အသင်းဥက္ကဋ္ဌလေး အားကိုးနဲ့ မိုက်ချက်ကမ်းကုန်နေတဲ့ ပီအက်စ်ဂျီ နည်းပြ ဂယ်တီယာ

ဘောလုံးပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဘေးကျပ်နံကျပ် မေးခွန်းမျိုးတွေနဲ့ ကြုံလာခဲ့ရင် နည်းပြတွေဟာ အဲဒီမေးခွန်းကို ပညာသား ပါပါနဲ့ ရှောင်လွှဲတတ်ကြသလို တချို့ကျတော့လည်း လုံးဝကို မဖြေဘဲနဲ့ နောက်တစ်ခုကို ကျော်ပြီး မေးခိုင်းသလိုမျိုး တုံ့ပြန်တာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီဂယ်တီယာကတော့ အဲဒီလိုလူမျိုး လုံး၀ မဟုတ်ပါဘူး။ ဘက်လောက်အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးပဲဖြစ်ပါစေ။ သူ့မှာ ဖြေနိုင်စွမ်းအပြည့်ရှိသလို လုပ်ပိုင်ခွင့်လည်း အပြည့်ရှိနေပြီဖြစ်ပါတယ်။ အကြောင်းကတော့ သူ့မှာ အသင်းဥက္ကဋ္ဌလေးလို့

လှောင်ပြောင်ခေါ်ဝေါ်တာ မျိုးခံနေရတဲ့ တိုက်စစ်မှူး အမ်ဘာပီ ရှိနေလို့ပါပဲ။ နန်တက်စ်အိမ်ကွင်းကို သွားရောက်ကစားခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ကို ကူညီနိုင်ဖို့အတွက် ရထားခရီးစဉ်ကို မရွေးချယ်ခဲ့ဘဲ ၂ နှစ်ရီလောက်ပဲ သွားရမယ့်ခရီးစဉ်ကို

ဘာကြောင့် လေယာဉ်ပျံသုံးပြီး သွားရတာလဲလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးတဲ့အခါ နည်း ပြ ဂယ်တီယာဟာ ဘေးနားမှာ ထိုင်နေတဲ့ အမ်ဘာပီကို အားကိုးတကြီးနဲ့ ကြည့်လိုက်ပြီး ပြုံးစိစိ လုပ်နေခဲ့ပါတယ်။

တစ်ဖက်မှာ အမ်ဘာပီကတော့ ဟန် မဆောင်နိုင်ဘဲ ခွက်ထိုးခွက်လန် ရယ်မောနေခဲ့တာပါ။ ‘’ဒီလိုမေးခွန်းမျိုး အမေးခံရလိမ့်မယ်လို့ ကျွန်တော် တွေးပြီးသားပါ။ အရှင်းဆုံးပြောရရင် ဒီခရီးစဉ်ကို စီစဉ်ပေးတဲ့ ကုမ္ပဏီနဲ့ ဒီမနက်ခင်းမှာ ကျွန်တော်တို့ စကားပြောခဲ့ပြီးပါ ပြီ။

သဲသောင်ပြင်ရွက်လှေမျိုးနဲ့ ခရီးသွားလို့ရနိုင်မလားဆိုတာကိုတောင် ကျွန်တော်တို့ ကြိုးစားကြည့်ခဲ့တာပါ’’ လို့ နည်းပြ ဂယ်တီယာက ရိသဲ့သဲ့ စကားမျိုးနဲ့ ပြန်ပြီး ဖြေခဲ့ပါတယ်။ အမှန်တကယ်မှာလည်း ပဲရစ်ကနေ နန် တက်စ်ဆီကို ရထားနဲ့သွားရင်တောင် ၂ နာရီပဲ ကြာချိန်ရှိပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲပြဿနာကတော့ ဂယ်တီယာဟာ လူမှုကွန် ရက်ပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရပြီဖြစ်ပါတယ်။ ‘’ခင်ဗျားတို့အသင်းကို အားပေးတဲ့ပရိသတ်တွေအပေါ် အများကြီး တာသွားစေတယ်နော်။

ခင်ဗျားတို့ရဲ့ စံနမူနာတွေက အများကြီး သက်ရောက်မှုရှိတယ်။ ဒီခရီးစဉ် အတွက် လေယာဉ်ထက် ဆိုးကျိုးသက်ရောက်မှု အများကြီး နည်းပါးတဲ့ ရထားကို ဘာကြောင့်မသုံးရတာလဲ။ ရာသီဥတုဆိုးရွားမှုကပ်ဘေးက တာစူနေပြီ။

ကူညီပေးပါ’’ ဆိုပြီး ပရိသတ်တစ်ယောက်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အသင်းဥက္ကဋ္ဌလေးအားကိုးနဲ့ဆိုရင်တော့ နည်းပြ ဂယ်တီယာတစ်ယောက် မိုက်ချက်ကတော့ ကမ်းကုန်နေဦးမှာပဲလေ။

(zawgyi)

ေဘာလုံးပြဲနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲေတြမွာ ေဘးက်ပ္နံက်ပ္ ေမးခြန္းမ်ိဳးေတြနဲ႔ ႀကဳံလာခဲ့ရင္ နည္းျပေတြဟာ အဲဒီေမးခြန္းကို ပညာသား ပါပါနဲ႔ ေရွာင္လႊဲတတ္ၾကသလို တခ်ိဳ႕က်ေတာ့လည္း လုံးဝကို မေျဖဘဲနဲ႔ ေနာက္တစ္ခုကို ေက်ာ္ၿပီး ေမးခိုင္းသလိုမ်ိဳး တုံ႔ျပန္တာေတြ ရွိခဲ့ပါတယ္။

ဒါ ေပမဲ့ ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီဂယ္တီယာကေတာ့ အဲဒီလိုလူမ်ိဳး လုံး၀ မဟုတ္ပါဘူး။ ဘက္ေလာက္အက်ပ္႐ိုက္ေစတဲ့ ေမးခြန္းမ်ိဳးပဲျဖစ္ပါေစ။ သူ႔မွာ ေျဖႏိုင္စြမ္းအျပည့္ရွိသလို လုပ္ပိုင္ခြင့္လည္း အျပည့္ရွိေနၿပီျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔မွာ အသင္းဥကၠ႒ေလးလို႔

ေလွာင္ေျပာင္ေခၚေဝၚတာ မ်ိဳးခံေနရတဲ့ တိုက္စစ္မႉး အမ္ဘာပီ ရွိေနလို႔ပါပဲ။ နန္တက္စ္အိမ္ကြင္းကို သြားေရာက္ကစားခဲ့တဲ့ စေနေန႔ပြဲစဥ္မွာ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရး ကို ကူညီႏိုင္ဖို႔အတြက္ ရထားခရီးစဥ္ကို မေ႐ြးခ်ယ္ခဲ့ဘဲ ၂ ႏွစ္ရီေလာက္ပဲ သြားရမယ့္ခရီးစဥ္ကို ဘာေၾကာင့္

ေလယာဥ္ပ်ံသုံးၿပီး သြားရတာလဲလို႔ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ေယာက္က ေမးတဲ့အခါ နည္း ျပ ဂယ္တီယာဟာ ေဘးနားမွာ ထိုင္ေနတဲ့ အမ္ဘာပီကို အားကိုးတႀကီးနဲ႔ ၾကည့္လိုက္ၿပီး ၿပဳံးစိစိ လုပ္ေနခဲ့ပါတယ္။ တစ္ဖက္မွာ အမ္ဘာပီကေတာ့ ဟန္ မေဆာင္ႏိုင္ဘဲ ခြက္ထိုးခြက္လန္ ရယ္ေမာေနခဲ့တာပါ။

‘’ဒီလိုေမးခြန္းမ်ိဳး အေမးခံရလိမ့္မယ္လို႔ ကြၽန္ေတာ္ ေတြးၿပီးသားပါ။ အရွင္းဆုံးေျပာရရင္ ဒီခရီးစဥ္ကို စီစဥ္ေပးတဲ့ ကုမၸဏီနဲ႔ ဒီမနက္ခင္းမွာ ကြၽန္ေတာ္တို႔ စကားေျပာခဲ့ၿပီးပါ ၿပီ။ သဲေသာင္ျပင္႐ြက္ေလွမ်ိဳးနဲ႔ ခရီးသြားလို႔ရႏိုင္မလားဆိုတာကိုေတာင္ ကြၽန္ေတာ္တို႔

ႀကိဳးစားၾကည့္ခဲ့တာပါ’’ လို႔ နည္းျပ ဂယ္တီယာက ရိသဲ့သဲ့ စကားမ်ိဳးနဲ႔ ျပန္ၿပီး ေျဖခဲ့ပါတယ္။ အမွန္တကယ္မွာလည္း ပဲရစ္ကေန နန္ တက္စ္ဆီကို ရထားနဲ႔သြားရင္ေတာင္ ၂ နာရီပဲ ၾကာခ်ိန္ရွိပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲျပႆနာကေတာ့ ဂယ္တီယာဟာ လူမႈကြန္ ရက္ေပၚမွာ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို

ခံေနရၿပီျဖစ္ပါတယ္။ ‘’ခင္ဗ်ားတို႔အသင္းကို အားေပးတဲ့ပရိသတ္ေတြအေပၚ အမ်ားႀကီး တာသြားေစတယ္ေနာ္။ ခင္ဗ်ားတို႔ရဲ႕ စံနမူနာေတြက အမ်ားႀကီး သက္ေရာက္မႈရွိတယ္။ ဒီခရီးစဥ္ အတြက္ ေလယာဥ္ထက္ ဆိုးက်ိဳးသက္ေရာက္မႈ အမ်ားႀကီး နည္းပါးတဲ့ ရထားကို ဘာေၾကာင့္မသုံးရတာလဲ။

ရာသီဥတုဆိုး႐ြားမႈကပ္ေဘးက တာစူေနၿပီ။ ကူညီေပးပါ’’ ဆိုၿပီး ပရိသတ္တစ္ေယာက္က တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ အသင္းဥကၠ႒ေလးအားကိုးနဲ႔ဆိုရင္ေတာ့ နည္းျပ ဂယ္တီယာတစ္ေယာက္ မိုက္ခ်က္ကေတာ့ ကမ္းကုန္ေနဦးမွာပဲေလ။