အသင်းနိုင်ပွဲရဖို့အတွက် ဒဏ်ရာရှိလျက်နဲ့ ပွဲချိန်ပြည့် ဆက်ကစားပေးခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို အဲရစ်တန်ဟက် ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က မန်စီးတီးနဲ့ပွဲမှာ

မာစီယဲလ် ဒဏ်ရာရရှိခဲ့ပြီး ရပ်ရှ်ဖို့ဒ်ဟာလည်း ထိခိုက်နာကျင်မှု
ခံစားခဲ့ရပေမယ့် အသင်းအနိုင်ရအောင် နိုင်လိုစိတ်ပြင်းပြင်းနဲ့
ပွဲပြီးတဲ့အထိ ဆက်ကစားသွားတာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက် (၁၅)ပွဲကစား၊ (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၂)ကြိမ်ပြုလုပ်ခဲ့သူ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ မန်ချက်စတာ
ဒါဘီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ
အဲရစ်တန်ဟက်က သူ့ကို အန်တိုနီနဲ့ လူစားလဲခဲ့ပါတယ်။

မာစီယဲလ်ရဲ့ ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး အဲရစ်တန်ဟက်က
“ပထမပိုင်းအပြီးမှာ မာစီယဲလ်က ပွဲဆက်မကစားနိုင်တော့ဘူးလို့

အသိပေးခဲ့တာကြောင့် သူ့ကို ကျွန်တော်တို့ လူစားလဲခဲ့ရပါတယ်။
မာစီယဲလ်ကို လူစားလဲခဲ့ပြီးနောက်ပိုင်း ပွဲက အလှည့်အပြောင်းတွေ
ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ပွဲချိန်အတွင်း ထိခိုက်မှုရှိခဲ့ပေမယ့် စိတ်ဓာတ်
ပြင်းပြင်းနဲ့ အသင်းအတွက် နိုင်ပွဲရအောင် ကူညီပေးခဲ့သူ
ရပ်ရှ်ဖို့ဒ်ကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပထမပိုင်းမှာ မန်စီးတီးနောက်ခံလူ ဝေါလ်ကာနဲ့
ထိခိုက်မိခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီးဆေးကုသမှုခံယူပြီးတော့
ပွဲဆက်လက်ကစားခဲ့သလို ပွဲပြီးခါနီးမှာ အသင်းအတွက်

အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ဘောလုံးသမားဆိုတာ ဒီလိုမျိုး အလွယ်တကူ

အလျှော့မပေးတတ်တဲ့ စိတ်ဓာတ်ရှိရမှာဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာ
ပြစ်ဒဏ်ကျူးလွန်ခံရလို့ ထိခိုက်နာကျင်မှုခံစားနေရတယ်ဆိုရင်တောင်
အဆုံးအထိ တိုက်ပွဲဝင်ပြီး ကိုယ့်အသင်း ရလဒ်ကောင်းဖို့၊ စွမ်းဆောင်ရည်
ကောင်းဖို့အတွက် ကြိုးစားသွားရမှာပါ။

ရပ်ရှ်ဖို့ဒ်ဟာ အခုပွဲမှာ အဲဒီလို စိတ်ဓာတ်နဲ့ကစားခဲ့ပြီး ဒီအတွက်လည်း
သူ့ရဲ့ အားထုတ်မှုအပေါ်အသိအမှတ်ပြု ချီးကျူးရမှာဖြစ်ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က မန္စီးတီးနဲ႔ပြဲမွာ
မာစီယဲလ္ ဒဏ္ရာရရွိခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္ဟာလည္း ထိခိုက္နာက်င္မႈ

ခံစားခဲ့ရေပမယ့္ အသင္းအႏိုင္ရေအာင္ ႏိုင္လိုစိတ္ျပင္းျပင္းနဲ႔
ပြဲၿပီးတဲ့အထိ ဆက္ကစားသြားတာျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဒီရာသီမွာ ယူႏိုက္တက္အတြက္ (၁၅)ပြဲကစား၊ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
(၂)ႀကိမ္ျပဳလုပ္ခဲ့သူ တိုက္စစ္ကစားသမား မာစီယဲလ္ဟာ မန္ခ်က္စတာ
ဒါဘီပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာပဲ
အဲရစ္တန္ဟက္က သူ႔ကို အန္တိုနီနဲ႔ လူစားလဲခဲ့ပါတယ္။

မာစီယဲလ္ရဲ႕ ဒဏ္ရာအေနအထားနဲ႔ပတ္သက္ၿပီး အဲရစ္တန္ဟက္က
“ပထမပိုင္းအၿပီးမွာ မာစီယဲလ္က ပြဲဆက္မကစားႏိုင္ေတာ့ဘူးလို႔
အသိေပးခဲ့တာေၾကာင့္ သူ႔ကို ကြၽန္ေတာ္တို႔ လူစားလဲခဲ့ရပါတယ္။

မာစီယဲလ္ကို လူစားလဲခဲ့ၿပီးေနာက္ပိုင္း ပြဲက အလွည့္အေျပာင္းေတြ
ျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာ ပြဲခ်ိန္အတြင္း ထိခိုက္မႈရွိခဲ့ေပမယ့္ စိတ္ဓာတ္
ျပင္းျပင္းနဲ႔ အသင္းအတြက္ ႏိုင္ပြဲရေအာင္ ကူညီေပးခဲ့သူ
ရပ္ရွ္ဖို႔ဒ္ကိုလည္း ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ ပထမပိုင္းမွာ မန္စီးတီးေနာက္ခံလူ ေဝါလ္ကာနဲ႔
ထိခိုက္မိခဲ့တာေၾကာင့္ ဒဏ္ရာရရွိခဲ့ၿပီးေဆးကုသမႈခံယူၿပီးေတာ့
ပြဲဆက္လက္ကစားခဲ့သလို ပြဲၿပီးခါနီးမွာ အသင္းအတြက္
အေရးပါတဲ့ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

အဲရစ္တန္ဟက္က “ေဘာလုံးသမားဆိုတာ ဒီလိုမ်ိဳး အလြယ္တကူ
အေလွ်ာ့မေပးတတ္တဲ့ စိတ္ဓာတ္ရွိရမွာျဖစ္ပါတယ္။ ပြဲခ်ိန္အတြင္းမွာ

ျပစ္ဒဏ္က်ဴးလြန္ခံရလို႔ ထိခိုက္နာက်င္မႈခံစားေနရတယ္ဆိုရင္ေတာင္
အဆုံးအထိ တိုက္ပြဲဝင္ၿပီး ကိုယ့္အသင္း ရလဒ္ေကာင္းဖို႔၊ စြမ္းေဆာင္ရည္
ေကာင္းဖို႔အတြက္ ႀကိဳးစားသြားရမွာပါ။

ရပ္ရွ္ဖို႔ဒ္ဟာ အခုပြဲမွာ အဲဒီလို စိတ္ဓာတ္နဲ႔ကစားခဲ့ၿပီး ဒီအတြက္လည္း
သူ႔ရဲ႕ အားထုတ္မႈအေပၚအသိအမွတ္ျပဳ ခ်ီးက်ဴးရမွာျဖစ္ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။