အသင်းဟောင်း ချဲလ်ဆီးကို နှလုံးသားထဲမှာ အမြဲတမ်း ထည့်ထားတဲ့ တူချယ်

ရာထူးကနေ ဖြစ်ကတတ်ဆန်း ဖယ်ရှားခံလိုက်ရတာဖြစ်ပေမယ့် ချဲလ်ဆီးကို နှလုံးသားထဲမှာ အမြဲတမ်း ထည့်ထားတယ်လို့ နည်းပြ သောမတ်စ်တူချယ်က ပြောဆို လိုက်ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်တွေဟာ သူ့ရဲ့ နည်းပြဘဝကို ဖျက်ဆီးပစ်ခဲ့ပြီး

မောင်းထုတ်သလိုမျိုး ပြုမူခဲ့ပေမယ့် ခြင်္သေ့ပြာအပေါ် ထားရှိတဲ့ တူချယ်ရဲ့ သဘောထားကတော့ ယုတ်လျော့သွားခြင်း မရှိခဲ့ပါဘူး။ အသက် ၄၉ နှစ်အရွယ် တူချယ်ဟာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး ဒိုင်နမိုဇာဂရက်ကို ၁-၀ ဂိုးနဲ့

ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး နာ ရီးပိုင်းအတွင်းမှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကို အချိန်ပေးဖို့နဲ့ ဆက်ထားဖို့အတွက် တူချယ်က တောင်းတောင်းပန်ပန် ပြောဆိုခဲ့ပေမယ့် အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ သူတို့ရဲ့ ဘုတ်အဖွဲ့ကတော့ ဆုံးဖြတ်ချက် ကို အစောကြီးကတည်းက

ချမှတ်ထားခဲ့ပါတယ်။ အဲဒီလိုမျိုး သူ့အပေါ်မှာ နာကျင်မှုတွေ ပေးခဲ့ပေမယ့်လည်း ချဲလ်ဆီးကို အပြစ်မမြင်ရက်ဘူးလို့ တူ ချယ်က ဆိုပါတယ်။ ‘’ကျွန်တော် ရေးခဲ့သမျှ ထုတ်ပြန်ချက်တွေထဲမှာ ဒီတစ် ခုကတော့ အခက်အခဲဆုံးဆိုတာတွေထဲက တစ်ခုပါ။

ဒါမျိုးကို ကျွန်တော် နှစ်တွေအကြာကြီးတိုင်အောင် လုပ်ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ချဲလ်ဆီးမှာ ကျွန်တော့်ရဲ့ ယူကျုံးမရဖြစ်ရတဲ့ အချိန်တွေ အဆုံးသတ်သွားပြီ ပေါ့။ ပရော်ဖက်ရှင်နယ်အရရော ကိုယ်ရေးကိုယ်တာအရပါ ဒီအသင်းကို ကျွန်တော့်အိမ်လို့ သတ်မှတ်ထားခဲ့တာ။

စရောက်ချိန်ကတည်းကစပြီး ကျွန် တော့်ကို တရင်းတနှီးကြိုဆိုခဲ့ကြတဲ့ အသင်းပရိသတ်တွေနဲ့ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ အသင်းကို ချန်ပီယံလိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ရအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက်

ဂုဏ်ယူမှု ဟာ ကျွန်တော်နဲ့အတူ ထာဝရရှိနေမှာပါ။ ဒီအသင်းရဲ့သမိုင်းကြောင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပတ်သက်ခွင့်ရတာကိုက ကျွန်တော့်အတွက် ဆု လာဘ်ပါပဲ။ ဒီအသင်းမှာ ရှိခဲ့တဲ့ ၁၈ လတာ အချိန်ကာလဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ

အမြဲတမ်း ရှိနေတော့မှာ ဖြစ်ပါတယ်’’ လို့ တူချယ်က သူ့ရဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးကတော့ တူချယ်ကို ထုတ်ပယ် အပြီးမှာ အချိန်ကုန်ခံမနေတော့ဘဲ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို ချက်ချင်းဆိုသလို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

(zawgyi)

ရာထူးကေန ျဖစ္ကတတ္ဆန္း ဖယ္ရွားခံလိုက္ရတာျဖစ္ေပမယ့္ ခ်ဲလ္ဆီးကို ႏွလုံးသားထဲမွာ အၿမဲတမ္း ထည့္ထားတယ္လို႔ နည္းျပ ေသာမတ္စ္တူခ်ယ္က ေျပာဆို လိုက္ပါတယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြဟာ သူ႔ရဲ႕ နည္းျပဘဝကို ဖ်က္ဆီးပစ္ခဲ့ၿပီး

