အာဂျင်တီးနားအသင်းရဲ့ သမိုင်းဝင်ဆုဖလားအောင်မြင်မှုတွေအတွက် နောက်ကွယ်က ပဲ့ကိုင်ရှင်

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံ

ပြင်သစ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက်
တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲအတွက် အားလုံးက မက်ဆီကို ဦးစားပေး
ချီးကျူးနေကြပေမယ့် အသင်းကို အကောင်းဆုံး ဦးဆောင်ပေးခဲ့တဲ့ နည်းပြ
စကာလိုနီကိုလည်း မေ့မထားသင့်ပါဘူး။

ဘောလုံးသမားဘဝတုန်းက ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့ အသင်းဖော်
ဖြစ်ခဲ့သူ စကာလိုနီဟာ (၁၆)နှစ်အကြာမှာတော့ မက်ဆီနဲ့အတူ လက်တွဲပြီး ၁၉၈၆
နောက်ပိုင်း ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်(၄၄)နှစ်သာရှိသေးတဲ့ စကာလိုနီဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက
ဂျာမနီအသင်းနည်းပြရူဒီဗောင်လာ(၄၂နှစ်)နောက်ပိုင်း လက်ရွေးစင်အသင်းနဲ့အတူ
ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ခွင့်ရတဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒ့ါအပြင် ၁၉၇၈ ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ချန်ပီယံဆုရယူပေးခဲ့တဲ့
နာမည်ကျော်နည်းပြဟောင်း မီနော့တီ(၃၉နှစ်)ပြီးရင် ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့

ဒုတိယမြောက် အသက်အငယ်ဆုံးနည်းပြလည်းဖြစ်ပါတယ်။

၂၀၁၈၊ သြဂုတ်လကမှ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်

ဆောင်ရွက်ခဲ့သူ စကာလိုနီဟာ (၄)နှစ်အတွင်းမှာပဲ ကိုပါအမေရိကဖလား(၂၀၂၁)၊ ၂၀၂၂
Finalissima ဖလား (ကိုပါအမေရိကချန်ပီယံနဲ့ ယူရိုချန်ပီယံဗိုလ်လုတဲ့ပွဲ)နဲ့ အခု ၂၀၂၂
ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူပေးခဲ့ပါတယ်။

တောင်အမေရိက ဘောလုံးသမိုင်းမှာ ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု
နှစ်ခုစလုံးဆွတ်ခူးနိုင်တဲ့သူက စကာလိုနီအပါအဝင် (၃)ဦးသာရှိပြီး စကာလိုနီမတိုင်ခင်
ဘရာဇီးလ်ဂန္ထဝင်နည်းပြကြီးတွေဖြစ်တဲ့ ဇာဂါလို (၁၉၇၀ ကမ္ဘာ့ဖလား၊ ၁၉၉၇
ကိုပါအမေရိက)၊ ကားလို့စ်အယ်လ်ဘာတိုပါရဲရား (၁၉၉၄ ကမ္ဘာ့ဖလား၊ ၂၀၀၄

ကိုပါအမေရိက)တို့ပဲဖြစ်ပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းဟာ လက္ရွိခ်န္ပီယံ

ျပင္သစ္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး အသင္းသမိုင္းတစ္ေလွ်ာက္
တတိယအႀကိမ္ေျမာက္ ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕ ေအာင္ပြဲအတြက္ အားလုံးက မက္ဆီကို ဦးစားေပး
ခ်ီးက်ဴးေနၾကေပမယ့္ အသင္းကို အေကာင္းဆုံး ဦးေဆာင္ေပးခဲ့တဲ့ နည္းျပ
စကာလိုနီကိုလည္း ေမ့မထားသင့္ပါဘူး။

ေဘာလုံးသမားဘဝတုန္းက ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မက္ဆီနဲ႔ အသင္းေဖာ္
ျဖစ္ခဲ့သူ စကာလိုနီဟာ (၁၆)ႏွစ္အၾကာမွာေတာ့ မက္ဆီနဲ႔အတူ လက္တြဲၿပီး ၁၉၈၆
ေနာက္ပိုင္း ေဝးကြာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္(၄၄)ႏွစ္သာရွိေသးတဲ့ စကာလိုနီဟာ ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက
ဂ်ာမနီအသင္းနည္းျပ႐ူဒီေဗာင္လာ(၄၂ႏွစ္)ေနာက္ပိုင္း လက္ေ႐ြးစင္အသင္းနဲ႔အတူ
ကမာၻ႔ဖလားဗိုလ္လုပြဲတက္ခြင့္ရတဲ့ အသက္အငယ္ဆုံးနည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒ့ါအျပင္ ၁၉၇၈ ၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ ခ်န္ပီယံဆုရယူေပးခဲ့တဲ့
နာမည္ေက်ာ္နည္းျပေဟာင္း မီေနာ့တီ(၃၉ႏွစ္)ၿပီးရင္ ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးခဲ့တဲ့

ဒုတိယေျမာက္ အသက္အငယ္ဆုံးနည္းျပလည္းျဖစ္ပါတယ္။

၂၀၁၈၊ ၾသဂုတ္လကမွ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ စတင္

ေဆာင္႐ြက္ခဲ့သူ စကာလိုနီဟာ (၄)ႏွစ္အတြင္းမွာပဲ ကိုပါအေမရိကဖလား(၂၀၂၁)၊ ၂၀၂၂
Finalissima ဖလား (ကိုပါအေမရိကခ်န္ပီယံနဲ႔ ယူ႐ိုခ်န္ပီယံဗိုလ္လုတဲ့ပြဲ)နဲ႔ အခု ၂၀၂၂
ကမာၻ႔ဖလားခ်န္ပီယံဆုေတြ ရယူေပးခဲ့ပါတယ္။

ေတာင္အေမရိက ေဘာလုံးသမိုင္းမွာ ကိုပါအေမရိကဖလားနဲ႔ ကမာၻ႔ဖလားခ်န္ပီယံဆု
ႏွစ္ခုစလုံးဆြတ္ခူးႏိုင္တဲ့သူက စကာလိုနီအပါအဝင္ (၃)ဦးသာရွိၿပီး စကာလိုနီမတိုင္ခင္
ဘရာဇီးလ္ဂႏၴဝင္နည္းျပႀကီးေတြျဖစ္တဲ့ ဇာဂါလို (၁၉၇၀ ကမာၻ႔ဖလား၊ ၁၉၉၇
ကိုပါအေမရိက)၊ ကားလို႔စ္အယ္လ္ဘာတိုပါရဲရား (၁၉၉၄ ကမာၻ႔ဖလား၊ ၂၀၀၄

ကိုပါအေမရိက)တို႔ပဲျဖစ္ပါတယ္။