အသင်းလူအင်အား တောင့်တင်းချင်တယ်ဆိုရင် ဟယ်ရီကိန်းအပါအဝင် ကစားသမား(၃)ဦးကို ခေါ်ယူရမယ် . .

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမားဟောင်း လီရှပ်က လက်ရှိ

အသင်းရဲ့ လူအင်အားစုဖွဲ့မှု ပိုအားကောင်းလာဖို့ဆိုရင် ကစားသမား(၃)ဦးကို
ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ လီရှပ်ဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့
မြေတောင်မြှောက်ပေးမှုနဲ့အတူ ယူနိုက်တက်အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၆ ခုနှစ်
အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား (၂)ကြိမ်၊
European Cup Winners’ Cup (၁)ကြိမ်အပါအဝင် ကြီးမားတဲ့ဆုဖလား
အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

အခု လီရှပ်က ယူနိုက်တက်အသင်းရဲ့ ကစားသမားစုဖွဲ့မှု ပိုကောင်းလာဖို့အတွက်
ဟယ်ရီကိန်း၊ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားဂိုးသမား အီမီလီယာနိုမာတီနက်ဇ်နဲ့

ဒီယွန်းတို့ကို မဖြစ်မနေ ခေါ်သင့်တယ်လို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

လီရှပ်က “တကယ်လို့ ဟယ်ရီကိန်းသာ စပါးအသင်းကနေ ထွက်ခွာမယ်ဆိုရင်

ယူနိုက်တက်အနေနဲ့ သူ့ကို ဦးစားပေးအဖြစ် ခေါ်ယူသင့်ပါတယ်။ ဂိုးသမားနေရာအတွက်
မာတီနက်ဇ်ကို ခေါ်သင့်ပြီး သူဟာ ကမ္ဘာ့ဖလားလို နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ

အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တဲ့အပြင် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးလည်း
ဖြစ်ပါတယ်။ ကွင်းလယ်အတွက် အသင့်တော်ဆုံးက ဒီယွန်းဖြစ်ပြီး သူ့လို အရည်အချင်း
ရှိတဲ့ကစားသမားမျိုး ပရီးမီးယားလိဂ်မှာ အများကြီးမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကစားသမားေဟာင္း လီရွပ္က လက္ရွိ
အသင္းရဲ႕ လူအင္အားစုဖြဲ႕မႈ ပိုအားေကာင္းလာဖို႔ဆိုရင္ ကစားသမား(၃)ဦးကို
ေခၚယူသင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လီရွပ္ဟာ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕
ေျမေတာင္ေျမႇာက္ေပးမႈနဲ႔အတူ ယူႏိုက္တက္အသင္းမွာ ၁၉၈၈ ကေန ၁၉၉၆ ခုႏွစ္
အထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္(၃)ႀကိမ္၊ FA ဖလား (၂)ႀကိမ္၊

European Cup Winners’ Cup (၁)ႀကိမ္အပါအဝင္ ႀကီးမားတဲ့ဆုဖလား
ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါတယ္။

အခု လီရွပ္က ယူႏိုက္တက္အသင္းရဲ႕ ကစားသမားစုဖြဲ႕မႈ ပိုေကာင္းလာဖို႔အတြက္
ဟယ္ရီကိန္း၊ ကမာၻ႔ဖလားခ်န္ပီယံ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏိုမာတီနက္ဇ္နဲ႔
ဒီယြန္းတို႔ကို မျဖစ္မေန ေခၚသင့္တယ္လို႔ အႀကံေပးခဲ့တာျဖစ္ပါတယ္။

လီရွပ္က “တကယ္လို႔ ဟယ္ရီကိန္းသာ စပါးအသင္းကေန ထြက္ခြာမယ္ဆိုရင္
ယူႏိုက္တက္အေနနဲ႔ သူ႔ကို ဦးစားေပးအျဖစ္ ေခၚယူသင့္ပါတယ္။ ဂိုးသမားေနရာအတြက္
မာတီနက္ဇ္ကို ေခၚသင့္ၿပီး သူဟာ ကမာၻ႔ဖလားလို ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ

အေကာင္းဆုံးလက္စြမ္းျပႏိုင္ခဲ့တဲ့အျပင္ ထိပ္တန္းအဆင့္ဂိုးသမားတစ္ဦးလည္း
ျဖစ္ပါတယ္။ ကြင္းလယ္အတြက္ အသင့္ေတာ္ဆုံးက ဒီယြန္းျဖစ္ၿပီး သူ႔လို အရည္အခ်င္း
ရွိတဲ့ကစားသမားမ်ိဳး ပရီးမီးယားလိဂ္မွာ အမ်ားႀကီးမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။