ေမာင္းထုတ္သလိုမ်ိဳး ျပဳမူခဲ့ေပမယ့္ ျခေသၤ့ျပာအေပၚ ထားရွိတဲ့ တူခ်ယ္ရဲ႕ သေဘာထားကေတာ့ ယုတ္ေလ်ာ့သြားျခင္း မရွိခဲ့ပါဘူး။ အသက္ ၄၉ ႏွစ္အ႐ြယ္ တူခ်ယ္ဟာ ဗုဒၶဟူးေန႔ နံနက္ပိုင္းမွာ ရာထူးကေန ဖယ္ရွားခံခဲ့ရတာျဖစ္ၿပီး

ဒိုင္နမိုဇာဂရက္ကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး နာ ရီးပိုင္းအတြင္းမွာပဲ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ သူ႔ကို အခ်ိန္ေပးဖို႔နဲ႔ ဆက္ထားဖို႔အတြက္ တူခ်ယ္က ေတာင္းေတာင္းပန္ပန္ ေျပာဆိုခဲ့ေပမယ့္ အသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလနဲ႔

သူတို႔ရဲ႕ ဘုတ္အဖြဲ႕ကေတာ့ ဆုံးျဖတ္ခ်က္ ကို အေစာႀကီးကတည္းက ခ်မွတ္ထားခဲ့ပါတယ္။ အဲဒီလိုမ်ိဳး သူ႔အေပၚမွာ နာက်င္မႈေတြ ေပးခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးကို အျပစ္မျမင္ရက္ဘူးလို႔ တူ ခ်ယ္က ဆိုပါတယ္။ ‘’ကြၽန္ေတာ္ ေရးခဲ့သမွ် ထုတ္ျပန္ခ်က္ေတြထဲမွာ ဒီတစ္ ခုကေတာ့

အခက္အခဲဆုံးဆိုတာေတြထဲက တစ္ခုပါ။ ဒါမ်ိဳးကို ကြၽန္ေတာ္ ႏွစ္ေတြအၾကာႀကီးတိုင္ေအာင္ လုပ္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္မထားခဲ့ပါဘူး။ ခ်ဲလ္ဆီးမွာ ကြၽန္ေတာ့္ရဲ႕ ယူက်ဳံးမရျဖစ္ရတဲ့ အခ်ိန္ေတြ အဆုံးသတ္သြားၿပီ ေပါ့။ ပေရာ္ဖက္ရွင္နယ္အရေရာ ကိုယ္ေရးကိုယ္တာအရပါ

ဒီအသင္းကို ကြၽန္ေတာ့္အိမ္လို႔ သတ္မွတ္ထားခဲ့တာ။ စေရာက္ခ်ိန္ကတည္းကစၿပီး ကြၽန္ ေတာ့္ကို တရင္းတႏွီးႀကိဳဆိုခဲ့ၾကတဲ့ အသင္းပရိသတ္ေတြနဲ႔ ဝန္ထမ္းေတြ အားလုံးကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ အသင္းကို ခ်န္ပီယံလိဂ္ဖလားနဲ႔

ဖီဖာကလပ္ကမာၻ႔ဖလားေတြ ရေအာင္ ကူညီေပးႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူမႈ ဟာ ကြၽန္ေတာ္နဲ႔အတူ ထာဝရရွိေနမွာပါ။ ဒီအသင္းရဲ႕သမိုင္းေၾကာင္းမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပတ္သက္ခြင့္ရတာကိုက ကြၽန္ေတာ့္အတြက္ ဆု လာဘ္ပါပဲ။ ဒီအသင္းမွာ ရွိခဲ့တဲ့ ၁၈ လတာ အခ်ိန္ကာလဟာ

ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားထဲမွာ အၿမဲတမ္း ရွိေနေတာ့မွာ ျဖစ္ပါတယ္’’ လို႔ တူခ်ယ္က သူ႔ရဲ႕ ေၾကညာခ်က္မွာ ေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးကေတာ့ တူခ်ယ္ကို ထုတ္ပယ္ အၿပီးမွာ အခ်ိန္ကုန္ခံမေနေတာ့ဘဲ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာကို ခ်က္ခ်င္းဆိုသလို အစားထိုး ခန႔္အပ္ခဲ့ပါတယ္။