အသင်းခေါင်းဆောင်လက်ပတ်ရဲ့ဖိအားကို အိုဒီဂတ်ခံနိုင်ပါ့မလားလို့ အထင်သေးခဲ့မိကြောင်း ဖာဒီနန် ဝန်ခံ

ဂန်းနားတွေရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို မာတင်အိုဒီဂတ်ဝတ်ဆင်ခွင့်ရချိန်မှာ သံသယစိတ်ဝင်မိခဲ့တာ မှားသွားတယ်လို့ ရီယိုဖာဒီနန်က ဝန်ခံလိုက်ပါတယ်။ နော်ဝေလက်ရွေးစင်ကို နည်းပြအာတီတာက

အသင်းခေါင်းဆောင်ရာထူးပေးလိုက်တဲ့အပေါ် တီးတိုးဝေဖန်သံတွေထွက်ခဲ့ပါတယ်။ ဒီအထဲမှာ မန်ယူနောက်ခံလူဟောင်းလည်း အပါအဝင်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကတော့

ရာသီအဖွင့် ၃ ပွဲဆက်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်မှာ အာဆင်နယ်ရပ်တည်နိုင်အောင်  ဦးဆောင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာဆိုရင် ကိုယ်တိုင်တောင် ၂ ဂိုးသွင်းနိုင်ခဲ့သူပါ။

ဒါကြောင့် သရဲနီဂန္ထဝင်နောက်ခံလူက သူ့ရဲ့Youtube ချန်နယ်ကနေ “ အသင်းခေါင်းဆောင်လက်ပတ်ဟာ သူ့အတွက် အရမ်းလေးနိုင်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

တစ်ချို့ကစားသမားတွေက လက်ပတ်ရရင်ပြောင်းလဲသွားတတ်ကြတယ်။ သူဟာ တောက်ပစွာနဲ့ ရာသီစတင်နိုင်ခဲ့တာပါ။ ကစားသမားတစ်ယောက်အနေနဲ့ အိုဒီဂတ်ကို ကျွန်တော် တကယ်နှစ်သက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ သူက အံ့အားသင့်စရာပါ။ အသက် ၁၅ နှစ်အရွယ်ကတည်းက သူဟာ အံ့သြစရာကလေးတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘာကြောင့်လဲဆိုတာကို ပြနေပါပြီ။ ဒီလက်ပတ်ဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်သလို

ပိုမိုတိုးတက်ကောင်းမွန်သူတစ်ယောက်လည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီ ၃ ပွဲကတော့ သူ့ကို ပိုမိုကြီးမားတဲ့ကစားသမားတစ်ယောက်၊ ပင်ကိုယ်အရည်အသွေး ပိုကောင်းလာသူတစ်ယောက်၊ စရိုက်လက္ခဏာပိုကောင်းလာသူတစ်ယောက် ဖြစ်စေခဲ့တာပါ ” လို့ ဖာဒီနန်က ပြောသွားခဲ့ပါတယ်။

(zawgyi)

ဂန္းနားေတြရဲ႕အသင္းေခါင္းေဆာင္လက္ပတ္ကို မာတင္အိုဒီဂတ္ဝတ္ဆင္ခြင့္ရခ်ိန္မွာ သံသယစိတ္ဝင္မိခဲ့တာ မွားသြားတယ္လို႔ ရီယိုဖာဒီနန္က ဝန္ခံလိုက္ပါတယ္။ ေနာ္ေဝလက္ေ႐ြးစင္ကို နည္းျပအာတီတာက

အသင္းေခါင္းေဆာင္ရာထူးေပးလိုက္တဲ့အေပၚ တီးတိုးေဝဖန္သံေတြထြက္ခဲ့ပါတယ္။ ဒီအထဲမွာ မန္ယူေနာက္ခံလူေဟာင္းလည္း အပါအဝင္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူကေတာ့ ရာသီအဖြင့္ ၃ ပြဲဆက္အႏိုင္ရၿပီး

အမွတ္ေပးဇယားထိပ္မွာ အာဆင္နယ္ရပ္တည္ႏိုင္ေအာင္ ဦးေဆာင္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာဆိုရင္ ကိုယ္တိုင္ေတာင္ ၂ ဂိုးသြင္းႏိုင္ခဲ့သူပါ။ ဒါေၾကာင့္ သရဲနီဂႏၴဝင္ေနာက္ခံလူက

သူ႔ရဲ႕Youtube ခ်န္နယ္ကေန “ အသင္းေခါင္းေဆာင္လက္ပတ္ဟာ သူ႔အတြက္ အရမ္းေလးႏိုင္တယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာခဲ့ပါတယ္။ တစ္ခ်ိဳ႕ကစားသမားေတြက

လက္ပတ္ရရင္ေျပာင္းလဲသြားတတ္ၾကတယ္။ သူဟာ ေတာက္ပစြာနဲ႔ ရာသီစတင္ႏိုင္ခဲ့တာပါ။ ကစားသမားတစ္ေယာက္အေနနဲ႔ အိုဒီဂတ္ကို ကြၽန္ေတာ္ တကယ္ႏွစ္သက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ သူက အံ့အားသင့္စရာပါ။

အသက္ ၁၅ ႏွစ္အ႐ြယ္ကတည္းက သူဟာ အံ့ၾသစရာကေလးတစ္ေယာက္ျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဘာေၾကာင့္လဲဆိုတာကို ျပေနပါၿပီ။ ဒီလက္ပတ္ဟာ ႀကီးမားတဲ့ဝန္ထုပ္ဝန္ပိုးျဖစ္သြားႏိုင္သလို ပိုမိုတိုးတက္ေကာင္းမြန္သူတစ္ေယာက္လည္း

ျဖစ္လာေစႏိုင္ပါတယ္။ ဒီ ၃ ပြဲကေတာ့ သူ႔ကို ပိုမိုႀကီးမားတဲ့ကစားသမားတစ္ေယာက္၊ ပင္ကိုယ္အရည္အေသြး ပိုေကာင္းလာသူတစ္ေယာက္၊ စ႐ိုက္လကၡဏာပိုေကာင္းလာသူတစ္ေယာက္ ျဖစ္ေစခဲ့တာပါ ” လို႔ ဖာဒီနန္က ေျပာသြားခဲ့ပါတယ္။