
FIFA The Best ဆုပေးပွဲမှာ အာဂျင်တီးနားအသင်းဂိုးသမား
အီမီလီယာနိုမာတီနက်ဇ် အကောင်းဆုံးဂိုးသမားဆု ရသွားချိန်မှာ
‘ဂြိုလ်’ကြည့်,ကြည့်နေတဲ့ ဘာပေရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး
ပရိသတ်တွေက အွန်လိုင်းပေါ်မှာ နောက်ပြောင်ရေးသားခဲ့ပါတယ်။
မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အာဂျင်တီးနား
အသင်းအတွက် လက်စွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ကင်စလေ
ကိုးမန်းရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနား
အသင်း ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒါကြောင့်၂၀၂၂ FIFA The Best ဆုပေးပွဲမှာ မာတီနက်ဇ်က
နာမည်ကျော်ဂိုးသမားတွေဖြစ်တဲ့ ကော်တွာ (ရီးယဲလ်)၊ ဘိုနို(ဆီဗီလာ)တို့ကို
ကျော်ဖြတ်ပြီးတော့ အကောင်းဆုံးဂိုးသမားဆု ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးဂိုးသမားဆုကို မာတီနက်ဇ် လက်ခံရယူနေချိန်မှာ ရုပ်သံ
ကင်မရာတွေက မက်ဆီနဲ့ ဘာပေတို့ကို အချိန်ကိုက်ရိုက်ပြခဲ့ပြီး မက်ဆီဟာ
သူ့လက်ရွေးစင်အသင်းဖော် ဆုရရှိလို့ ဝမ်းသာပျော်ရွှင်နေပေမယ့်
ဘာပေကတော့ မရယ်မပြုံးနဲ့ ရှုတည်တည်မျက်နှာပေးသာဖြစ်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ မာတီနက်ဇ်ဟာ ဘာပေကို
တောက်လျှောက်လှောင်ပြောင်တိုက်ခိုက်ခဲ့ပြီး အဝတ်လဲခန်းအတွင်း
အောင်ပွဲခံချိန်မှာ မာတီနက်ဇ်က ဘာပေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်
အဖြစ် (၁)မိနစ်လောက် ငြိမ်သက်ပေးပါလို့ လှောင်ပြောင်ခဲ့သလို
ဗျူနိုအေရိစ်မြို့ထဲ အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံချိန်မှာလည်း မာတီနက်ဇ်ဟာ
ကလေးရုပ်ပေါ်မှာ ဘာပေရဲ့မျက်နှာပုံကပ်ပြီးတော့ တိုက်ခိုက်ခဲ့ပြန်ပါတယ်။
အဲဒီအဖြစ်အပျက်အတွက် ဘာပေဟာ အခုအချိန်အထိ အစာမကြေသေးပုံရပြီး
မာတီနက်ဇ်ကို ‘ဂြိုလ်’ကြည့်,ကြည့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်
ပရိသတ်တွေက ‘ဆုပေးပွဲမှာ မာတီနက်ဇ် ဆုရသွားချိန်မှာ ဘာပေရဲ့ မျက်နှာပေးက
တော်တော်ရယ်စရာကောင်းပါတယ်’၊ ‘ရုပ်သံတွေကလည်း အချိန်ကိုက်ဆိုသလို
ဘာပေရဲ့မျက်နှာကို ရိုက်ပြခဲ့ပါတယ်။ မာတီနက်ဇ်ကို ဘာပေတစ်ယောက်
စိတ်ဆိုးနေတုန်းပဲလား’၊ ‘ဘာပေဟာ မာတီနက်ဇ်ကို အစာမကြေဖြစ်နေဆဲဆိုတာ
သူ့မျက်နှာမှာ အထင်အရှားတွေ့ရမှာပါ’လို့ Twitter မှာ နောက်ပြောင်ရေးသားခဲ့ပါတယ်။
[Zawgyi]
FIFA The Best ဆုေပးပြဲမွာ အာဂ်င္တီးနားအသင္းဂိုးသမား
