





ကိုယ့်အသင်းဖော်အချင်းချင်း ဖျက်ထုတ်မိတာကို ဖာနန်ဒက်စ်က
ပင်နယ်တီတောင်းတာဟာ ဒီရာသီမှာ မန်ယူဟာ တကယ့်သပွတ်အူဆိုတာ





အကျဉ်းရုံးဖော်ပြနေသလိုပါပဲ။ အိုးလ်ထရက်ဖို့ဒ်က လက်စတာနဲ့
အဲဒီ ၁-၁ သရေပွဲမှာ မန်ယူဟာ အဆင့် ၄ နေရာက အာဆင်နယ်နဲ့
တစ်မှတ်သာကွာမယ့်အခွင့်အရေးကို လွဲချော်ခဲ့ရတာပါ။





ခြေစွမ်းအရ စိတ်ပျက်စရာဆိုပေမယ့်လည်း မန်ယူဟာ ပွဲပြီးခါနီး
နာကျင်အချိန်ပို ၉၅ မိနစ်မှာ အနိုင်ဂိုးဖြစ်သွားနိုင်တဲ့ တကယ့်





အခွင့်အရေးကောင်းရရှိခဲ့ပါတယ်။ လူစားဝင်ရက်ရှ်ဖိ့ုဒ်ဟာ ပြိုင်ဘက်
ပင်နယ်တီဧရိယာထဲမှာ ဘောလုံးလက်ခံရရှိခဲ့တာပါ။
အဲဒီနောက် သူဟာ ပြိုင်ဘက်နောက်ခံလူတွေကြားထဲက ဘောလုံး





ဆွဲထုတ်နိုင်ခဲ့ပြီး ကန်သွင်းဖို့ လုပ်ခဲ့ပေမယ့် မမျှော်လင့်တဲ့အခြေအနေ
တစ်ရပ်ကို ကြုံ့တွေ့လိုက်ရပါတယ်။ အဲဒါကတော့ တိုက်စစ်ကစားဖော်





အီလန်ဂါက သူ့ကို မှားယွင်းဖျက်ထုတ်မှုလုပ်မိခဲ့တာပါ။
ကိုယ့်အသင်းဖော်ရဲ့အပိုင်အခွင့်အရေးကို ဖျက်ထုတ်မိသလိုဖြစ်သွားတာက
တကယ့်ကိုကို့ရို့ကားယားဟာသတစ်ခုလိုပါပဲ။ ဖြစ်ချင်တော့ ရက်ရှ်ဖို့ဒ်





လဲကျသွားတာကို ဖာနန်ဒက်စ်က စောဒကတက်ပြီး ဒိုင်ကို ပင်နယ်တီတောင်းပါတယ်။
ကိုယ့်လူအချင်းချင်း ဖျက်ထုတ်သလို ဖြစ်သွားတာကို သူ သတိထားမိပုံမရပါဘူး။





စည်းကြပ်ဒိုင်က အီလန်ဂါ လူကျွံတာကို အလံထောင်တဲ့အတွက်
ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။
မန်ယူရဲ့အဲဒီအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာထက်မှာတော့





ဟာသလုပ်စရာဖြစ်နေပါတယ်။
zawgyi





အသင္းေဖာ္အခ်င္းခ်င္းဖ်က္ထုတ္မိတာကို ပင္နယ္တီေတာင္းတဲ့ ဖာနန္ဒက္စ္ေၾကာင့္ ဟာသလုပ္စရာျဖစ္ေန
ကိုယ့္အသင္းေဖာ္အခ်င္းခ်င္း ဖ်က္ထုတ္မိတာကို ဖာနန္ဒက္စ္က
ပင္နယ္တီေတာင္းတာဟာ ဒီရာသီမွာ မန္ယူဟာ တကယ့္သပြတ္အူဆိုတာ





အက်ဥ္း႐ုံးေဖာ္ျပေနသလိုပါပဲ။ အိုးလ္ထရက္ဖို႔ဒ္က လက္စတာနဲ႔
အဲဒီ ၁-၁ သေရပြဲမွာ မန္ယူဟာ အဆင့္ ၄ ေနရာက အာဆင္နယ္နဲ႔





တစ္မွတ္သာကြာမယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ရတာပါ။
ေျခစြမ္းအရ စိတ္ပ်က္စရာဆိုေပမယ့္လည္း မန္ယူဟာ ပြဲၿပီးခါနီး
နာက်င္အခ်ိန္ပို ၉၅ မိနစ္မွာ အႏိုင္ဂိုးျဖစ္သြားႏိုင္တဲ့ တကယ့္





အခြင့္အေရးေကာင္းရရွိခဲ့ပါတယ္။ လူစားဝင္ရက္ရွ္ဖိ့ုဒ္ဟာ ၿပိဳင္ဘက္
ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးလက္ခံရရွိခဲ့တာပါ။





အဲဒီေနာက္ သူဟာ ၿပိဳင္ဘက္ေနာက္ခံလူေတြၾကားထဲက ေဘာလုံး
ဆြဲထုတ္ႏိုင္ခဲ့ၿပီး ကန္သြင္းဖို႔ လုပ္ခဲ့ေပမယ့္ မေမွ်ာ္လင့္တဲ့အေျခအေန
တစ္ရပ္ကို ႀကဳံ႕ေတြ႕လိုက္ရပါတယ္။ အဲဒါကေတာ့ တိုက္စစ္ကစားေဖာ္





အီလန္ဂါက သူ႔ကို မွားယြင္းဖ်က္ထုတ္မႈလုပ္မိခဲ့တာပါ။
ကိုယ့္အသင္းေဖာ္ရဲ႕အပိုင္အခြင့္အေရးကို ဖ်က္ထုတ္မိသလိုျဖစ္သြားတာက





တကယ့္ကိုကို႔႐ို႕ကားယားဟာသတစ္ခုလိုပါပဲ။ ျဖစ္ခ်င္ေတာ့ ရက္ရွ္ဖို႔ဒ္
လဲက်သြားတာကို ဖာနန္ဒက္စ္က ေစာဒကတက္ၿပီး ဒိုင္ကို ပင္နယ္တီေတာင္းပါတယ္။
ကိုယ့္လူအခ်င္းခ်င္း ဖ်က္ထုတ္သလို ျဖစ္သြားတာကို သူ သတိထားမိပုံမရပါဘူး။





စည္းၾကပ္ဒိုင္က အီလန္ဂါ လူကြၽံတာကို အလံေထာင္တဲ့အတြက္
ကြင္းလယ္ဒိုင္က လူကြၽံေဘာအျဖစ္သာ သတ္မွတ္ခဲ့ပါတယ္။





မန္ယူရဲ႕အဲဒီအျဖစ္အပ်က္ဟာ ဆိုရွယ္မီဒီယာထက္မွာေတာ့
ဟာသလုပ္စရာျဖစ္ေနပါတယ္။
Leave a Reply