အာဆင်နယ်ကို ဟက်ထရစ်သွင်းခဲ့တဲ့ပွဲအကြောင်း အချိန်ကိုက်ပြန်ပြောပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာလား ရွန်နေး

ဒီအချိန်ကြီးမှ ဒီအကြောင်းတွေပြန်ပြောနေတာ ဘာသဘောလဲရွန်နေးလို့ မေးခွန်းထုတ်သူတွေ ထုတ်နေကြပါပြီ။ အကြောင်းကတော့ မန်ယူတိုက်စစ်မှူးဟောင်းဟာ ၂၀၁၁ သြဂုတ်လတုန်းက အာဆင်နယ်ကို ၈-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအကြောင်း

ပြန်ပြောလာလို့ပါပဲ။ ပရီးမီးယားလိဂ်ပရိသတ်တွေ မမေ့နိုင်တဲ့ သမိုင်းဝင်ပွဲတစ်ပွဲဖြစ်ခဲ့သလို ဂန်းနားတွေအတွက်လည်း ဘယ်တော့မှပြန်မသွားချင်တဲ့ အတိတ်မျိုးဖြစ်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အတွက် ၁၉၂၇ ခုနှစ်နောက်ပိုင်း၊

တနည်းအားဖြင့် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းတစ်သင်းကို ဂိုးအပြတ်ဆုံးအရေးနိမ့်တဲ့ပွဲ ဖြစ်ခဲ့တာပါ။ ရွန်းနေးကတော့ အဲဒီပွဲမှာ သူ ဟက်ထရစ်သွင်းနိုင်ပေမယ့် ပြိုင်ဘက်နည်းပြကြီးအာစင်ဝင်းဂါးအပေါ် လေးစားစိတ်ကြောင့်

သက်သောင့်သက်သာမရှိခဲ့သလို မန်ယူပရိသတ်တွေရဲ့လှောင်ပြောင်မှုကြောင့်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ ဖွင့်ဟလိုက်ကြောင်း The Sun သတင်းစာက ဖေါ်ပြပါတယ်။ “ ဒီပွဲမှာ ကျွန်တော် ဟက်ထရစ်သွင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုမျိုး ခံစားခဲ့ရတာတော့ မဟုတ်ပါဘူး။ တကယ်ပါ။ ကျွန်တော် စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ နည်းပြကြီးအာစင်ဝင်းဂါးကို ကျွန်တော်နှစ်သက်သလို လေးစားမှုလည်းရှိပါတယ်။

ကျွန်တော်တို့ပရိသတ်တွေကတော့ ပျော်တာပေါ့။ ဒါပေမဲ့ ၈-၂ ဂိုးဆိုတဲ့ ပွဲရလဒ်ကိုပြပြီး သူတို့လှောင်ပြောင်တာမြင်ရတာတော့ ကျွန်တော့်အတွက် ပျော်စရာမဟုတ်ခဲ့ပါဘူး ” လို့ ရွန်နေးက ဖွင့်ဟလိုက်ကြောင်း

ရေးသားထားပါတယ်။ အာဆင်နယ်ကိုအားနာတဲ့ သူ့ရည်ရွယ်ချက်ကို အတိုင်းသားမြင်ရပေမယ့် ပြိုင်ဘက်နှစ်သင်းရင်ဆိုင်ချိန်နီးမှ ထပြောတာကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရတာပါ။

(zawgyi)

ဒီအခ်ိန္ႀကီးမွ ဒီအေၾကာင္းေတြျပန္ေျပာေနတာ ဘာသေဘာလဲ႐ြန္ေနးလို႔ ေမးခြန္းထုတ္သူေတြ ထုတ္ေနၾကပါၿပီ။ အေၾကာင္းကေတာ့ မန္ယူတိုက္စစ္မႉးေဟာင္းဟာ ၂၀၁၁ ၾသဂုတ္လတုန္းက

အာဆင္နယ္ကို ၈-၂ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲအေၾကာင္း ျပန္ေျပာလာလို႔ပါပဲ။ ပရီးမီးယားလိဂ္ပရိသတ္ေတြ မေမ့ႏိုင္တဲ့ သမိုင္းဝင္ပြဲတစ္ပြဲျဖစ္ခဲ့သလို ဂန္းနားေတြအတြက္လည္း ဘယ္ေတာ့မွျပန္မသြားခ်င္တဲ့ အတိတ္မ်ိဳးျဖစ္ခဲ့ပါတယ္။

ဒါဟာ အာဆင္နယ္အတြက္ ၁၉၂၇ ခုႏွစ္ေနာက္ပိုင္း၊ တနည္းအားျဖင့္ ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္အသင္းတစ္သင္းကို ဂိုးအျပတ္ဆုံးအေရးနိမ့္တဲ့ပြဲ ျဖစ္ခဲ့တာပါ။ ႐ြန္းေနးကေတာ့ အဲဒီပြဲမွာ သူ ဟက္ထရစ္သြင္းႏိုင္ေပမယ့္

ၿပိဳင္ဘက္နည္းျပႀကီးအာစင္ဝင္းဂါးအေပၚ ေလးစားစိတ္ေၾကာင့္ သက္ေသာင့္သက္သာမရွိခဲ့သလို မန္ယူပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈေၾကာင့္လည္း စိတ္မေကာင္းျဖစ္မိတယ္လို႔ ဖြင့္ဟလိုက္ေၾကာင္း

The Sun သတင္းစာက ေဖၚျပပါတယ္။ “ ဒီပြဲမွာ ကြၽန္ေတာ္ ဟက္ထရစ္သြင္းႏိုင္ခဲ့တယ္။ ဒါေပမဲ့ ၿပီးျပည့္စုံတဲ့ေပ်ာ္႐ႊင္မႈမ်ိဳး ခံစားခဲ့ရတာေတာ့ မဟုတ္ပါဘူး။ တကယ္ပါ။ ကြၽန္ေတာ္ စိတ္မသက္မသာျဖစ္ခဲ့ရပါတယ္။

နည္းျပႀကီးအာစင္ဝင္းဂါးကို ကြၽန္ေတာ္ႏွစ္သက္သလို ေလးစားမႈလည္းရွိပါတယ္။ ကြၽန္ေတာ္တို႔ပရိသတ္ေတြကေတာ့ ေပ်ာ္တာေပါ့။ ဒါေပမဲ့ ၈-၂ ဂိုးဆိုတဲ့ ပြဲရလဒ္ကိုျပၿပီး သူတို႔ေလွာင္ေျပာင္တာျမင္ရတာေတာ့

ကြၽန္ေတာ့္အတြက္ ေပ်ာ္စရာမဟုတ္ခဲ့ပါဘူး ” လို႔ ႐ြန္ေနးက ဖြင့္ဟလိုက္ေၾကာင္း ေရးသားထားပါတယ္။ အာဆင္နယ္ကိုအားနာတဲ့ သူ႔ရည္႐ြယ္ခ်က္ကို အတိုင္းသားျမင္ရေပမယ့္ ၿပိဳင္ဘက္ႏွစ္သင္းရင္ဆိုင္ခ်ိန္နီးမွ ထေျပာတာကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရတာပါ။