အာဆင်နယ်နဲ့ပွဲကို ကတ်စ်မဲရိုးအပြင် မာစီယဲလ်ပါ လွဲချော်ဖို့ရှိလို့ အဲရစ်တန်ဟက် အခက်ကြုံနေ

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ

အာဆင်နယ်နဲ့အရေးကြီးပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း
အစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

မာစီယဲလ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပြီး
မန်စီးတီးကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ မန်ချက်စတာဒါဘီပွဲတုန်းက
ဒဏ်ရာရရှိခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ဗြိတိန်သတင်းစာ The Times က မာစီယဲလ်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့
ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့
ဖော်ပြခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

မာစီယဲလ်ဟာ ပြီးခဲ့တဲ့ကြားရက်က ခရစ္စတယ်ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီ
သရေကျတဲ့ပွဲမှာ မပါဝင်နိုင်ဘဲ သူ့နေရာမှာ တိုက်စစ်မှူးသစ် ဝက်ဟော့တ်က
ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။

မာစီယဲလ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၃)ပွဲကစား၊ (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၂)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ပေမယ့် ဒဏ်ရာကြောင့် မကြာခဏ

အနားယူနေရတာက ပြဿနာတစ်ခုဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိက,ကွင်းလယ် ကတ်စ်မဲရိုးဟာ ပွဲပယ်ခံရမှာ

ဖြစ်လို့ အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်သလို မာစီယဲလ်လည်း မပါဝင်နိုင်ဘူး
ဆိုရင်တော့ နည်းပြအဲရစ်တန်ဟက်အတွက် ထိုးနှက်ချက်ဖြစ်လာဖို့ရှိပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား မာစီယဲလ္ဟာ
အာဆင္နယ္နဲ႔အေရးႀကီးပြဲမတိုင္ခင္ အသင္းရဲ႕ ေလ့က်င့္ခန္း
အစီအစဥ္ကို လြဲေခ်ာ္ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။

မာစီယဲလ္ဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ေနရၿပီး
မန္စီးတီးကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ မန္ခ်က္စတာဒါဘီပြဲတုန္းက
ဒဏ္ရာရရွိခဲ့တဲ့အတြက္ ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံခဲ့ရပါတယ္။

ၿဗိတိန္သတင္းစာ The Times က မာစီယဲလ္ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့
ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ကို လြဲေခ်ာ္ခဲ့တယ္လို႔
ေဖာ္ျပခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။

မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ၾကားရက္က ခရစၥတယ္ပဲေလ့စ္နဲ႔ (၁-၁)ဂိုးစီ
သေရက်တဲ့ပြဲမွာ မပါဝင္ႏိုင္ဘဲ သူ႔ေနရာမွာ တိုက္စစ္မႉးသစ္ ဝက္ေဟာ့တ္က

ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားခဲ့ပါတယ္။

မာစီယဲလ္ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ (၁၃)ပြဲကစား၊ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ

(၂)ႀကိမ္ျပဳလုပ္ၿပီး ေျခစြမ္းျပႏိုင္ေပမယ့္ ဒဏ္ရာေၾကာင့္ မၾကာခဏ
အနားယူေနရတာက ျပႆနာတစ္ခုျဖစ္ေနပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ အဓိက,ကြင္းလယ္ ကတ္စ္မဲ႐ိုးဟာ ပြဲပယ္ခံရမွာ
ျဖစ္လို႔ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္သလို မာစီယဲလ္လည္း မပါဝင္ႏိုင္ဘူး
ဆိုရင္ေတာ့ နည္းျပအဲရစ္တန္ဟက္အတြက္ ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိပါတယ္။