
အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ
ဘင်ဖီကာကနေ ချယ်လ်ဆီးအသင်းကို ဗြိတိန်စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်(၁၀၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်
အခု ချယ်လ်ဆီးဂျာစီကိုင်ထားတဲ့ ဓာတ်ပုံတွေ ပထမဆုံး
အကြိမ်ထွက်ပေါ်လာပါပြီ။
ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဇန်နဝါရီ
အပြောင်းအရွှေ့မပိတ်ခင် နာရီပိုင်းအလိုမှာ အသည်းအသန်
ကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာတော့ ဘင်ဖီကာအသင်းနဲ့ သဘောတူညီမှု
ရရှိခဲ့တာဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ မနေ့က(ဗုဒ္ဓဟူး)ညပိုင်းမှာ သီးသန့်
ဂျက်လေယာဉ်နဲ့ လန်ဒန်မြို့ကို ရောက်ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့
Cobham လေ့ကျင့်ရေးကွင်းမှာ အသင်းဂျာစီကိုင်ဆောင်ပြီးတော့
ဓာတ်ပုံရိုက်ခဲ့ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ ဂျော်ဂျင်ဟို ဝတ်ဆင်ခဲ့တဲ့
ကျောနံပါတ်(၅)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး အီတလီဝါရင့်ကွင်းလယ်လူ
ဂျော်ဂျင်ဟိုဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာပဲ လန်ဒန်မြို့ခံပြိုင်ဘက်
အာဆင်နယ်ကို ပေါင်(၁၂)သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ (၈)နှစ်ခွဲသက်တမ်းရှိတဲ့ တရားဝင်စာချုပ်,ချုပ်ဆိုပြီးတဲ့နောက်
အင်တာဗျူးမှာ အန်ဇိုဖာနန်ဒက်ဇ်က “ကျွန်တော့်ရဲ့ အပြောင်းအရွှေ့
ဖြစ်မြောက်အောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့
အသင်းပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေနဲ့ ဆုံတွေ့ခွင့်ရဖို့
ကွင်းတွင်း၊ ကွင်းပြင်မှာ အသင်းဖော်တွေကို အကောင်းဆုံးကူညီပေးသွားဖို့
အတွက် ကျွန်တော် မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ဟာ
ဘင္ဖီကာကေန ခ်ယ္လ္ဆီးအသင္းကို ၿဗိတိန္စံခ်ိန္တင္
ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၀၇)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္
အခု ခ်ယ္လ္ဆီးဂ်ာစီကိုင္ထားတဲ့ ဓာတ္ပုံေတြ ပထမဆုံး
အႀကိမ္ထြက္ေပၚလာပါၿပီ။
ခ်ယ္လ္ဆီးအသင္းဟာ အန္ဇိုဖာနန္ဒက္ဇ္ကို ေခၚယူႏိုင္ဖို႔ ဇန္နဝါရီ
အေျပာင္းအေ႐ႊ႕မပိတ္ခင္ နာရီပိုင္းအလိုမွာ အသည္းအသန္
ႀကိဳးပမ္းခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဘင္ဖီကာအသင္းနဲ႔ သေဘာတူညီမႈ
ရရွိခဲ့တာျဖစ္ပါတယ္။
အန္ဇိုဖာနန္ဒက္ဇ္ဟာ မေန႔က(ဗုဒၶဟူး)ညပိုင္းမွာ သီးသန႔္
ဂ်က္ေလယာဥ္နဲ႔ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕
Cobham ေလ့က်င့္ေရးကြင္းမွာ အသင္းဂ်ာစီကိုင္ေဆာင္ၿပီးေတာ့
ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။
အန္ဇိုဖာနန္ဒက္ဇ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ ေဂ်ာ္ဂ်င္ဟို ဝတ္ဆင္ခဲ့တဲ့
ေက်ာနံပါတ္(၅)ကို ဝတ္ဆင္သြားမွာျဖစ္ၿပီး အီတလီဝါရင့္ကြင္းလယ္လူ
ေဂ်ာ္ဂ်င္ဟိုဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာပဲ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္
အာဆင္နယ္ကို ေပါင္(၁၂)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
ခ်ယ္လ္ဆီးနဲ႔ (၈)ႏွစ္ခြဲသက္တမ္းရွိတဲ့ တရားဝင္စာခ်ဳပ္,ခ်ဳပ္ဆိုၿပီးတဲ့ေနာက္
အင္တာဗ်ဴးမွာ အန္ဇိုဖာနန္ဒက္ဇ္က “ကြၽန္ေတာ့္ရဲ႕ အေျပာင္းအေ႐ႊ႕
ျဖစ္ေျမာက္ေအာင္ အားထုတ္ႀကိဳးပမ္းခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔
အသင္းပိုင္ရွင္ကို ေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြနဲ႔ ဆုံေတြ႕ခြင့္ရဖို႔
ကြင္းတြင္း၊ ကြင္းျပင္မွာ အသင္းေဖာ္ေတြကို အေကာင္းဆုံးကူညီေပးသြားဖို႔
အတြက္ ကြၽန္ေတာ္ မေစာင့္ႏိုင္ေလာက္ေအာင္ျဖစ္ေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။