
ကလပ်က တိုက်စစ်မှုးဂရင်းဝုဒ်ရဲ့အခြေအနေဟာ အပြောင်းအလဲမရှိကြောင်း
မန်ယူဘက်က ရှင်းလိုက်ပါတယ်။ မန်ယူကလပ်ဝက်ဘ်ဆိုဒ်က လူစာရင်းမှာ
ဂရင်းဝုဒ်ကို ပြန်တွေ့ခဲ့ရပြီးနောက် သူဟာ အသင်းမှာ ပြန်ပါတော့မယ်ဆိုတဲ့
ခန့်မှန်းပြောဆိုမှုတွေ ဆိုရှယ်မီဒီယာထက်မှာ ရှိလာခဲ့တာပါ။
၂၁ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ အမျိုးသမီးငယ်တစ်ယောက်ကို
မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုစွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ
ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ အဲဒီနောက် သူဟာ အာမခံနဲ့ပြန်လွတ်
လာပေမယ့် ကလပ်ကတော့ သူ့ကို လူစာရင်းက ထုတ်ပယ်ပြီး အရေးယူခဲ့ပါတယ်။
Nike က သူနဲ့စပွန်ဆာစာချုပ်ကို ဖျက်သိမ်းခဲ့သလို မန်ယူကလည်း
ဂရင်းဝုဒ်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေရောင်းချမှုကို အသင်းရဲ့အွန်လိုင်း
စတိုးကနေ ဖြုတ်ချခဲ့တာပါ။ ဒါ့အပြင် မန်ယူအသင်းရဲ့ application မှာလည်း
ဂရင်းဝုဒ်ကို ရှာမတွေ့တော့ပါဘူး။ ဒါပေမဲ့ အသင်းဝက်ဘ်ဆိုဒ်မှာ သူ့ကို
ပြန်ထည့်ထားပြီး ပထမအသင်းသားစာရင်းမှာ သူ့ပုံလည်း ပါဝင်နေတာကြောင့်
ဂရင်းဝုဒ်ဟာ အသင်းမှာ ပြန်ပါတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့တာပါ။
ဆိုရှယ်မီဒီယာပေါ်က အဲဒီလိုပြောဆိုမှုတွေဟာ မှားယွင်းကြောင်း
မန်ယူက အခုလိုတုံ့ပြန်ခဲ့ပါတယ်။ ”ကလပ်က ဂရင်းဝုဒ်ရဲ့အခြေအနေကတော့
ဘာအပြောင်းအလဲမှ မရှိပါဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အသင်းလူစာရင်းကနေ
ဖယ်ရှားခဲ့ပြီးနောက် ကလပ်ရဲ့ app ကနေလည်း သူ့ profile ကို ဖြုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဝက်ဘ်ဆိုဒ်က သူ့ profile ကို မဖြုတ်ဘူးဆိုတာက လောလောဆယ်
အသင်းလူစာရင်းမှာ မပါပေမယ့် သူဟာ ယူနိုက်တက်ကစားသမား
တစ်ယောက်အဖြစ် ဆက်ရှိနေတာကြောင့်ပါ”လို့ မန်ယူက ကြေညာခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက်နေ့ကကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့
ပွဲနောက်ပိုင်းကတည်းက မန်ယူအတွက် မကစားရတော့ပါဘူး။
zawgyi
အသင္းဝက္ဘ္ဆိုက္က ဂရင္း၀ုဒ္ Profile ေၾကာင့္ ပြက္ေလာ႐ိုက္ေနတဲ့ ယူႏိုက္တက္ပရိသတ္ေတြ . . .
