အသင်းလက်မဲ့ဖြစ်သွားတဲ့ နောက်ခံလူဟောင်းကို ပြန်ခေါ်ဖို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

အေဂျက်စ်အသင်းရဲ့ နယ်သာလန်ဝါရင့်နောက်ခံလူ ဘလင်းဟာ စာချုပ်သက်တမ်း

ပြည့်ဖို့ (၆)လအလိုမှာပဲ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဘလင်းဟာ ၂၀၁၄ ခုနှစ်တုန်းက အေဂျက်စ်ကနေ

မန်ချက်စတာယူနိုက်တက်ကို ပေါင်(၁၃.၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ
FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ကွန်မြူနတီဒိုင်းတွေ ရယူခဲ့ပေမယ့် ပုံမှန်ကစားခွင့်
မရတာကြောင့် ၂၀၁၈ ခုနှစ်မှာ အသင်းဟောင်း အေဂျက်စ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

အေဂျက်စ်ကစားသမားဘ၀ ဒုတိယကာလအတွင်း ဘလင်းဟာ အဓိက,ကစားသမား
အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး အမှတ်ပေးဖလား(၃)ကြိမ်၊ KNVB ဖလား(၂)ကြိမ်၊
ဒတ်ချ်စူပါဖလား(၁)ကြိမ်ရယူခဲ့ပေမယ့် အခု အေဂျက်စ်အသင်းက စာချုပ်သက်တမ်း
မပြည့်ခင်မှာပဲ ဘလင်းနဲ့ ရုတ်တရက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

အေဂျက်စ်အသင်းနဲ့ ဘလင်းတို့ရဲ့ စာချုပ်က ၂၀၂၃၊ ဇွန်လ(၃၀)ရက်မှ သက်တမ်းပြည့်မှာ
ဖြစ်ပေမယ့် အခု ဒီဇင်ဘာ(၃၁)ရက်ကျရင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမှာပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ရဲ့ကစားသမားဟောင်းကို ပြန်ခေါ်ဖို့
အွန်လိုင်းပေါ်မှာ တောင်းဆိုနေကြပါတယ်။

[Zawgyi]

ေအဂ်က္စ္အသင္းရဲ႕ နယ္သာလန္ဝါရင့္ေနာက္ခံလူ ဘလင္းဟာ စာခ်ဳပ္သက္တမ္း
ျပည့္ဖို႔ (၆)လအလိုမွာပဲ အသင္းနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီျဖစ္ပါတယ္။

အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘလင္းဟာ ၂၀၁၄ ခုႏွစ္တုန္းက ေအဂ်က္စ္ကေန
မန္ခ်က္စတာယူႏိုက္တက္ကို ေပါင္(၁၃.၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းနဲ႔အတူ
FA ဖလား၊ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္၊ ကြန္ျမဴနတီဒိုင္းေတြ ရယူခဲ့ေပမယ့္ ပုံမွန္ကစားခြင့္
မရတာေၾကာင့္ ၂၀၁၈ ခုႏွစ္မွာ အသင္းေဟာင္း ေအဂ်က္စ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ေအဂ်က္စ္ကစားသမားဘ၀ ဒုတိယကာလအတြင္း ဘလင္းဟာ အဓိက,ကစားသမား
အျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး အမွတ္ေပးဖလား(၃)ႀကိမ္၊ KNVB ဖလား(၂)ႀကိမ္၊
ဒတ္ခ်္စူပါဖလား(၁)ႀကိမ္ရယူခဲ့ေပမယ့္ အခု ေအဂ်က္စ္အသင္းက စာခ်ဳပ္သက္တမ္း

မျပည့္ခင္မွာပဲ ဘလင္းနဲ႔ ႐ုတ္တရက္ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

ေအဂ်က္စ္အသင္းနဲ႔ ဘလင္းတို႔ရဲ႕ စာခ်ဳပ္က ၂၀၂၃၊ ဇြန္လ(၃၀)ရက္မွ သက္တမ္းျပည့္မွာ

ျဖစ္ေပမယ့္ အခု ဒီဇင္ဘာ(၃၁)ရက္က်ရင္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းမွာပါ။
ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ကစားသမားေဟာင္းကို ျပန္ေခၚဖို႔
အြန္လိုင္းေပၚမွာ ေတာင္းဆိုေနၾကပါတယ္။