အသင်းဖော်တွေရှေ့မှာ တန်းဟတ်ရဲ့စောင်းမြောင်းမာန်မဲမှုခံရတာကြောင့် ရော်နယ်ဒို ဒေါသထွက်

မန်ယူအသင်းရဲ့ ၂ နာရီကြာ အစည်းအဝေးမှာ နည်းပြတန်းဟတ်ရဲ့ကြိမ်းမောင်းမာန်မဲမှုခံရတာကြောင့် ရော်နယ်ဒို ဒေါသထွက်နေတယ်လို့ သိရပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်မတိုင်ခင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က တန်းဟတ်ဟာ

အသင်းသားတွေနဲ့ ၂ နာရီကြာတွေ့ဆုံပြီး မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောကြဖို့ ပြောခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဘုတ်အဖွဲ့ရဲ့ထောက်ခံမှုကို ရရှိထားကြောင်း၊ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချဖို့

ဘာကိုမှထိတ်လန့်နေမှာမဟုတ်ကြောင်း ပြောခဲ့တယ်လို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့နာမည်ကျော်ကြားမှုဖိအားကြောင့် သူ့ရဲ့ဂုဏ်သတင်းကို အထိအခိုက်ခံမှာမဟုတ်ကြောင်း၊

အသင်းမှာ မပျော်တဲ့သူတွေအနေနဲ့လည်း သူ့ကို ပွင့်ပွင့်လင်းလင်း လာပြောနိုင်ကြောင်း၊ ဒီလိုကစားသမားတွေအတွက် ထွက်ခွာဖို့ တားဆီးနေမှာမဟုတ်ကြောင်းလည်း ကြိမ်းမောင်းခဲ့တာပါ။ ရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားကိုလည်း

ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အပါအဝင် တစ်ခြားကစားသမားတွေက သူတို့ခံစားချက်နဲ့ သိချင်တာတွေကို နယ်သာလန်သားနည်းပြနဲ့ အပြန်အလှန်ဆွေးနွေးကြပေမယ့် ရော်နယ်ဒိုကတော့

တစ်ခွန်းမှ မပြောခဲ့ဘူးလို့ ရေးသားထားပါတယ်။ သူ့ကို နာမည်တပ်ပြီးမပြောပေမယ့် ရည်ရွယ်ချက်ရှိရှိ ဆူပူကြိမ်းမောင်းနေတာ သိသာတာကြောင့် ဒေါသလည်းထွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။  မန်ယူဟာ အဖွင့် ၂ ပွဲဆက်ရှုံးနိမ့်မှုကိုရပ်တန့်ပြီး

လီဗာပူးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကစားသမားတွေကို အပူချိန် ၃၃ ဒီဂရီဖာရင်ဟိုက်မှာ ၈ မိုင်ခွဲလောက်ပြေးခိုင်းခဲ့တဲ့အကျိုးကို မန်ယူရခဲ့တာလို့ ပရိသတ်တွေကနှစ်သက်နေကြပေမယ့် ရော်နယ်ဒိုရဲ့အိုးလ်ထရက်ဖို့ဒ်နေ့ရက်တွေကတော့ ကုန်ဆုံးဖို့နီးကပ်လာပြီလို့ သတင်းတွေထွက်နေတာပါ

(zawgyi)

မန္ယူအသင္းရဲ႕ ၂ နာရီၾကာ အစည္းအေဝးမွာ နည္းျပတန္းဟတ္ရဲ႕ႀကိမ္းေမာင္းမာန္မဲမႈခံရတာေၾကာင့္ ေရာ္နယ္ဒို ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။ လီဗာပူးလ္နဲ႔ပြဲစဥ္မတိုင္ခင္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က

တန္းဟတ္ဟာ အသင္းသားေတြနဲ႔ ၂ နာရီၾကာေတြ႕ဆုံၿပီး မေက်နပ္ခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေျပာၾကဖို႔ ေျပာခဲ့ပါတယ္။ သူကိုယ္တိုင္လည္း ဘုတ္အဖြဲ႕ရဲ႕ေထာက္ခံမႈကို ရရွိထားေၾကာင္း၊ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ေတြခ်ဖို႔

ဘာကိုမွထိတ္လန႔္ေနမွာမဟုတ္ေၾကာင္း ေျပာခဲ့တယ္လို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ ဒါ့အျပင္ ကစားသမားေတြရဲ႕နာမည္ေက်ာ္ၾကားမႈဖိအားေၾကာင့္ သူ႔ရဲ႕ဂုဏ္သတင္းကို အထိအခိုက္ခံမွာမဟုတ္ေၾကာင္း၊

အသင္းမွာ မေပ်ာ္တဲ့သူေတြအေနနဲ႔လည္း သူ႔ကို ပြင့္ပြင့္လင္းလင္း လာေျပာႏိုင္ေၾကာင္း၊ ဒီလိုကစားသမားေတြအတြက္ ထြက္ခြာဖို႔ တားဆီးေနမွာမဟုတ္ေၾကာင္းလည္း ႀကိမ္းေမာင္းခဲ့တာပါ။

ေရာ္နယ္ဒိုနဲ႔ မက္ဂြိဳင္းယားကိုလည္း ပြဲထြက္ခြင့္ရမွာ မဟုတ္ဘူးလို႔ အသိေပးခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္အပါအဝင္ တစ္ျခားကစားသမားေတြက သူတို႔ခံစားခ်က္နဲ႔ သိခ်င္တာေတြကို နယ္သာလန္သားနည္းျပနဲ႔ အျပန္အလွန္ေဆြးေႏြးၾကေပမယ့္

ေရာ္နယ္ဒိုကေတာ့ တစ္ခြန္းမွ မေျပာခဲ့ဘူးလို႔ ေရးသားထားပါတယ္။ သူ႔ကို နာမည္တပ္ၿပီးမေျပာေပမယ့္ ရည္႐ြယ္ခ်က္ရွိရွိ ဆူပူႀကိမ္းေမာင္းေနတာ သိသာတာေၾကာင့္ ေဒါသလည္းထြက္ေနတယ္လို႔ ေဖၚျပထားပါတယ္။ မန္ယူဟာ အဖြင့္ ၂ ပြဲဆက္ရႈံးနိမ့္မႈကိုရပ္တန႔္ၿပီး လီဗာပူးလ္ကို ၂-၁ ဂိုးနဲ႔

အႏိုင္ရခဲ့ပါတယ္။ ကစားသမားေတြကို အပူခ်ိန္ ၃၃ ဒီဂရီဖာရင္ဟိုက္မွာ ၈ မိုင္ခြဲေလာက္ေျပးခိုင္းခဲ့တဲ့အက်ိဳးကို မန္ယူရခဲ့တာလို႔ ပရိသတ္ေတြကႏွစ္သက္ေနၾကေပမယ့္ ေရာ္နယ္ဒိုရဲ႕အိုးလ္ထရက္ဖို႔ဒ္ေန႔ရက္ေတြကေတာ့ ကုန္ဆုံးဖို႔နီးကပ္လာၿပီလို႔ သတင္းေတြထြက္ေနတာပါ