အာကြီးကို လေထန်ကုန်းကနေ အမှန်အကန်ဝုန်းနေကြတဲ့ သရဲနီတွေ

ယူနိုက်တက်ပရိသတ်တွေကတော့ လေထန်ကုန်းမှာ အမှန်အကန်ဝုန်းနေကြပါပြီ။ သူတို့တွေ လေတိုက်ချင်စရာကောင်းလောက်အောင်လည်း မန်ယူဟာ လိဂ် ၃ ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာ ရောက်လာတာကိုး။

အဖွင့် ၂ ပွဲပြီးချိန်မှာ အမှတ်ပေးဇယားကြမ်းခင်းရောက်ခဲ့ဖူးတဲ့ အသွေးအမွေးမျိုးလည်း မဟုတ်တော့ဘူးလေ။ လူကောင်သေးသလောက် ဇ မသေးတဲ့ မာတီနက်ဇ်၊ လက်စတာနဲ့ပွဲမှာ တစ်ကွက်ပြလိုက်တဲ့ ကက်စ်မီရိုအပြင်

နွေဈေးကွက်မှာ အလိုချင်ဆုံး အန်တိုနီလည်း ရောက်လာပြီဆိုတော့ ယူနိုက်တက်ပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာ မိုးတိမ်ထဲဝဲလို့ပေါ့။ ဒါကြောင့် လာမယ့်ပွဲမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်ကို လေသေနတ်ပစ်လာကြပါတယ်။

“ လက်စတာနဲ့ပွဲတုန်းက အန်တိုနီသာပါရင် ၄ ဂိုးလောက် အေးဆေးပဲ။ အာဆင်နယ်ရေ အဆင်သင့်ပြင်လိုက်တော့ ” ၊ “ ၃ ပွဲဆက်နိုင်တယ်။ အခု အဆင့် ၅ ။ အာကြီးကိုတီးတော့မယ် ” ၊ “ ဂန်းနားတွေကို ရော်နယ်ဒို၊ ဆန်ချို၊

အန်တိုနီနဲ့သာ လွှတ်ပေးလိုက်စမ်းပါ ” စတဲ့ မှတ်ချက်တွေ ပလူပျံနေတာပါ။ အာဆင်နယ်ပရိသတ်တွေဘက်ကလည်း ပြန်ပစ်တာကြားရဦးမယ်ထင်ပါတယ်။ သူတို့ကလည်း အမြောက်တပ်ဖွဲ့ပဲလေ။

ရာသီသစ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရယူထားတာ ဘယ်ခေပါ့မလဲ။ တနည်းအားဖြင့် အာတီတာနဲ့လူငယ်လေးတွေ နှစ်လွှာတစ်ရွက်ဖြစ်လာတာဟာ

ဂန်းနားတွေရဲ့မြင်သာတဲ့တိုးတက်မှုပါပဲ။ အိုးလ်ထရက်ဖို့ဒ်က စူပါဆန်းဒေးပွဲစဉ်မှာ မန်ယူက လေသေနတ်လား ၊ အာဆင်နယ်က သင်္ကြန်အမြောက်လားဆိုတာ ကွဲကွဲပြားပြားသိရပါလိမ့်မယ်။

(zawgyi)

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ေလထန္ကုန္းမွာ အမွန္အကန္ဝုန္းေနၾကပါၿပီ။ သူတို႔ေတြ ေလတိုက္ခ်င္စရာေကာင္းေလာက္ေအာင္လည္း မန္ယူဟာ လိဂ္ ၃ ပြဲဆက္အႏိုင္နဲ႔ အမွတ္ေပးဇယား အဆင့္ ၅ ေနရာ

ေရာက္လာတာကိုး။ အဖြင့္ ၂ ပြဲၿပီးခ်ိန္မွာ အမွတ္ေပးဇယားၾကမ္းခင္းေရာက္ခဲ့ဖူးတဲ့ အေသြးအေမြးမ်ိဳးလည္း မဟုတ္ေတာ့ဘူးေလ။ လူေကာင္ေသးသေလာက္ ဇ မေသးတဲ့ မာတီနက္ဇ္၊ လက္စတာနဲ႔ပြဲမွာ

တစ္ကြက္ျပလိုက္တဲ့ ကက္စ္မီ႐ိုအျပင္ ေႏြေဈးကြက္မွာ အလိုခ်င္ဆုံး အန္တိုနီလည္း ေရာက္လာၿပီဆိုေတာ့ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ဟာ မိုးတိမ္ထဲဝဲလို႔ေပါ့။ ဒါေၾကာင့္ လာမယ့္ပြဲမွာ ရင္ဆိုင္ရမယ့္ အာဆင္နယ္ကို

ေလေသနတ္ပစ္လာၾကပါတယ္။ “ လက္စတာနဲ႔ပြဲတုန္းက အန္တိုနီသာပါရင္ ၄ ဂိုးေလာက္ ေအးေဆးပဲ။ အာဆင္နယ္ေရ အဆင္သင့္ျပင္လိုက္ေတာ့ ” ၊ “ ၃ ပြဲဆက္ႏိုင္တယ္။ အခု အဆင့္ ၅ ။ အာႀကီးကိုတီးေတာ့မယ္ ” ၊

“ ဂန္းနားေတြကို ေရာ္နယ္ဒို၊ ဆန္ခ်ိဳ၊ အန္တိုနီနဲ႔သာ လႊတ္ေပးလိုက္စမ္းပါ ” စတဲ့ မွတ္ခ်က္ေတြ ပလူပ်ံေနတာပါ။ အာဆင္နယ္ပရိသတ္ေတြဘက္ကလည္း ျပန္ပစ္တာၾကားရဦးမယ္ထင္ပါတယ္။

သူတို႔ကလည္း အေျမာက္တပ္ဖြဲ႕ပဲေလ။ ရာသီသစ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာ ရယူထားတာ ဘယ္ေခပါ့မလဲ။ တနည္းအားျဖင့္ အာတီတာနဲ႔လူငယ္ေလးေတြ ႏွစ္လႊာတစ္႐ြက္ျဖစ္လာတာဟာ

ဂန္းနားေတြရဲ႕ျမင္သာတဲ့တိုးတက္မႈပါပဲ။ အိုးလ္ထရက္ဖို႔ဒ္က စူပါဆန္းေဒးပြဲစဥ္မွာ မန္ယူက ေလေသနတ္လား ၊ အာဆင္နယ္က သၾကၤန္အေျမာက္လားဆိုတာ ကြဲကြဲျပားျပားသိရပါလိမ့္မယ္။