” အာဆင်နယ်နဲ့ စပါးအတွက် ယူနိုက်တက်ကိုကျော်ဖြတ်ဖို့ဆိုရင် ကံကြမ္မာကောင်းတစ်ခုလိုမယ် “

စပါးအသင်းနည်းပြကွန်တီက အာဆင်နယ်နဲ့စပါးအသင်းတို့ဟာ

မန်ချက်စတာယူနိုက်တက်ကိုကျော်ဖြတ်ပြီးတော့ အဆင့်(၄)နေရာရဖို့ဆိုတာက

မယုံနိုင်လောက်အောင်ကံကြမ္မာကောင်းပိုင်ဆိုင်မှဖြစ်လိမ့်မယ်လို့

အံ့အားသင့်စရာဝန်ခံပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ

စပါး၊ ယူနိုက်တက်တို့ထက် တစ်ပွဲလျော့နေပြီး (၂၈)ပွဲကစား၊ (၅၄)မှတ်နဲ့

အဆင့်(၄)နေရာမှာရပ်တည်နေပြီး သူ့အောက်မှာ စပါး(၅၁မှတ်)၊

ယူနိုက်တက်(၅ဝမှတ်)တို့က အစဉ်လိုက်အတိုင်း ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ နည်းပြအပြောင်းအလဲတွေကြောင့်

တည်ငြိမ်မှုမရှိဘဲ ရလဒ်တွေယိမ်းယိုင်နေပြီး အဆင့်(၆)နေရာမှာသာ

ရပ်တည်နေပေမယ့် ကွန်တီက Mind Game လုပ်တဲ့သဘောနဲ့ အခုလိုပြောခဲ့တာပါ။

အဆင့်(၄)အတွင်းဝင်ဖို့နဲ့ပတ်သက်ပြီး ကွန်တီက “ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့

ပစ်မှတ်က အရမ်းအရမ်းခက်ခဲပါတယ်။ နောက်ပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့

ရည်ရွယ်ချက်အတွက်ကြိုးစားနေတာက ကျွန်တော်တို့တစ်သင်းတည်းမဟုတ်ဘဲ

အာဆင်နယ်၊ ယူနိုက်တက်အသင်းတို့လည်းရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာရုန်းကန်နေတယ်ဆိုပေမယ့်

သူတို့က ထိပ်တန်းအသင်းအဆင့်မှာရှိနေတုန်းပါပဲ။

မနှစ်ကတော့ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့

အသင်းနဲ့အာဆင်နယ်အသင်း အဆင့်(၄)နေရာရဖို့က ယူနိုက်တက်ရဲ့

ရလဒ်တွေအပေါ်မှာ မူတည်ပါတယ်။ အခုလောလောဆယ် ကျွန်တော့်အသင်းက

အဆင့်(၄)နေရာရဖို့အတွက် ကြိုးစားနေတဲ့အသင်းတစ်သင်းဖြစ်ပြီး

ကျန်တဲ့အသင်းတွေအမှားလုပ်မိရင် အခွင့်အရေးယူနိုင်အောင်ပဲ

ကြိုးစားရမှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

” အာဆင္နယ္နဲ႔ စပါးအတြက္ ယူႏိုက္တက္ကိုေက်ာ္ျဖတ္ဖို႔ဆိုရင္ ကံၾကမၼာေကာင္းတစ္ခုလိုမယ္ ”

စပါးအသင္းနည္းျပကြန္တီက အာဆင္နယ္နဲ႔စပါးအသင္းတို႔ဟာ

မန္ခ်က္စတာယူႏိုက္တက္ကိုေက်ာ္ျဖတ္ၿပီးေတာ့ အဆင့္(၄)ေနရာရဖို႔ဆိုတာက

မယုံႏိုင္ေလာက္ေအာင္ကံၾကမၼာေကာင္းပိုင္ဆိုင္မွျဖစ္လိမ့္မယ္လို႔

အံ့အားသင့္စရာဝန္ခံေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္အသင္းဟာ

စပါး၊ ယူႏိုက္တက္တို႔ထက္ တစ္ပြဲေလ်ာ့ေနၿပီး (၂၈)ပြဲကစား၊ (၅၄)မွတ္နဲ႔

အဆင့္(၄)ေနရာမွာရပ္တည္ေနၿပီး သူ႔ေအာက္မွာ စပါး(၅၁မွတ္)၊

ယူႏိုက္တက္(၅ဝမွတ္)တို႔က အစဥ္လိုက္အတိုင္း ရပ္တည္ေနပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ နည္းျပအေျပာင္းအလဲေတြေၾကာင့္

တည္ၿငိမ္မႈမရွိဘဲ ရလဒ္ေတြယိမ္းယိုင္ေနၿပီး အဆင့္(၆)ေနရာမွာသာ

ရပ္တည္ေနေပမယ့္ ကြန္တီက Mind Game လုပ္တဲ့သေဘာနဲ႔ အခုလိုေျပာခဲ့တာပါ။

အဆင့္(၄)အတြင္းဝင္ဖို႔နဲ႔ပတ္သက္ၿပီး ကြန္တီက “ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔

ပစ္မွတ္က အရမ္းအရမ္းခက္ခဲပါတယ္။ ေနာက္ၿပီး ဒီလိုႀကီးက်ယ္ခမ္းနားတဲ့

ရည္႐ြယ္ခ်က္အတြက္ႀကိဳးစားေနတာက ကြၽန္ေတာ္တို႔တစ္သင္းတည္းမဟုတ္ဘဲ

အာဆင္နယ္၊ ယူႏိုက္တက္အသင္းတို႔လည္းရွိေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ႐ုန္းကန္ေနတယ္ဆိုေပမယ့္

သူတို႔က ထိပ္တန္းအသင္းအဆင့္မွာရွိေနတုန္းပါပဲ။

မႏွစ္ကေတာ့ ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ

ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ တိုက္ပြဲဝင္ခဲ့ရပါတယ္။ ဒီရာသီမွာ ကြၽန္ေတာ္တို႔

အသင္းနဲ႔အာဆင္နယ္အသင္း အဆင့္(၄)ေနရာရဖို႔က ယူႏိုက္တက္ရဲ႕

ရလဒ္ေတြအေပၚမွာ မူတည္ပါတယ္။ အခုေလာေလာဆယ္ ကြၽန္ေတာ့္အသင္းက

အဆင့္(၄)ေနရာရဖို႔အတြက္ ႀကိဳးစားေနတဲ့အသင္းတစ္သင္းျဖစ္ၿပီး

က်န္တဲ့အသင္းေတြအမွားလုပ္မိရင္ အခြင့္အေရးယူႏိုင္ေအာင္ပဲ

ႀကိဳးစားရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။