အာဆင်နယ်ကို မန်ယူ ဂိုးပြတ်နိုင်တာဟာ အသင်းဖော်တွေကို စီရော်နယ်ဒို ကြိမ်တို့ပေးခဲ့လို့ပါ

ဒီရာသီ မန်ယူနည်းပြ အဲရစ်တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာ ဦးစားပေးမခံရလို့ စီရော်နယ်ဒိုကို ဘာမှ အရေးမပါတဲ့ ကစားသမားမျိုးလို့ ထင်လိုက်ရင် တော့ အမှားလုပ်မိလိုက်တာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကို မန် ယူက ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ

လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့် ရခဲ့ပေမယ့် စီရော်နယ်ဒိုဟာ နိုင်ပွဲဆာလောင်စိတ်အပြည့်နဲ့ ပေးဆပ်ကစားသွားခဲ့ပြီး ဒုတိယပိုင်းမှာ မန်ယူကို ပြိုင်ဘက်အသင်းထက် နှာတစ်ဖျားသာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူအသင်းသားတွေဟာ စီရော်နယ်ဒို ကြိမ်နဲ့လိုက်တို့ပေးမှ ရုန်းကြတဲ့ ကောင်မျိုးတွေဖြစ်နေတယ် ဆိုပြီး ပရိသတ်တွေက ပြောနေကြပြီဖြစ်ပါတယ်။ အာဆင်နယ်က မန်ယူဘက်ကို ချေပဂိုးသွင်း ယူလိုက်တဲ့အချိန်မှာ ပေါ်တူဂီသားက

ဖာနန်ဒက်စ်၊ အဲရစ်ဆင် အပါအဝင် မန်ယူအသင်းသားအားလုံးနီးပါးကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပြီး လှုံ့ဆော် တွန်းအားပေးခဲ့တာကြောင့် ပရိသတ်တွေက အခုလိုမျိုး ပြောနေကြတာဖြစ် ပါတယ်။

သူ့ရဲ့ လှုံ့ဆော်မှုဟာ ဘယ်အတိုင်းအတာအထိ ခရီးရောက်ခဲ့သလဲ ဆိုတာ တိုင်းတာရမယ့် ပေတံမျိုး မရှိပေမယ့် မန်ယူဟာ ချက်ချင်းဆိုသလိုပဲ ဦးဆောင်ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို

နောက်ကောက်ချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသင်းသားတွေအပေါ်မှာ  စီရော်နယ်ဒိုတစ်ယောက် လိုက်လံဆော်သြနေတဲ့ ဗီဒီယိုဖိုင်ကို ပရိသတ် တွေက လူမှုကွန်ရက်ပေါ်မှာတင်ပြီး ‘’ခေါင်းဆောင်မွေးဖွားပြီ’’ဆိုတဲ့ Caption နဲ့ ဖြန့်ဝေခဲ့ကြပါတယ်။

‘’စီရော်နယ်ဒိုရဲ့ ပုံစံမျိုးကို ကျွန်တော်တို့ မြင်ရဖို့အ တွက် အချိန်အကြာကြီး စောင့်ရပါဦးမယ်’’ လို့ ပရိသတ်တစ်ယောက်က မှတ်ချက်ပြုပါတယ်။ ပရိသတ်အများစု မှတ်ချက်ပေးတာကတော့ ‘’ဒီလို လူမျိုးဟာ ဘာကြောင့် အသင်းခေါင်းဆောင် မဖြစ်သေးတာလဲ’’ ဆိုတာပါပဲ။

ဒါပေမဲ့ The Sun သတင်းစာကတော့ သတင်းဖော်ပြတဲ့နေရာမှာ ‘’မန်ယူအသင်းဖော်တွေ ကို စီရော်နယ်ဒို ကြိမ်နဲ့လိုက်တို့ပေးနေတဲ့အကြောင်း ပရိသတ်တွေ ပြောနေကြပြီ’’ ဆိုပြီး သတင်းခေါင်းစဉ် ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

(zawgyi)

