အာဆင်နယ်တက်တူးကြီးနဲ့ ချဲလ်ဆီးမှာကစားမလို့လား အူဘာမီယန်း

တိုက်စစ်မှူးအူဘာမီယန်းအတွက် ကန်ဒေါ်လာ ၁၇ သန်းအပြင် မားကို့စ်အလွန်ဆိုကိုပါအလိုက်ပေးပြီး ချဲလ်ဆီးကမ်းလှမ်းလိုက်တယ်လို့ နောက်ဆုံးသတင်းတက်လာပါတယ်။ ဘာစီလိုနာရဲ့လက်ရှိအခြေအနေနဲ့

ချဲလ်ဆီးရဲ့ငွေကြေးအင်အားကြောင့် ဂါဘွန်တိုက်စစ်မှူးရဲ့အပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာဖို့လည်း ရှိနေပါတယ်။ ခက်တာက ချဲလ်ဆီးကိုရောက်လာရင် သူ့ကိုယ်ပေါ်က တက်တူးနဲ့အဆင်မပြေဖြစ်တော့မှာပါပဲ။

အာဆင်နယ်ကနေ ဘာစီလိုနာကို အူဘာမီယန်းရောက်သွားတာ လအနည်းသာရှိပါသေးတယ်။ တနည်းအားဖြင့် လန်ဒန်မြောက်ပိုင်းကလပ်ကနေထွက်ခွာဖို့ အလွန်အမင်းစိတ်ထက်သန်နေတာကြောင့်

အာဆင်နယ်ရဲ့တရားဝင်ခွင့်ပြုချက် မရသေးခင်မှာပဲ နူးကမ့်ရောက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ သူဟာ လာလီဂါ ၁၇ ပွဲကစားခွင့်ရခဲ့ပြီး ၁၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လီဝမ်ဒေါစကီးအပါအဝင် တိုက်စစ်အတွက်

ရွေးချယ်စရာတွေရှိလာသလို ဘဏ္ဍာရေးချိန်ခွင့်လျှာညှိရတော့မယ့် ဘာစီလိုနာရဲ့ရုံခါတဲ့အထဲမှာ ပါဝင်လာခဲ့တာပါ။ လန်ဒန်ကလပ်တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးက အူဘာမီယန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူ့ကိုယ်ပေါ်မှာ

အာဆင်နယ်တက်တူးကြီး ရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂန်းနားတိုက်စစ်မှူးဟောင်းရဲ့ ညာဘက်လက်ဖျံပေါ်မှာ သူ့ကလေးနှစ်ယောက်ပုံနဲ့အတူ အာဆင်နယ်အင်္ကျီပုံတက်တူး ရှိနေတာပါ။ အာဆင်နယ်အမှတ်တံဆိပ် ဒါမှမဟုတ်

တခြားအထိမ်းအမှတ်တွေမပါပေမယ့် ဂန်းနားအင်္ကျီပုံကြီးကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် ချဲလ်ဆီးကိုသာပြောင်းရွှေ့ဖြစ်ရင် လန်ဒန်မှာ တက်တူးဖျက်တဲ့ဆိုင် အရင်ရှာဖို့လိုနေပြီ အူဘာမီယန်းလို့ ပရိသတ်တွေက နောက်ပြောင်နေကြတာပါ။

(zawgyi)

တိုက္စစ္မႉးအူဘာမီယန္းအတြက္ ကန္ေဒၚလာ ၁၇ သန္းအျပင္ မားကို႔စ္အလြန္ဆိုကိုပါအလိုက္ေပးၿပီး ခ်ဲလ္ဆီးကမ္းလွမ္းလိုက္တယ္လို႔ ေနာက္ဆုံးသတင္းတက္လာပါတယ္။ ဘာစီလိုနာရဲ႕လက္ရွိအေျခအေနနဲ႔

ခ်ဲလ္ဆီးရဲ႕ေငြေၾကးအင္အားေၾကာင့္ ဂါဘြန္တိုက္စစ္မႉးရဲ႕အေျပာင္းအေ႐ႊ႕ဟာ တကယ္ျဖစ္လာဖို႔လည္း ရွိေနပါတယ္။ ခက္တာက ခ်ဲလ္ဆီးကိုေရာက္လာရင္ သူ႔ကိုယ္ေပၚက တက္တူးနဲ႔အဆင္မေျပျဖစ္ေတာ့မွာပါပဲ။

အာဆင္နယ္ကေန ဘာစီလိုနာကို အူဘာမီယန္းေရာက္သြားတာ လအနည္းသာရွိပါေသးတယ္။ တနည္းအားျဖင့္ လန္ဒန္ေျမာက္ပိုင္းကလပ္ကေနထြက္ခြာဖို႔ အလြန္အမင္းစိတ္ထက္သန္ေနတာေၾကာင့္ အာဆင္နယ္ရဲ႕တရားဝင္ခြင့္ျပဳခ်က္

မရေသးခင္မွာပဲ ႏူးကမ့္ေရာက္သြားခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီမွာ သူဟာ လာလီဂါ ၁၇ ပြဲကစားခြင့္ရခဲ့ၿပီး ၁၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ လီဝမ္ေဒါစကီးအပါအဝင္ တိုက္စစ္အတြက္ ေ႐ြးခ်ယ္စရာေတြရွိလာသလို

ဘ႑ာေရးခ်ိန္ခြင့္လွ်ာညႇိရေတာ့မယ့္ ဘာစီလိုနာရဲ႕႐ုံခါတဲ့အထဲမွာ ပါဝင္လာခဲ့တာပါ။ လန္ဒန္ကလပ္တစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးက အူဘာမီယန္းကိုေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ သူ႔ကိုယ္ေပၚမွာ အာဆင္နယ္တက္တူးႀကီး ရွိေနပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ဂန္းနားတိုက္စစ္မႉးေဟာင္းရဲ႕ ညာဘက္လက္ဖ်ံေပၚမွာ သူ႔ကေလးႏွစ္ေယာက္ပုံနဲ႔အတူ အာဆင္နယ္အက်ႌပုံတက္တူး ရွိေနတာပါ။ အာဆင္နယ္အမွတ္တံဆိပ္ ဒါမွမဟုတ္ တျခားအထိမ္းအမွတ္ေတြမပါေပမယ့္

ဂန္းနားအက်ႌပုံႀကီးကေတာ့ ထင္ရွားေနပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးကိုသာေျပာင္းေ႐ႊ႕ျဖစ္ရင္ လန္ဒန္မွာ တက္တူးဖ်က္တဲ့ဆိုင္ အရင္ရွာဖို႔လိုေနၿပီ အူဘာမီယန္းလို႔ ပရိသတ္ေတြက ေနာက္ေျပာင္ေနၾကတာပါ။