အသင်းခေါင်းဆောင်ရာထူးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ မက်ဂွိုင်းယားကို တန်းဟတ် သတိပေး

မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ မန်ယူနည်းပြတန်းဟတ်က သတိပေးခဲ့ကြောင်း The Sun သတင်းစာက ဖေါ်ပြပါတယ်။ နယ်သာလန်သားနည်းပြဟာ လီဗာပူးလ်ကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး

ပရီးမီးယားလိဂ်ရာသီသစ် ပထမဆုံးနိုင်ပွဲရယူပြီး ဝေဖန်မှုတွေနဲ့ဖိအားတွေကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ဘရန့်ဖို့ဒ်ကို အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့နောက် ကစားသမားတွေကို နားရက်မပေးဘဲ ပြင်းပြင်းထန်ထန်လေ့ကျင့်စေတဲ့အထိ

သူ့အလုပ်အပေါ် တန်းဟတ် အာရုံစိုက်ခဲ့တာပါ။ ကာရင်တန်လေ့ကျင့်ကွင်းမှာ ၁၃.၈ ကီလိုမီတာပြေးခိုင်းတာကြောင့် ကစားသမားတွေကလည်း သူ့အပေါ် အမြင်မကြည်လင်ခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့ဘေးမှာ နည်းပြကိုယ်တိုင်ဝင်ပြေးပြလိုက်ချိန်မှာတော့

အားလုံး ပါးစပ်တွေပိတ်ကုန်ကြပါတယ်။ အထူးသဖြင့် ကြိုးကြာနီတွေကို အနိုင်ရတဲ့ပွဲမှာ ဘရန့်ဖို့ဒ်နဲ့ပွဲကထက် အသင်းလိုက်လုပ်အားနှုန်းတက်လာခဲ့သလို စိတ်ဓာတ်ပိုင်းလည်းမြင့်မားလာခဲ့ပြီး လိုအပ်တဲ့နိုင်ပွဲ ရယူလိုက်နိုင်ခဲ့တာကြောင့်

တန်းဟတ်အပေါ် အားလုံးလေးစားသွားကြတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် လုပ်ရဲကိုင်ရဲရှိတဲ့တန်းဟတ်ဟာ အဲဒီပွဲမှာ ရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားကိုခေါက်ထားခဲ့သလို အင်္ဂလန်နောက်ခံလူရဲ့ အသင်းခေါင်းဆောင်ရာထူးကလည်း

မသေချာတော့ဘူးလို့ဆိုပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်လက်ပတ် ပေးဝတ်ခဲ့တဲ့ နယ်သာလန်သားနည်းပြဟာ လာမယ့်ပွဲတွေမှာ ပေါ်တူဂီသားရဲ့စွမ်းဆောင်မှုကောင်းရင် မက်ဂွိုင်းယားလက်ပေါ်ကို ကပ္ပတိန်လက်ပတ် ပြန်တင်မှာမဟုတ်ဘူးဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

(zawgyi)

မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ရာထူးအတြက္ အာမခံခ်က္မေပးႏိုင္ဘူးလို႔ မန္ယူနည္းျပတန္းဟတ္က သတိေပးခဲ့ေၾကာင္း The Sun သတင္းစာက ေဖၚျပပါတယ္။ နယ္သာလန္သားနည္းျပဟာ လီဗာပူးလ္ကို ၂-၁ ဂိုးနဲ႔အႏိုင္ယူၿပီး

ပရီးမီးယားလိဂ္ရာသီသစ္ ပထမဆုံးႏိုင္ပြဲရယူၿပီး ေဝဖန္မႈေတြနဲ႔ဖိအားေတြကို ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ ဘရန႔္ဖို႔ဒ္ကို အရွက္တကြဲရႈံးနိမ့္ခဲ့ရတဲ့ေနာက္ ကစားသမားေတြကို နားရက္မေပးဘဲ ျပင္းျပင္းထန္ထန္ေလ့က်င့္ေစတဲ့အထိ

သူ႔အလုပ္အေပၚ တန္းဟတ္ အာ႐ုံစိုက္ခဲ့တာပါ။ ကာရင္တန္ေလ့က်င့္ကြင္းမွာ ၁၃.၈ ကီလိုမီတာေျပးခိုင္းတာေၾကာင့္ ကစားသမားေတြကလည္း သူ႔အေပၚ အျမင္မၾကည္လင္ခဲ့ၾကပါဘူး။ ဒါေပမဲ့ သူတို႔ေဘးမွာ

နည္းျပကိုယ္တိုင္ဝင္ေျပးျပလိုက္ခ်ိန္မွာေတာ့ အားလုံး ပါးစပ္ေတြပိတ္ကုန္ၾကပါတယ္။ အထူးသျဖင့္ ႀကိဳးၾကာနီေတြကို အႏိုင္ရတဲ့ပြဲမွာ ဘရန႔္ဖို႔ဒ္နဲ႔ပြဲကထက္ အသင္းလိုက္လုပ္အားႏႈန္းတက္လာခဲ့သလို စိတ္ဓာတ္ပိုင္းလည္းျမင့္မားလာခဲ့ၿပီး

လိုအပ္တဲ့ႏိုင္ပြဲ ရယူလိုက္ႏိုင္ခဲ့တာေၾကာင့္ တန္းဟတ္အေပၚ အားလုံးေလးစားသြားၾကတယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ လုပ္ရဲကိုင္ရဲရွိတဲ့တန္းဟတ္ဟာ အဲဒီပြဲမွာ ေရာ္နယ္ဒိုနဲ႔ မက္ဂြိဳင္းယားကိုေခါက္ထားခဲ့သလို

အဂၤလန္ေနာက္ခံလူရဲ႕ အသင္းေခါင္းေဆာင္ရာထူးကလည္း မေသခ်ာေတာ့ဘူးလို႔ဆိုပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ကို အသင္းေခါင္းေဆာင္လက္ပတ္ ေပးဝတ္ခဲ့တဲ့ နယ္သာလန္သားနည္းျပဟာ လာမယ့္ပြဲေတြမွာ ေပၚတူဂီသားရဲ႕စြမ္းေဆာင္မႈေကာင္းရင္ မက္ဂြိဳင္းယားလက္ေပၚကို ကပၸတိန္လက္ပတ္ ျပန္တင္မွာမဟုတ္ဘူးဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။