
တူရကီကလပ်ဖီနာဘာချီဟာ ကွင်းလယ်လူမီဆတ်အိုဇေးလ်ကို
အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ရုတ်တရတ်
ကြေညာလိုက်ပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကို လူသိရှင်ကြား
မပြောသေးပေမယ့် သူဟာ နည်းပြနဲ့စကားများခဲ့တာလို့ သတင်းထွက်ပေါ်နေတာပါ။
၃၃ နှစ်အရွယ် အဲဒီအာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေက
ကွန်ယာစပေါကို ၂-၁ နဲ့အနိုင်ခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်
ပါဝင်ကစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အိုဇေးလ်ဟာ အဲဒီပွဲမှာ ပထမပိုင်းပြီးချိန်ရောက်တော့
လူစားလဲခံခဲ့ရတာပါ။ သူဟာ ဒဏ်ရာကြောင့် ၆ ပတ်ကြာနားရပြီးနောက်ပိုင်း
ပြန်ကစားနိုင်တာ ၃ ပွဲသာ ရှိပါသေးတယ်။ Football London သတင်းဌာနကတော့
မပျော်ရွှင်ဖြစ်နေတဲ့အိုဇေးလ်ဟာ အသင်းရဲ့ယာယီနည်းပြကာတယ်နဲ့
စကားများခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီဂျာမန်လက်ရွေးစင်ဟောင်းဟာ
၂၀၂၁ ဇန်နဝါရီမှာ အာဆင်နယ်ကနေ အလွတ်ထွက်ခွာလာပြီး တူရကီကလပ်ကို
ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ဖီနာဘာချီအတွက် ၃၇ ပွဲကစားပေးထားပြီး
လက်ရှိအသင်းမှာ သူရခဲ့တဲ့ ၉ ဂိုးစလုံးက အခုရာသီ သူ့ရဲ့၂၆ ပွဲမှာ သွင်းယူခဲ့တာ
ဖြစ်ပါတယ်။ ဖီနာဘာချီဟာ အိုဇေးလ်အပြင် သူ့ရဲ့အသင်းဖော်တူဖန်ကိုလည်း
အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။ သူတို့နှစ်ယောက်ကို လူစာရင်းက
ထုတ်ပယ်ဖို့ ယာယီနည်းပြကာတယ်က ဆုံးဖြတ်ခဲ့တာလို့ နားလည်ရပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ပထမအသင်းနဲ့လေ့ကျင့်ခန်း
ဆင်းခွင့်ရမှာမဟုတ်သလို ဒီလိုပိတ်ပင်မှု ဘယ်လောက်ကြာမယ်မှန်း မသိရသေးပါဘူး။
ZAWGYI
အာဆင္နယ္ၾကယ္ပြင့္ေဟာင္း အုိေဇးလ္ကုိ အသင္းလူစာရင္းကေန ထုတ္ပယ္ခဲ့တဲ့ ဖီနာဘာခ်ီ
တူရကီကလပ္ဖီနာဘာခ်ီဟာ ကြင္းလယ္လူမီဆတ္အိုေဇးလ္ကို
အသင္းလူစာရင္းကေန ထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္း ႐ုတ္တရတ္
ေၾကညာလိုက္ပါတယ္။ ဒီလိုလုပ္ရတဲ့အေၾကာင္းရင္းကို လူသိရွင္ၾကား
မေျပာေသးေပမယ့္ သူဟာ နည္းျပနဲ႔စကားမ်ားခဲ့တာလို႔ သတင္းထြက္ေပၚေနတာပါ။
၃၃ ႏွစ္အ႐ြယ္ အဲဒီအာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြက
ကြန္ယာစေပါကို ၂-၁ နဲ႔အႏိုင္ခဲ့တဲ့အိမ္ကြင္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္
ပါဝင္ကစားခဲ့ပါေသးတယ္။ ဒါေပမဲ့ အိုေဇးလ္ဟာ အဲဒီပြဲမွာ ပထမပိုင္းၿပီးခ်ိန္ေရာက္ေတာ့
လူစားလဲခံခဲ့ရတာပါ။ သူဟာ ဒဏ္ရာေၾကာင့္ ၆ ပတ္ၾကာနားရၿပီးေနာက္ပိုင္း
ျပန္ကစားႏိုင္တာ ၃ ပြဲသာ ရွိပါေသးတယ္။ Football London သတင္းဌာနကေတာ့
မေပ်ာ္႐ႊင္ျဖစ္ေနတဲ့အိုေဇးလ္ဟာ အသင္းရဲ႕ယာယီနည္းျပကာတယ္နဲ႔
စကားမ်ားခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အဲဒီဂ်ာမန္လက္ေ႐ြးစင္ေဟာင္းဟာ
၂၀၂၁ ဇန္နဝါရီမွာ အာဆင္နယ္ကေန အလြတ္ထြက္ခြာလာၿပီး တူရကီကလပ္ကို
ေျပာင္းေ႐ႊ႕ခဲ့တာပါ။ သူဟာ ဖီနာဘာခ်ီအတြက္ ၃၇ ပြဲကစားေပးထားၿပီး
လက္ရွိအသင္းမွာ သူရခဲ့တဲ့ ၉ ဂိုးစလုံးက အခုရာသီ သူ႔ရဲ႕၂၆ ပြဲမွာ သြင္းယူခဲ့တာ
ျဖစ္ပါတယ္။ ဖီနာဘာခ်ီဟာ အိုေဇးလ္အျပင္ သူ႔ရဲ႕အသင္းေဖာ္တူဖန္ကိုလည္း
အသင္းလူစာရင္းကေန ထုတ္ပယ္ခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ကို လူစာရင္းက
ထုတ္ပယ္ဖို႔ ယာယီနည္းျပကာတယ္က ဆုံးျဖတ္ခဲ့တာလို႔ နားလည္ရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ပထမအသင္းနဲ႔ေလ့က်င့္ခန္း
ဆင္းခြင့္ရမွာမဟုတ္သလို ဒီလိုပိတ္ပင္မႈ ဘယ္ေလာက္ၾကာမယ္မွန္း မသိရေသးပါဘူး။
Leave a Reply