အသုံးမကျတဲ့ ဘယ်လိုအရည်အသွေးမျိုးနဲ့ နည်းပြမို့လို့ အူဘာမီယန်းကို လက်လွှတ်ခဲ့တာပါလိမ့်?

အာဆင်နယ်ပရိသတ်တွေဟာ ဘာစီလိုနာအသင်းမှာခြေစွမ်းပြ

ဂိုးသွင်းနေတဲ့ အူဘာမီယန်းကို အလွယ်တကူလက်လွှတ်ခံခဲ့တဲ့

နည်းပြအာတီတာကို အွန်လိုင်းပေါ်မှာ လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဒီရာသီမှာ အာတီတာနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး

သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့

အာတီတာက အူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးကနေ

ဖယ်ရှားခဲ့တဲ့အပြင် အသင်းလူစာရင်းကနေ အချိန်အကန့်အသတ်မရှိ

ချန်လှပ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ အူဘာမီယန်းရဲ့

လက်ကျန်စာချုပ်သက်တမ်းကို ပယ်ဖျက်ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ

အပြောင်းအရွှေ့အတွင်း ဘာစီလိုနာအသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး

အခု အူဘာမီယန်းက ဘာစီလိုနာအသင်းအတွက်ခြေစွမ်းပြဂိုးတွေ

သွင်းနေတဲ့အတွက် အာဆင်နယ်ပရိသတ်တွေက အာတီတာကို

လှောင်ပြောင်နေကြတာဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ

အူဘာမီယန်းဟာ ရီးယဲလ်အသင်းကို(၄-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့

El Clasico ပွဲမှာ (၂)ဂိုးသွင်းယူခဲ့သလို လာလီဂါ(၇)ပွဲကစား(၇)ဂိုး

သွင်းယူထားပြီး ပြိုင်ပွဲစုံမှာတော့(၁၁)ပွဲမှာ(၉)ဂိုးအထိသွင်းထားပါတယ်။

အဲဒါကြောင့် အာဆင်နယ်ပရိသတ်တွေက ‘ပွဲချိန်(၅၃)မိနစ်မှာပဲ

အူဘာမီယန်းက (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မင်းကြည့်နေသေးလား ..အာတီတာရေ’၊

‘အူဘာမီယန်းကတော့ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး ဘာစီလိုနာကို

ဇယားထိပ်နားရောက်အောင် စွမ်းဆောင်ပေးနေချိန်မှာ အာဆင်နယ်

အသင်းကတော့ အရည်အသွေးမြင့်တိုက်စစ်မှူးမရှိလို့ ပရိသတ်တွေ ငိုနေရပါပြီ’၊

‘အူဘာမီယန်းလိုကစားသမားမျိုးကို အလွတ်နဲ့လက်လွှတ်ခံခဲ့တာက

ဘယ်လိုအရည်အသွေးနဲ့နည်းပြပါလိမ့်၊ အခုနောက်ပိုင်း ကလပ်အသင်းတွေမှာ

အသုံးမကျတဲ့နည်းပြတွေ ကိုင်တွယ်နေကြတာ ဆိုးရွားလွန်းပါတယ်”လို့

Twitter မှာရေးသားခဲ့ကြပါတယ်။

zawgyi

အသုံးမက်တဲ့ ဘယ္လိုအရည္အေသြးမ်ိဳးနဲ႔ နည္းျပမို႔လို႔ အူဘာမီယန္းကို လက္လႊတ္ခဲ့တာပါလိမ့္?

အာဆင္နယ္ပရိသတ္ေတြဟာ ဘာစီလိုနာအသင္းမွာေျခစြမ္းျပ

ဂိုးသြင္းေနတဲ့ အူဘာမီယန္းကို အလြယ္တကူလက္လႊတ္ခံခဲ့တဲ့

နည္းျပအာတီတာကို အြန္လိုင္းေပၚမွာ ေလွာင္ေျပာင္ေနၾကၿပီျဖစ္ပါတယ္။

အူဘာမီယန္းဟာ ဒီရာသီမွာ အာတီတာနဲ႔ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး

သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔

အာတီတာက အူဘာမီယန္းကို အသင္းေခါင္းေဆာင္ရာထူးကေန

ဖယ္ရွားခဲ့တဲ့အျပင္ အသင္းလူစာရင္းကေန အခ်ိန္အကန႔္အသတ္မရွိ

ခ်န္လွပ္ခဲ့ပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းဟာ အူဘာမီယန္းရဲ႕

လက္က်န္စာခ်ဳပ္သက္တမ္းကို ပယ္ဖ်က္ၿပီးေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕အတြင္း ဘာစီလိုနာအသင္းဆီအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့ၿပီး

အခု အူဘာမီယန္းက ဘာစီလိုနာအသင္းအတြက္ေျခစြမ္းျပဂိုးေတြ

သြင္းေနတဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြက အာတီတာကို

ေလွာင္ေျပာင္ေနၾကတာျဖစ္ပါတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

အူဘာမီယန္းဟာ ရီးယဲလ္အသင္းကို(၄-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့

El Clasico ပြဲမွာ (၂)ဂိုးသြင္းယူခဲ့သလို လာလီဂါ(၇)ပြဲကစား(၇)ဂိုး

သြင္းယူထားၿပီး ၿပိဳင္ပြဲစုံမွာေတာ့(၁၁)ပြဲမွာ(၉)ဂိုးအထိသြင္းထားပါတယ္။

အဲဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက ‘ပြဲခ်ိန္(၅၃)မိနစ္မွာပဲ

အူဘာမီယန္းက (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒီပြဲကို မင္းၾကည့္ေနေသးလား ..အာတီတာေရ’၊

‘အူဘာမီယန္းကေတာ့ ဂိုးေတြတဒိုင္းဒိုင္းသြင္းၿပီး ဘာစီလိုနာကို

ဇယားထိပ္နားေရာက္ေအာင္ စြမ္းေဆာင္ေပးေနခ်ိန္မွာ အာဆင္နယ္

အသင္းကေတာ့ အရည္အေသြးျမင့္တိုက္စစ္မႉးမရွိလို႔ ပရိသတ္ေတြ ငိုေနရပါၿပီ’၊

‘အူဘာမီယန္းလိုကစားသမားမ်ိဳးကို အလြတ္နဲ႔လက္လႊတ္ခံခဲ့တာက

ဘယ္လိုအရည္အေသြးနဲ႔နည္းျပပါလိမ့္၊ အခုေနာက္ပိုင္း ကလပ္အသင္းေတြမွာ

အသုံးမက်တဲ့နည္းျပေတြ ကိုင္တြယ္ေနၾကတာ ဆိုး႐ြားလြန္းပါတယ္”လို႔

Twitter မွာေရးသားခဲ့ၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*