နယ်တီ
ဧရိယာအတွင်း အသင့်ရှိနေတဲ့ ဟယ်ရီကိန်းက အပိုင်ကန်သွင်းခဲ့တာ
ဖြစ်ပါတယ်။

[Zawgyi]

ဒီပြဲႏိုင္ရင္ မန္စီးတီးအသင္းဟာ အာဆင္နယ္ထက္ (၁)ပြဲ ပိုကစားၿပီး
အမွတ္ကြာဟခ်က္ကို (၂)မွတ္အထိ ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္
ႏိုင္လိုစိတ္အျပည့္နဲ႔ကစားသြားတဲ့ စပါးအသင္းရဲ႕ အိမ္ကြင္းမွာ

လက္နက္ခ်အရႈံးေပးခဲ့ရပါတယ္။

ဒီဘ႐ိုင္းနား မပါတဲ့ ကြင္းလယ္က ဖန္တီးႏိုင္စြမ္း အားနည္းခဲ့ၿပီး

ဘာနာဒိုေဆးလ္ဗား Form ပ်က္ေနသလို ဂရီးလစ္ရွ္နဲ႔ မာရက္ဇ္တို႔ရဲ႕
ေတာင္ပံတိုက္စစ္ကလည္း သာမန္ထက္ မပိုခဲ့ဘူး။

စပါးအသင္း ကြင္းလယ္က ဘန္တန္ေကာ္၊ ဟြိဳင္ဘီယက္တို႔ရဲ႕
လႈပ္အားႏႈန္းေကာင္းမြန္မႈေၾကာင့္ မန္စီးတီးတို႔ ကြင္းလယ္ပိုင္း
အသာမရခဲ့သလို Wing Backs ေတြအျဖစ္ကစားတဲ့ ပါရီဆစ္၊
အီမာဆင္တို႔ကလည္း ခံစစ္(၂)ထပ္ပုံစံနဲ႔ မန္စီးတီး ေတာင္ပံ
တိုက္စစ္ေတြကို ထိန္းခ်ဳပ္ခဲ့တယ္။

စပါးအသင္းရဲ႕ Double Pivot ႏွစ္ဦးျဖစ္တဲ့ ဟြိဳင္ဘီယက္၊
ဘန္တန္ေကာ္တို႔ရဲ႕ ဖ်က္အားေကာင္းမႈေၾကာင့္ မန္စီးတီးကြင္းလယ္နဲ႔

တိုက္စစ္ ဘယ္လိုမွ ခ်ိတ္ဆက္လို႔ မရဘဲ ဂိုးသြင္းစက္ ဟာလန္းဆိုရင္
စပါးအသင္းရဲ႕ ပယ္နယ္တီဧရိယာထဲမွာ ေဘာလုံးထိခ်က္တစ္ႀကိမ္မွ
မရွိသလို ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွ မရွိေအာင္ အေျခအေန
ဆိုး႐ြားခဲ့ပါတယ္။

ပြဲစကတည္းက စပါးအသင္းက လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔
မန္စီးတီးကို ရင္ဆိုင္ခဲ့သလို ပထမပိုင္း(၁၅)မိနစ္မွာ ႐ိုဒရီရဲ႕ အမွားကေန
ဟြိဳင္ဘီယက္ ေဘာလုံးရသြားၿပီး ထိုးေပးလိုက္တာကို ပယ္နယ္တီ

ဧရိယာအတြင္း အသင့္ရွိေနတဲ့ ဟယ္ရီကိန္းက အပိုင္ကန္သြင္းခဲ့တာ
ျဖစ္ပါတယ္။