အီမီလီယာႏိုမာတီနက္ဇ္ အေကာင္းဆုံးဂိုးသမားဆု ရသြားခ်ိန္မွာ
‘ၿဂိဳလ္’ၾကည့္,ၾကည့္ေနတဲ့ ဘာေပရဲ႕ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး
ပရိသတ္ေတြက အြန္လိုင္းေပၚမွာ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။
မာတီနက္ဇ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ အာဂ်င္တီးနား
အသင္းအတြက္ လက္စြမ္းျပႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲမွာလည္း ကင္စေလ
ကိုးမန္းရဲ႕ ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အာဂ်င္တီးနား
အသင္း ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အဲဒါေၾကာင့္၂၀၂၂ FIFA The Best ဆုေပးပြဲမွာ မာတီနက္ဇ္က
နာမည္ေက်ာ္ဂိုးသမားေတြျဖစ္တဲ့ ေကာ္တြာ (ရီးယဲလ္)၊ ဘိုႏို(ဆီဗီလာ)တို႔ကို
ေက်ာ္ျဖတ္ၿပီးေတာ့ အေကာင္းဆုံးဂိုးသမားဆု ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
အေကာင္းဆုံးဂိုးသမားဆုကို မာတီနက္ဇ္ လက္ခံရယူေနခ်ိန္မွာ ႐ုပ္သံ
ကင္မရာေတြက မက္ဆီနဲ႔ ဘာေပတို႔ကို အခ်ိန္ကိုက္႐ိုက္ျပခဲ့ၿပီး မက္ဆီဟာ
သူ႔လက္ေ႐ြးစင္အသင္းေဖာ္ ဆုရရွိလို႔ ဝမ္းသာေပ်ာ္႐ႊင္ေနေပမယ့္
ဘာေပကေတာ့ မရယ္မၿပဳံးနဲ႔ ရႈတည္တည္မ်က္ႏွာေပးသာျဖစ္ခဲ့ပါတယ္။
၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ မာတီနက္ဇ္ဟာ ဘာေပကို
ေတာက္ေလွ်ာက္ေလွာင္ေျပာင္တိုက္ခိုက္ခဲ့ၿပီး အဝတ္လဲခန္းအတြင္း
ေအာင္ပြဲခံခ်ိန္မွာ မာတီနက္ဇ္က ဘာေပအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္
အျဖစ္ (၁)မိနစ္ေလာက္ ၿငိမ္သက္ေပးပါလို႔ ေလွာင္ေျပာင္ခဲ့သလို
ဗ်ဴႏိုေအရိစ္ၿမိဳ႕ထဲ အမိုးဖြင့္ဘတ္စ္ကားနဲ႔ ေအာင္ပြဲခံခ်ိန္မွာလည္း မာတီနက္ဇ္ဟာ
ကေလး႐ုပ္ေပၚမွာ ဘာေပရဲ႕မ်က္ႏွာပုံကပ္ၿပီးေတာ့ တိုက္ခိုက္ခဲ့ျပန္ပါတယ္။
အဲဒီအျဖစ္အပ်က္အတြက္ ဘာေပဟာ အခုအခ်ိန္အထိ အစာမေၾကေသးပုံရၿပီး
မာတီနက္ဇ္ကို ‘ၿဂိဳလ္’ၾကည့္,ၾကည့္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္
ပရိသတ္ေတြက ‘ဆုေပးပြဲမွာ မာတီနက္ဇ္ ဆုရသြားခ်ိန္မွာ ဘာေပရဲ႕ မ်က္ႏွာေပးက
ေတာ္ေတာ္ရယ္စရာေကာင္းပါတယ္’၊ ‘႐ုပ္သံေတြကလည္း အခ်ိန္ကိုက္ဆိုသလို
ဘာေပရဲ႕မ်က္ႏွာကို ႐ိုက္ျပခဲ့ပါတယ္။ မာတီနက္ဇ္ကို ဘာေပတစ္ေယာက္
စိတ္ဆိုးေနတုန္းပဲလား’၊ ‘ဘာေပဟာ မာတီနက္ဇ္ကို အစာမေၾကျဖစ္ေနဆဲဆိုတာ
သူ႔မ်က္ႏွာမွာ အထင္အရွားေတြ႕ရမွာပါ’လို႔ Twitter မွာ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။