အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ကာကွယ်ဖို့ ၂၀၂၆ ကမ္ဘာ့ဖလားအထိ မက်ဆီ ဆက်ကစားဦးမလား . . .

အာဂျင်တီးနားအသင်းဂန္ထဝင်တိုက်စစ်မှူး ဂျော့ချ်ဗယ်လ်ဒါနိုက မက်ဆီအနေနဲ့

လက်ရွေးစင်အသင်းကနေ အနားမယူသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ
ဆက်ကစားသွားဖို့ရှိတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ပြင်သစ်နဲ့ပွဲမတိုင်ခင် ဒီဗိုလ်လုပွဲက
သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပေမယ့် အသင်းနဲ့အတူ
လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု
ကိုင်မြှောက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံအသင်းအတွက် ဆက်ကစားပေးသွားမယ်
ဆိုပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။

အခု အာဂျင်တီးနားဂန္ထဝင် ဂျော့ချ်ဗယ်လ်ဒါနိုကလည်း မက်ဆီဟာ ကမ္ဘာ့ဖလား
ချန်ပီယံဆု ရမယ်ဆိုရင် အသင်းနဲ့အတူ နောက်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမယ်

ဆိုပြီး သူ့ကို အသိပေးခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျော့ချ်ဗယ်လ်ဒါနိုဟာ ဂန္ထဝင်ကစားသမား

မာရာဒိုနာနဲ့အတူ ၁၉၈၆ ကမ္ဘ့ာဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ကလပ်အသင်း
ကစားသမားဘဝမှာ ရီးယဲလ်အသင်းနဲ့ လာလီဂါ၊ UEFA (ယူရိုပါလိဂ်)ဖလားတွေ
ရရှိခဲ့သူဖြစ်ပါတယ်။

စပိန် ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ Cadena Cope နဲ့ အင်တာဗျူးမှာ ဂျော့ချ်ဗယ်လ်ဒါနိုက
“ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အင်တာဗျူးတစ်ခုရဲ့ ကင်မရာနောက်ကွယ်မှာ မက်ဆီနဲ့
ကျွန်တော် စကားပြောဆိုခဲ့တုန်းက သူဟာ အာဂျင်တီးနားအသင်းနဲ့အတူ (၅)ကြိမ်မြောက်
ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲမှာဖြစ်တယ်လို့ ပြောခဲ့ပြီး ကမ္ဘာ့ဖလား(၆)ကြိမ်အထိ ဘယ်သူမှ

မကစားနိုင်ခဲ့ပါဘူး။

မက်ဆီက,ကမ္ဘာ့ဖလား(၆)ကြိမ်အထိကစားဖို့ဆိုတာက မဖြစ်နိုင်ပေမယ့် တကယ်လို့

၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ်ဆိုရင် နောက် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ လက်ရွေးစင်
အသင်းအတွက် ဆက်လက်ကစားပေးသွားမယ်ဆိုပြီး ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။
မက်ဆီအနေနဲ့ တကယ်ပဲ နောက်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမလားဆိုတာ ကျွန်တော်တို့
စောင့်ကြည့်ရမှာဖြစ်ပြီး ဘောလုံးသမိုင်းမှာတော့ ကမ္ဘာ့ဖလား(၆)ကြိမ်အထိ ကစားတဲ့သူဆိုတာ
တစ်ယောက်မှ မရှိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အာဂ်င္တီးနားအသင္းဂႏၴဝင္တိုက္စစ္မႉး ေဂ်ာ့ခ်္ဗယ္လ္ဒါႏိုက မက္ဆီအေနနဲ႔
လက္ေ႐ြးစင္အသင္းကေန အနားမယူေသးဘဲ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ

ဆက္ကစားသြားဖို႔ရွိတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ျပင္သစ္နဲ႔ပြဲမတိုင္ခင္ ဒီဗိုလ္လုပြဲက

သူ႔ရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ေပမယ့္ အသင္းနဲ႔အတူ
လက္ေ႐ြးစင္ကစားသမားဘ၀ ပထမဆုံး ကမာၻ႔ဖလားခ်န္ပီယံဆု
ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ႏိုင္ငံအသင္းအတြက္ ဆက္ကစားေပးသြားမယ္
ဆိုၿပီး သူ႔ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ခဲ့ပါတယ္။

အခု အာဂ်င္တီးနားဂႏၴဝင္ ေဂ်ာ့ခ်္ဗယ္လ္ဒါႏိုကလည္း မက္ဆီဟာ ကမာၻ႔ဖလား
ခ်န္ပီယံဆု ရမယ္ဆိုရင္ အသင္းနဲ႔အတူ ေနာက္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားမယ္
ဆိုၿပီး သူ႔ကို အသိေပးခဲ့တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အသက္(၆၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေဂ်ာ့ခ်္ဗယ္လ္ဒါႏိုဟာ ဂႏၴဝင္ကစားသမား
မာရာဒိုနာနဲ႔အတူ ၁၉၈၆ ကမၻ့ာဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုဆြတ္ခူးခဲ့ၿပီး ကလပ္အသင္း

ကစားသမားဘဝမွာ ရီးယဲလ္အသင္းနဲ႔ လာလီဂါ၊ UEFA (ယူ႐ိုပါလိဂ္)ဖလားေတြ
ရရွိခဲ့သူျဖစ္ပါတယ္။

စပိန္ ေရဒီယိုဌာနတစ္ခုျဖစ္တဲ့ Cadena Cope နဲ႔ အင္တာဗ်ဴးမွာ ေဂ်ာ့ခ်္ဗယ္လ္ဒါႏိုက
“ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အင္တာဗ်ဴးတစ္ခုရဲ႕ ကင္မရာေနာက္ကြယ္မွာ မက္ဆီနဲ႔
ကြၽန္ေတာ္ စကားေျပာဆိုခဲ့တုန္းက သူဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ (၅)ႀကိမ္ေျမာက္
ကမာၻ႔ဖလားၿပိဳင္ပြဲ ဆင္ႏႊဲမွာျဖစ္တယ္လို႔ ေျပာခဲ့ၿပီး ကမာၻ႔ဖလား(၆)ႀကိမ္အထိ ဘယ္သူမွ
မကစားႏိုင္ခဲ့ပါဘူး။

မက္ဆီက,ကမာၻ႔ဖလား(၆)ႀကိမ္အထိကစားဖို႔ဆိုတာက မျဖစ္ႏိုင္ေပမယ့္ တကယ္လို႔
၂၀၂၂ ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္မယ္ဆိုရင္ ေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ လက္ေ႐ြးစင္

အသင္းအတြက္ ဆက္လက္ကစားေပးသြားမယ္ဆိုၿပီး ကြၽန္ေတာ့္ကို အသိေပးခဲ့ပါတယ္။
မက္ဆီအေနနဲ႔ တကယ္ပဲ ေနာက္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားမလားဆိုတာ ကြၽန္ေတာ္တို႔
ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေဘာလုံးသမိုင္းမွာေတာ့ ကမာၻ႔ဖလား(၆)ႀကိမ္အထိ ကစားတဲ့သူဆိုတာ
တစ္ေယာက္မွ မရွိေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။