ကလပ္က တိုက္စစ္မႈးဂရင္းဝုဒ္ရဲ႕အေျခအေနဟာ အေျပာင္းအလဲမရွိေၾကာင္း
မန္ယူဘက္က ရွင္းလိုက္ပါတယ္။ မန္ယူကလပ္ဝက္ဘ္ဆိုဒ္က လူစာရင္းမွာ
ဂရင္းဝုဒ္ကို ျပန္ေတြ႕ခဲ့ရၿပီးေနာက္ သူဟာ အသင္းမွာ ျပန္ပါေတာ့မယ္ဆိုတဲ့
ခန႔္မွန္းေျပာဆိုမႈေတြ ဆိုရွယ္မီဒီယာထက္မွာ ရွိလာခဲ့တာပါ။
၂၁ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္သားဟာ အမ်ိဳးသမီးငယ္တစ္ေယာက္ကို
မုဒိမ္းမႈ၊ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈစြပ္စြဲခ်က္ေတြနဲ႔ ၿပီးခဲ့တဲ့ဇန္နဝါရီမွာ
ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းခံခဲ့ရတာပါ။ အဲဒီေနာက္ သူဟာ အာမခံနဲ႔ျပန္လြတ္
လာေပမယ့္ ကလပ္ကေတာ့ သူ႔ကို လူစာရင္းက ထုတ္ပယ္ၿပီး အေရးယူခဲ့ပါတယ္။
Nike က သူနဲ႔စပြန္ဆာစာခ်ဳပ္ကို ဖ်က္သိမ္းခဲ့သလို မန္ယူကလည္း
ဂရင္းဝုဒ္နဲ႔ဆက္စပ္တဲ့ပစၥည္းေတြေရာင္းခ်မႈကို အသင္းရဲ႕အြန္လိုင္း
စတိုးကေန ျဖဳတ္ခ်ခဲ့တာပါ။ ဒါ့အျပင္ မန္ယူအသင္းရဲ႕ application မွာလည္း
ဂရင္းဝုဒ္ကို ရွာမေတြ႕ေတာ့ပါဘူး။ ဒါေပမဲ့ အသင္းဝက္ဘ္ဆိုဒ္မွာ သူ႔ကို
ျပန္ထည့္ထားၿပီး ပထမအသင္းသားစာရင္းမွာ သူ႔ပုံလည္း ပါဝင္ေနတာေၾကာင့္
ဂရင္းဝုဒ္ဟာ အသင္းမွာ ျပန္ပါေတာ့မယ္ဆိုတဲ့ ေျပာဆိုမႈေတြရွိခဲ့တာပါ။
ဆိုရွယ္မီဒီယာေပၚက အဲဒီလိုေျပာဆိုမႈေတြဟာ မွားယြင္းေၾကာင္း
မန္ယူက အခုလိုတုံ႔ျပန္ခဲ့ပါတယ္။ ”ကလပ္က ဂရင္းဝုဒ္ရဲ႕အေျခအေနကေတာ့
ဘာအေျပာင္းအလဲမွ မရွိပါဘူး။ ၿပီးခဲ့တဲ့ဇန္နဝါရီမွာ အသင္းလူစာရင္းကေန
ဖယ္ရွားခဲ့ၿပီးေနာက္ ကလပ္ရဲ႕ app ကေနလည္း သူ႔ profile ကို ျဖဳတ္ခဲ့ပါတယ္။
ဒါေပမဲ့ ဝက္ဘ္ဆိုဒ္က သူ႔ profile ကို မျဖဳတ္ဘူးဆိုတာက ေလာေလာဆယ္
အသင္းလူစာရင္းမွာ မပါေပမယ့္ သူဟာ ယူႏိုက္တက္ကစားသမား
တစ္ေယာက္အျဖစ္ ဆက္ရွိေနတာေၾကာင့္ပါ”လို႔ မန္ယူက ေၾကညာခဲ့တာပါ။
ဂရင္းဝုဒ္ဟာ ဇန္နဝါရီ ၂၂ ရက္ေန႔ကကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔
ပြဲေနာက္ပိုင္းကတည္းက မန္ယူအတြက္ မကစားရေတာ့ပါဘူး။
Leave a Reply