အသင်းဖော်ဟောင်း ရာဖင်ဟာကို ယူနိုက်တက်မှာ လာကစားဖို့ ဘရူနိုဖာနန်ဒက်စ် ဖိတ်ခေါ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်ဟာ ဘာစီလိုနာမှာ

ရုန်းကန်နေရတဲ့ သူ့အသင်းဖော်ဟောင်း ရာဖင်ဟာကို အိုးလ်ထရက်ဖို့ဒ်ဆီ
လာကစားဖို့ သွယ်ဝိုက်တဲ့ အသုံးအနှုန်းလေးနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ်
ကစားသမား ရာဖင်ဟာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ
၂၀၁၈-၁၉ ရာသီအတွင်း အတူကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာ ရန်းစ်အသင်းကို
ရာဖင်ဟာ ပြောင်းရွှေ့ခဲ့သလို (၁)နှစ်အကြာမှာပဲ ဘရူနိုဖာနန်ဒက်စ်ကလည်း
စပို့တင်းလစ္စဘွန်းနဲ့ လမ်းခွဲပြီးတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ရာဖင်ဟာက ရန်းစ်အသင်းကနေ လိဒ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး အခုနှစ်၊ နွေရာသီမှာ
လာလီဂါထိပ်သီး ဘာစီလိုနာကို ပေါင်(၅၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ပုံမှန်ခြေစွမ်း

မပြနိုင်ဘဲ ရုန်းကန်နေရပါတယ်။

ဘာစီလိုနာနည်းပြဇာဗီဟာ ရာဖင်ဟာရဲ့ ခြေစွမ်းအပေါ် အားမလိုအားမရ

ဖြစ်နေတာကြောင့် သူ့ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ရာဖင်ဟာနဲ့ ကာလတိုသာကစားခွင့်ရခဲ့ပေမယ့် အတွဲအဖက်မိမိ
ကစားနိုင်တာကြောင့် ရာဖင်ဟာနဲ့အတူ တစ်သင်းတည်း ပြန်ကစားခွင့်ရချင်တယ်လို့ ဝန်ခံ
ပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “တစ်သင်းတည်းအတူ ကစားခွင့်ရချင်တဲ့ ကစားသမားတွေအများကြီး
ရှိပြီး အဲဒီထဲမှာ ရာဖင်ဟာလည်း ပါဝင်ပါတယ်။ သူနဲ့ ကျွန်တော်ကြားက နားလည်မှုက
တော်တော်လေး အားရဖို့ကောင်းပါတယ်။

စပို့တင်းမှာ ရာဖင်ဟာနဲ့ အချိန်အကြာကြီး တွဲမကစားခဲ့ရပေမယ့် သူက ကျွန်တော့်
အတွက်ဆို အကောင်းဆုံးဖြစ်အောင် ကြိုးစား ဖန်တီးပေးနိုင်တဲ့ အသင်းဖော်ကောင်း

တစ်ဦးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္ဇ္ဟာ ဘာစီလိုနာမွာ

႐ုန္းကန္ေနရတဲ့ သူ႔အသင္းေဖာ္ေဟာင္း ရာဖင္ဟာကို အိုးလ္ထရက္ဖို႔ဒ္ဆီ
လာကစားဖို႔ သြယ္ဝိုက္တဲ့ အသုံးအႏႈန္းေလးနဲ႔ ဖိတ္ေခၚခဲ့ပါတယ္။

အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘရာဇီးလ္လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္
ကစားသမား ရာဖင္ဟာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ စပို႔တင္းလစၥဘြန္းအသင္းမွာ
၂၀၁၈-၁၉ ရာသီအတြင္း အတူကစားခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္မွာ ရန္းစ္အသင္းကို
ရာဖင္ဟာ ေျပာင္းေ႐ႊ႕ခဲ့သလို (၁)ႏွစ္အၾကာမွာပဲ ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း
စပို႔တင္းလစၥဘြန္းနဲ႔ လမ္းခြဲၿပီးေတာ့ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ရာဖင္ဟာက ရန္းစ္အသင္းကေန လိဒ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခုႏွစ္၊ ေႏြရာသီမွာ
လာလီဂါထိပ္သီး ဘာစီလိုနာကို ေပါင္(၅၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ပုံမွန္ေျခစြမ္း

မျပႏိုင္ဘဲ ႐ုန္းကန္ေနရပါတယ္။

ဘာစီလိုနာနည္းျပဇာဗီဟာ ရာဖင္ဟာရဲ႕ ေျခစြမ္းအေပၚ အားမလိုအားမရ

ျဖစ္ေနတာေၾကာင့္ သူ႔ကို ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ရာဖင္ဟာနဲ႔ ကာလတိုသာကစားခြင့္ရခဲ့ေပမယ့္ အတြဲအဖက္မိမိ
ကစားႏိုင္တာေၾကာင့္ ရာဖင္ဟာနဲ႔အတူ တစ္သင္းတည္း ျပန္ကစားခြင့္ရခ်င္တယ္လို႔ ဝန္ခံ
ေျပာဆိုခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က “တစ္သင္းတည္းအတူ ကစားခြင့္ရခ်င္တဲ့ ကစားသမားေတြအမ်ားႀကီး
ရွိၿပီး အဲဒီထဲမွာ ရာဖင္ဟာလည္း ပါဝင္ပါတယ္။ သူနဲ႔ ကြၽန္ေတာ္ၾကားက နားလည္မႈက
ေတာ္ေတာ္ေလး အားရဖို႔ေကာင္းပါတယ္။

စပို႔တင္းမွာ ရာဖင္ဟာနဲ႔ အခ်ိန္အၾကာႀကီး တြဲမကစားခဲ့ရေပမယ့္ သူက ကြၽန္ေတာ့္
အတြက္ဆို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစား ဖန္တီးေပးႏိုင္တဲ့ အသင္းေဖာ္ေကာင္း

တစ္ဦးပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။