ဒီရာသီ မန္ယူနည္းျပ အဲရစ္တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းမွာ ဦးစားေပးမခံရလို႔ စီေရာ္နယ္ဒိုကို ဘာမွ အေရးမပါတဲ့ ကစားသမားမ်ိဳးလို႔ ထင္လိုက္ရင္ ေတာ့ အမွားလုပ္မိလိုက္တာပဲလို႔ ဆိုရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ကို မန္ ယူက ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ

လူစားဝင္ကစားသမားအျဖစ္သာ ကစားခြင့္ ရခဲ့ေပမယ့္ စီေရာ္နယ္ဒိုဟာ ႏိုင္ပြဲဆာေလာင္စိတ္အျပည့္နဲ႔ ေပးဆပ္ကစားသြားခဲ့ၿပီး ဒုတိယပိုင္းမွာ မန္ယူကို ၿပိဳင္ဘက္အသင္းထက္ ႏွာတစ္ဖ်ားသာေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ မန္ယူအသင္းသားေတြဟာ စီေရာ္နယ္ဒို ႀကိမ္နဲ႔လိုက္တို႔ေပးမွ ႐ုန္းၾကတဲ့ ေကာင္မ်ိဳးေတြျဖစ္ေနတယ္ ဆိုၿပီး ပရိသတ္ေတြက ေျပာေနၾကၿပီျဖစ္ပါတယ္။ အာဆင္နယ္က မန္ယူဘက္ကို ေခ်ပဂိုးသြင္း ယူလိုက္တဲ့အခ်ိန္မွာ

ေပၚတူဂီသားက ဖာနန္ဒက္စ္၊ အဲရစ္ဆင္ အပါအဝင္ မန္ယူအသင္းသားအားလုံးနီးပါးကို ကိုယ္တိုင္ကိုယ္က် လိုက္လံၿပီး လႈံ႕ေဆာ္ တြန္းအားေပးခဲ့တာေၾကာင့္ ပရိသတ္ေတြက အခုလိုမ်ိဳး ေျပာေနၾကတာျဖစ္ ပါတယ္။ သူ႔ရဲ႕ လႈံ႕ေဆာ္မႈဟာ

ဘယ္အတိုင္းအတာအထိ ခရီးေရာက္ခဲ့သလဲ ဆိုတာ တိုင္းတာရမယ့္ ေပတံမ်ိဳး မရွိေပမယ့္ မန္ယူဟာ ခ်က္ခ်င္းဆိုသလိုပဲ ဦးေဆာင္ဂိုး ျပန္သြင္းႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္ကို ေနာက္ေကာက္ခ်ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အသင္းသားေတြအေပၚမွာ စီေရာ္နယ္ဒိုတစ္ေယာက္ လိုက္လံေဆာ္ၾသေနတဲ့ ဗီဒီယိုဖိုင္ကို ပရိသတ္ ေတြက လူမႈကြန္ရက္ေပၚမွာတင္ၿပီး ‘’ေခါင္းေဆာင္ေမြးဖြားၿပီ’’ဆိုတဲ့ Caption နဲ႔ ျဖန႔္ေဝခဲ့ၾကပါတယ္။

‘’စီေရာ္နယ္ဒိုရဲ႕ ပုံစံမ်ိဳးကို ကြၽန္ေတာ္တို႔ ျမင္ရဖို႔အ တြက္ အခ်ိန္အၾကာႀကီး ေစာင့္ရပါဦးမယ္’’ လို႔ ပရိသတ္တစ္ေယာက္က မွတ္ခ်က္ျပဳပါတယ္။ ပရိသတ္အမ်ားစု မွတ္ခ်က္ေပးတာကေတာ့ ‘’ဒီလို လူမ်ိဳးဟာ ဘာေၾကာင့္ အသင္းေခါင္းေဆာင္ မျဖစ္ေသးတာလဲ’’ ဆိုတာပါပဲ။

ဒါေပမဲ့ The Sun သတင္းစာကေတာ့ သတင္းေဖာ္ျပတဲ့ေနရာမွာ ‘’မန္ယူအသင္းေဖာ္ေတြ ကို စီေရာ္နယ္ဒို ႀကိမ္နဲ႔လိုက္တို႔ေပးေနတဲ့အေၾကာင္း ပရိသတ္ေတြ ေျပာေနၾကၿပီ’’ ဆိုၿပီး သတင္းေခါင္းစဥ္ ေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။