အသင်းသမိုင်းတစ်လျှောက် လီဗာပူးလ်ကို အကြီးမားဆုံးဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ နှစ်သင်းခွဲကစားသလို

ဖြစ်ခဲ့ပြီး ဒုတိယပိုင်း(၄၅)မိနစ်အတွင်း ခြေစွမ်းက တန်းဆင်းရမယ့်အသင်း
တစ်သင်းလို ကစားခဲ့တယ်။

ပထမပိုင်းခြေစွမ်းအရ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရလောက်မယ့်
အခွင့်အရေးကောင်းတွေရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ အပိုင်ခေါင်းတိုက်ချက်၊
ရပ်ရှ်ဖို့ဒ် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးတစ်ကြိမ်ရပေမယ့် ထိချက်
လွဲသွားတာကြောင့် နစ်နာခဲ့ရတယ်။

ပထမပိုင်းပြီးခါနီးမှာ ဂတ်ပိုက လီဗာပူးလ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပေမယ့်
ယူနိုက်တက်တို့ ဒီလောက်အထိ ပုံပျက်ပန်းပျက်ဖြစ်သွားမယ်လို့ မထင်မိခဲ့ဘူး။
အဲရစ်တန်ဟက်အနေနဲ့ လူထုတ်ပုံအပြောင်းအလဲလုပ်သင့်တယ်လို့ မြင်မိပြီး

သူ့ရဲ့ First Line Up နဲ့ ပွဲအပေါ် ချဉ်းကပ်ပုံက ယာဂန်ကလော့ပ်အတွက်
ခန့်မှန်းရလွယ်ကူခဲ့ပါတယ်။

(၄၇)မိနစ်မှာ ဒါဝင်နူးနက်ဇ် ခေါင်းတိုက်သွင်းယူတဲ့ဂိုးက လုခ်ရှောရဲ့
စိတ်ပျက်စရာအမှားကနေ စတင်ခဲ့တာဖြစ်သလို မိနစ်(၅၀)မှာ
လီဆန်ဒရိုမာတီနက်ဇ် အရေးအကြောင်းမှ ချော်လဲနေလို့ ဆာလာ
ထိုးပေးလိုက်တာကို ဂတ်ပိုက လှလှပပ အဆုံးသတ်သွင်းယူခဲ့တာ
ဖြစ်ပါတယ်။

ဂိုးတွေ ဆက်တိုက်ပေးလိုက်ရပြီးတဲ့နောက် ယူနိုက်တက်ကစားသမားတွေ
စိတ်ဓာတ်ရော၊ ကစားအားပါ ကျဆင်းသွားပြီး အလှူပွဲကြီးစပေးခဲ့ပါတော့တယ်။

လီဗာပူးလ်အတွက် ဂိုးတွေကို ဆာလာ၊ ဒါဝင်နူးနက်ဇ်တို့က ဆက်တိုက်သွင်းခဲ့ပြီး

(၈၃)မိနစ်မှာ ဆာလာက သူ့အတွက် ဒုတိယဂိုး၊ ရာသီကုန်ရင် လီဗာပူးလ်နဲ့

လမ်းခွဲတော့မယ့် ဖေမီနိုက အန်ဖီးလ်အမှတ်တရဂိုးတွေ သွင်းယူပြီးတော့
ယူနိုက်တက်ကို (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

[Zawgyi]

ယူႏိုက္တက္အသင္းဟာ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ ႏွစ္သင္းခြဲကစားသလို
ျဖစ္ခဲ့ၿပီး ဒုတိယပိုင္း(၄၅)မိနစ္အတြင္း ေျခစြမ္းက တန္းဆင္းရမယ့္အသင္း
တစ္သင္းလို ကစားခဲ့တယ္။

ပထမပိုင္းေျခစြမ္းအရ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုးရေလာက္မယ့္
အခြင့္အေရးေကာင္းေတြရခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္၊
ရပ္ရွ္ဖို႔ဒ္ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရးတစ္ႀကိမ္ရေပမယ့္ ထိခ်က္
လြဲသြားတာေၾကာင့္ နစ္နာခဲ့ရတယ္။

ပထမပိုင္းၿပီးခါနီးမွာ ဂတ္ပိုက လီဗာပူးလ္အတြက္ အဖြင့္ဂိုးသြင္းခဲ့ေပမယ့္
ယူႏိုက္တက္တို႔ ဒီေလာက္အထိ ပုံပ်က္ပန္းပ်က္ျဖစ္သြားမယ္လို႔ မထင္မိခဲ့ဘူး။

အဲရစ္တန္ဟက္အေနနဲ႔ လူထုတ္ပုံအေျပာင္းအလဲလုပ္သင့္တယ္လို႔ ျမင္မိၿပီး
သူ႔ရဲ႕ First Line Up နဲ႔ ပြဲအေပၚ ခ်ဥ္းကပ္ပုံက ယာဂန္ကေလာ့ပ္အတြက္
ခန႔္မွန္းရလြယ္ကူခဲ့ပါတယ္။

(၄၇)မိနစ္မွာ ဒါဝင္ႏူးနက္ဇ္ ေခါင္းတိုက္သြင္းယူတဲ့ဂိုးက လုခ္ေရွာရဲ႕
စိတ္ပ်က္စရာအမွားကေန စတင္ခဲ့တာျဖစ္သလို မိနစ္(၅၀)မွာ
လီဆန္ဒ႐ိုမာတီနက္ဇ္ အေရးအေၾကာင္းမွ ေခ်ာ္လဲေနလို႔ ဆာလာ
ထိုးေပးလိုက္တာကို ဂတ္ပိုက လွလွပပ အဆုံးသတ္သြင္းယူခဲ့တာ

ျဖစ္ပါတယ္။

ဂိုးေတြ ဆက္တိုက္ေပးလိုက္ရၿပီးတဲ့ေနာက္ ယူႏိုက္တက္ကစားသမားေတြ

စိတ္ဓာတ္ေရာ၊ ကစားအားပါ က်ဆင္းသြားၿပီး အလႉပြဲႀကီးစေပးခဲ့ပါေတာ့တယ္။
လီဗာပူးလ္အတြက္ ဂိုးေတြကို ဆာလာ၊ ဒါဝင္ႏူးနက္ဇ္တို႔က ဆက္တိုက္သြင္းခဲ့ၿပီး

(၈၃)မိနစ္မွာ ဆာလာက သူ႔အတြက္ ဒုတိယဂိုး၊ ရာသီကုန္ရင္ လီဗာပူးလ္နဲ႔
လမ္းခြဲေတာ့မယ့္ ေဖမီႏိုက အန္ဖီးလ္အမွတ္တရဂိုးေတြ သြင္းယူၿပီးေတာ့
ယူႏိုက္တက္ကို (၇-ဝ)ဂိုးျပတ္ရလဒ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။