အာဆင်နယ်နဲ့ကစားမယ့် ပွဲကြီးပွဲကေင်းကို ကတ်စ်မဲရိုးနဲ့ ဖရက်ဒ်တို့ မထင်မှတ်ဘဲ လွဲချော်ဖို့ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ်တနင်္ဂနွေကျရင်

မဟာပြိုင်ဘက် အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်း ဆင်နွှဲရမှာဖြစ်ပြီး အဲဒီပွဲကို
အသင်းရဲ့ အဓိက,ကွင်းလယ်လူတစ်ဦး လွဲချော်ဖို့ရှိနေပါတယ်။

ပထမအကျော့တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့ (၃-၁)ဂိုးနဲ့
အနိုင်ရခဲ့ပြီး အခု ဒုတိယအကျော့အဖြစ် လာမယ့်တနင်္ဂနွေ မြန်မာစံတော်ချိန်
ည(၁၁:၀၀)နာရီကျရင် အီမရိတ်စ်ကွင်းမှာ အာဆင်နယ်နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကတ်စ်မဲရိုးဟာ ပွဲပယ်ခံ
ရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး အာဆင်နယ်နဲ့ပွဲကို မထင်မှတ်ဘဲ လွဲချော်ဖို့
ရှိပါတယ်။ ကတ်စ်မဲရိုးဟာ အခုလောလောဆယ် အဝါကတ်(၄)ကြိမ်ပြသခံခဲ့ရပြီး
ဒီကြားရက်ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင်

အဝါမထိအောင် သတိထားကစားရမှာပါ။

ပရီးမီးယားလိဂ်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေအရ ပထမဆုံးပွဲစဉ်(၁၉)ပွဲအတွင်း

ကစားသမားတစ်ဦးဟာ အဝါကတ်(၅)ကြိမ်ပြသခံရမယ်ဆိုရင် (၁)ပွဲပယ်
ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ အခုလောလောဆယ် ကတ်စ်မဲရိုးအပြင်
ဖရက်ဒ်ကလည်း အဝါကတ်(၄)ကြိမ်ပြသခံခဲ့ရတာကြောင့် သူတို့နှစ်ယောက်စလုံး
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အဝါမထိအောင်ကစားဖို့ လိုအပ်နေပါပြီ။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ
ဒီရာသီအစက ရီးယဲလ်ကနေ ယူနိုက်တက်ကို ပေါင်သန်း(၇၀)နဲ့ပြောင်းရွှေ့ခဲ့ပြီး
အစပိုင်းပွဲတွေမှာ လူစားဝင်အဖြစ်သာကစားခဲ့ရပေမယ့် အခုအချိန်မှာတော့

အဓိက,ကစားသမားအဖြစ် ပွဲတိုင်းပါဝင်ကစားခွင့်ရနေပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္တစ္ပတ္တနဂၤေႏြက်ရင္

မဟာၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ပြဲႀကီးပြဲေကာင္း ဆင္ႏႊဲရမွာျဖစ္ၿပီး အဲဒီပြဲကို
အသင္းရဲ႕ အဓိက,ကြင္းလယ္လူတစ္ဦး လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

ပထမအေက်ာ့တုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္တို႔ (၃-၁)ဂိုးနဲ႔
အႏိုင္ရခဲ့ၿပီး အခု ဒုတိယအေက်ာ့အျဖစ္ လာမယ့္တနဂၤေႏြ ျမန္မာစံေတာ္ခ်ိန္
ည(၁၁:၀၀)နာရီက်ရင္ အီမရိတ္စ္ကြင္းမွာ အာဆင္နယ္နဲ႔ ဆုံေတြ႕ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ကတ္စ္မဲ႐ိုးဟာ ပြဲပယ္ခံ
ရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီး အာဆင္နယ္နဲ႔ပြဲကို မထင္မွတ္ဘဲ လြဲေခ်ာ္ဖို႔
ရွိပါတယ္။ ကတ္စ္မဲ႐ိုးဟာ အခုေလာေလာဆယ္ အဝါကတ္(၄)ႀကိမ္ျပသခံခဲ့ရၿပီး
ဒီၾကားရက္ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲပြဲမွာ ပါဝင္ကစားခြင့္ရမယ္ဆိုရင္

အဝါမထိေအာင္ သတိထားကစားရမွာပါ။

ပရီးမီးယားလိဂ္ရဲ႕ သတ္မွတ္ထားတဲ့ ဥပေဒအရ ပထမဆုံးပြဲစဥ္(၁၉)ပြဲအတြင္း

ကစားသမားတစ္ဦးဟာ အဝါကတ္(၅)ႀကိမ္ျပသခံရမယ္ဆိုရင္ (၁)ပြဲပယ္
ျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ကတ္စ္မဲ႐ိုးအျပင္
ဖရက္ဒ္ကလည္း အဝါကတ္(၄)ႀကိမ္ျပသခံခဲ့ရတာေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံး
ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အဝါမထိေအာင္ကစားဖို႔ လိုအပ္ေနပါၿပီ။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ဘရာဇီးလ္ဝါရင့္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ
ဒီရာသီအစက ရီးယဲလ္ကေန ယူႏိုက္တက္ကို ေပါင္သန္း(၇၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး
အစပိုင္းပြဲေတြမွာ လူစားဝင္အျဖစ္သာကစားခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့

အဓိက,ကစားသမားအျဖစ္ ပြဲတိုင္းပါဝင္ကစားခြင့္ရေနပါတယ္။