အာဆင်နယ်တက်တူးကြီးနဲ့ ချဲလ်ဆီးအတွက် တကယ်ကစားပေးတော့မယ့် အူဘာမီယန်း

ချဲလ်ဆီးဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။ ကက်တာလန်ကလပ်ရဲ့အတွင်းသတင်းတွေ ဖောက်သည်ချလေ့ရှိတဲ့ နာမည်ကျော်သတင်းထောက်

ဂျာရတ်ရိုမီယိုက ဘာစီလိုနာလေဆိပ်ရောက်နေတဲ့ ဂါဘွန်တိုက်စစ်မှူးပုံတင်ပြီး ချဲလ်ဆီးကိုသွားပြီလို့ မှတ်ချက်ပေးလိုက်တာပါ။ ချဲလ်ဆီးဟာ အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့

သဘောတူခဲ့တယ်လို့လည်း စပိန်မီဒီယာတွေက ဖေါ်ပြနေကြပါတယ်။ အသင်းခေါင်းဆောင်လက်ပတ်ကို နည်းပြအာတီတာက ရုတ်သိမ်းလိုက်တဲ့နောက်ပိုင်း အာဆင်နယ်ကစားသမားဘ၀ အဆုံးသတ်သွားခဲ့ရတဲ့

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်ကမှ ဘာစီလိုနာကိုရောက်လာခဲ့တာပါ။ ကက်တာလန်ကလပ်အတွက် ၂၄ ပွဲမှာ ၁၃ ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် လီဝမ်ဒေါစကီးရောက်လာတဲ့ ဘာစီလိုနာမှာ

သူ့အတွက်နေရာမရှိတော့ပါဘူး။ လစာမြင့်မားနေတဲ့ကစားသမားတွေနဲ့ မလိုအပ်သူတွေကို နူးကမ့်ကနေ ရုံခါနေတဲ့အထဲ ပါဝင်ခဲ့ရတာပါ။ တကယ်လို့ ချဲလ်ဆီးကိုသာရောက်လာရင်တော့ ဂါဘွန်တိုက်စစ်မှူးဟာ

ဒေါ့တ်မန်မှာလက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းတူချယ်နဲ့ ပြန်ဆုံရမှာဖြစ်ပါတယ်။ လူကာကူနဲ့ တီမိုဝါနာကို ထွက်ခွာခွင့်ပေးလိုက်တဲ့နောက် တိုက်စစ်မှူးတစ်ဦးရှာနေတဲ့ ချဲလ်ဆီးအတွက် အဆင်ပြေသွားမှာဖြစ်ပေမယ့်

ပရိသတ်တွေကတော့ အူဘာမီယန်းကို တက်တူးအရင်ဖျက်လိုက်ဦးလို့ လှောင်ပြောင်နေကြပါတယ်။ ဂါဘွန်သားရဲ့ညာဘက်လက်ဖျံမှာ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး အာဆင်နယ်ဝတ်စုံနဲ့ ကွင်းထဲဝင်တော့မယ့်ပုံ တက်တူးရှိနေတာကြောင့်ပါ။

(zawgyi)

ခ်ဲလ္ဆီးဟာ ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္းကိုေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီလို႔ သိရပါတယ္။ ကက္တာလန္ကလပ္ရဲ႕အတြင္းသတင္းေတြ ေဖာက္သည္ခ်ေလ့ရွိတဲ့ နာမည္ေက်ာ္သတင္းေထာက္ ဂ်ာ

ရတ္႐ိုမီယိုက ဘာစီလိုနာေလဆိပ္ေရာက္ေနတဲ့ ဂါဘြန္တိုက္စစ္မႉးပုံတင္ၿပီး ခ်ဲလ္ဆီးကိုသြားၿပီလို႔ မွတ္ခ်က္ေပးလိုက္တာပါ။ ခ်ဲလ္ဆီးဟာ အူဘာမီယန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၈ သန္းနဲ႔

သေဘာတူခဲ့တယ္လို႔လည္း စပိန္မီဒီယာေတြက ေဖၚျပေနၾကပါတယ္။ အသင္းေခါင္းေဆာင္လက္ပတ္ကို နည္းျပအာတီတာက ႐ုတ္သိမ္းလိုက္တဲ့ေနာက္ပိုင္း အာဆင္နယ္ကစားသမားဘ၀ အဆုံးသတ္သြားခဲ့ရတဲ့

အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီေဈးကြက္ကမွ ဘာစီလိုနာကိုေရာက္လာခဲ့တာပါ။ ကက္တာလန္ကလပ္အတြက္ ၂၄ ပြဲမွာ ၁၃ ဂိုးသြင္းေပးႏိုင္ခဲ့ေပမယ့္ လီဝမ္ေဒါစကီးေရာက္လာတဲ့ ဘာစီလိုနာမွာ သူ႔အတြက္ေနရာမရွိေတာ့ပါဘူး။

လစာျမင့္မားေနတဲ့ကစားသမားေတြနဲ႔ မလိုအပ္သူေတြကို ႏူးကမ့္ကေန ႐ုံခါေနတဲ့အထဲ ပါဝင္ခဲ့ရတာပါ။ တကယ္လို႔ ခ်ဲလ္ဆီးကိုသာေရာက္လာရင္ေတာ့ ဂါဘြန္တိုက္စစ္မႉးဟာ ေဒါ့တ္မန္မွာလက္တြဲခဲ့ဖူးတဲ့

ဆရာေဟာင္းတူခ်ယ္နဲ႔ ျပန္ဆုံရမွာျဖစ္ပါတယ္။ လူကာကူနဲ႔ တီမိုဝါနာကို ထြက္ခြာခြင့္ေပးလိုက္တဲ့ေနာက္ တိုက္စစ္မႉးတစ္ဦးရွာေနတဲ့ ခ်ဲလ္ဆီးအတြက္ အဆင္ေျပသြားမွာျဖစ္ေပမယ့္ ပရိသတ္ေတြကေတာ့

အူဘာမီယန္းကို တက္တူးအရင္ဖ်က္လိုက္ဦးလို႔ ေလွာင္ေျပာင္ေနၾကပါတယ္။ ဂါဘြန္သားရဲ႕ညာဘက္လက္ဖ်ံမွာ ကေလးႏွစ္ေယာက္ကို လက္ဆြဲၿပီး အာဆင္နယ္ဝတ္စုံနဲ႔ ကြင္းထဲဝင္ေတာ့မယ့္ပုံ တက္တူးရွိေနတာေၾကာင့္ပါ။