အာဂျင်တီးနားဟာ မက်ဆီအတွက် ခြင်္သေ့တွေလို တိုက်ခိုက်ပေးနေတာလို့ မာတီနက်ဇ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်သလို သူ့ရဲ့အာဂျင်တိုင်း

အသင်းဖော်တွေကလည်း အဲဒီပီအက်စ်ဂျီကြယ်ပွင့်အတွက် ခြင်္သေ့တွေလို

တိုက်ခိုက်ပေးနေကြောင်း အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်က

ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအာဂျင်တီးနားစူပါစတားဟာ ဝင်ဘလေက

အီတလီနဲ့ Finalissima ဗိုလ်လုပွဲမှာ ၃-၀ ပြတ်နဲ့အနိုင်ရဗိုလ်စွဲအောင်

ခြေစွမ်းပြစွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ မက်ဆီဟာ ကလပ်အသင်းပီအက်စ်ဂျီမှာ

အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် နိုင်ငံအသင်းမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို

ပြနိုင်နေဆဲပါပဲ။ အီတလီနဲ့ပွဲအပြီးမှာလည်း man of the match ဆုကို ရခဲ့ပါသေးတယ်။

အခုဆို မက်ဆီရဲ့အာဂျင်တီးနားဟာ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့်

ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက

တစ်သင်းဖြစ်လာပါတယ်။ ကမ္ဘာ့ဖလားဟာ မက်ဆီရဲ့ဆုဖလားခန်းထဲမှာ

လိုအပ်နေသေးတဲ့ အကြီးဆုံးတစ်ခုပါပဲ။ ဂိုးသမားမာတီနက်ဇ်ကတော့

မက်ဆီအတွက် သူတု့ိအာဂျင်တီးနားအသင်းသားတွေ အရာအားလုံး

လုပ်ပေးကြမှာဟာ ဘာကြောင့်ဆိုတာ အခုလို ရှင်းပြပါတယ်။

”လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကျွန်တော်တို့ဟာ ဘာမှ မဟုတ်ကြပါဘူး။

ဒီကနေ့မှာတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ ရေပန်းစား

တစ်သင်းဖြစ်လာပါတယ်။ အဲဒါက ဆုဖလားတွေရခဲ့တာကြောင့်ပါ။

ကျွန်တော်တို့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားရှိနေလို့

ကျွန်တော်တို့ဟာ အမြဲတမ်းရေပန်းစားနေဦးမှာပါ။ ကျွန်တော်တို့အားလုံးဟာ

သူ့အတွက် ခြင်္သေ့တွေလို တိုက်ခိုက်ပေးနေကြပါတယ်”လို့ မာတီနက်ဇ်က ဆိုခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဂ်င္တီးနားဟာ မက္ဆီအတြက္ ျခေသၤ့ေတြလို တိုက္ခိုက္ေပးေနတာလို႔ မာတီနက္ဇ္ဆို

မက္ဆီဟာ ကမာၻေပၚမွာ အေကာင္းဆုံးျဖစ္သလို သူ႔ရဲ႕အာဂ်င္တိုင္း

အသင္းေဖာ္ေတြကလည္း အဲဒီပီအက္စ္ဂ်ီၾကယ္ပြင့္အတြက္ ျခေသၤ့ေတြလို

တိုက္ခိုက္ေပးေနေၾကာင္း အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္က

ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီအာဂ်င္တီးနားစူပါစတားဟာ ဝင္ဘေလက

အီတလီနဲ႔ Finalissima ဗိုလ္လုပြဲမွာ ၃-၀ ျပတ္နဲ႔အႏိုင္ရဗိုလ္စြဲေအာင္

ေျခစြမ္းျပစြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။ မက္ဆီဟာ ကလပ္အသင္းပီအက္စ္ဂ်ီမွာ

အသားက်ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ႏိုင္ငံအသင္းမွာေတာ့ သူ႔ရဲ႕အေကာင္းဆုံးပုံစံကို

ျပႏိုင္ေနဆဲပါပဲ။ အီတလီနဲ႔ပြဲအၿပီးမွာလည္း man of the match ဆုကို ရခဲ့ပါေသးတယ္။

အခုဆို မက္ဆီရဲ႕အာဂ်င္တီးနားဟာ ဒီႏွစ္ေႏွာင္းပိုင္းမွာ က်င္းပမယ့္

ကာတာကမာၻ႔ဖလားမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက

တစ္သင္းျဖစ္လာပါတယ္။ ကမာၻ႔ဖလားဟာ မက္ဆီရဲ႕ဆုဖလားခန္းထဲမွာ

လိုအပ္ေနေသးတဲ့ အႀကီးဆုံးတစ္ခုပါပဲ။ ဂိုးသမားမာတီနက္ဇ္ကေတာ့

မက္ဆီအတြက္ သူတု႔ိအာဂ်င္တီးနားအသင္းသားေတြ အရာအားလုံး

လုပ္ေပးၾကမွာဟာ ဘာေၾကာင့္ဆိုတာ အခုလို ရွင္းျပပါတယ္။

”လြန္ခဲ့တဲ့တစ္ႏွစ္တုန္းက ကြၽန္ေတာ္တို႔ဟာ ဘာမွ မဟုတ္ၾကပါဘူး။

ဒီကေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ဖလားဗိုလ္စြဲဖို႔ ေရပန္းစား

တစ္သင္းျဖစ္လာပါတယ္။ အဲဒါက ဆုဖလားေတြရခဲ့တာေၾကာင့္ပါ။

ကြၽန္ေတာ္တို႔အသင္းမွာ ကမာၻ႔အေကာင္းဆုံးကစားသမားရွိေနလို႔

ကြၽန္ေတာ္တို႔ဟာ အၿမဲတမ္းေရပန္းစားေနဦးမွာပါ။ ကြၽန္ေတာ္တို႔အားလုံးဟာ

သူ႔အတြက္ ျခေသၤ့ေတြလို တိုက္ခိုက္ေပးေနၾကပါတယ္”လို႔ မာတီနက္ဇ္က ဆိုခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*