အသင်းဟောင်း ရီးယဲလ်ရဲ့ Valdebebas လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ စီရော်နယ်လ်ဒို

ရီးယဲလ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ စီရော်နယ်လ်ဒိုဟာ

အသင်းနဲ့ လမ်းခွဲပြီး (၄)နှစ်အကြာမှာ ရီးယဲလ်အသင်းရဲ့ Valdebebas လေ့ကျင့်ရေး
ကွင်းကို တစ်ကျော့ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ရီးယဲလ်အသင်းကို
စီရော်နယ်လ်ဒို ပြန်လည်ပြောင်းရွှေ့တဲ့သဘော မဟုတ်ဘဲ အသင်းဟောင်းမှာ
ခဏလေ့ကျင့်ခန်းဆင်းတာပဲဖြစ်ပါတယ်။

အသက်(၃၇)နှစ် အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက ပီယာ့စ်မော်ဂန်နဲ့
အင်တာဗျူး ပြဿနာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ
လမ်းခွဲခဲ့ကြပြီး အခု ပေါ်တူဂီအသင်းကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ

ဖြစ်တဲ့အတွက် စီရော်နယ်လ်ဒိုအနေနဲ့ ကလပ်အသင်းသစ် စတင်ရှာဖွေရတော့မှာပါ။

ဒီရက်ပိုင်းအတွင်း စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းရဲ့ Valdebebas လေ့ကျင့်ရေးကွင်းမှာ

လေ့ကျင့်ခန်းဆင်းခွင့်ပေးဖို့ ဥက္ကဋ္ဌဖြစ်သူဖလော်ရင်တီနိုပီရက်ဇ်ဆီကနေ ခွင့်တောင်းခဲ့ပြီး
ဖလော်ရင်တီနိုပီရက်ဇ်က “သိပ်ရတာပေ့ါ ..ဒါက မင်းရဲ့အိမ်ပဲလေ”ဆိုပြီးတော့
ခွင့်ပြုခဲ့တာဖြစ်တယ်လို့ စပိန်သတင်းစာ Relevo က ဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း ကြီးမားတဲ့ဆုဖလား
အောင်မြင်မှု၊ တစ်ဦးချင်းသွင်းဂိုးစံချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး လာလီဂါ (၂)ကြိမ်၊ စပိန်ဘုရင့်ဖလား

(၂)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်ရရှိခဲ့သလို ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုး
အများဆုံးအဖြစ် ရပ်တည်နေတဲ့အပြင် ရီးယဲလ်ကစားသမားဘဝမှာ Ballon d’Or ဆုကို
(၄)ကြိမ်အထိဆွတ်ခူးခဲ့ပါတယ်။

[Zawgyi]




ဖလော်ရင်တီနိုပီရက်ဇ်က “သိပ်ရတာပေါ့ ..ဒါက မင်းရဲ့အိမ်ပဲလေ”ဆိုပြီးတော့




