အသင်းကထွက်ချင်နေတဲ့ ရော်နယ်ဒိုကို မန်ယူပုံစံပေးပြီ

အိုးလ်ထရက်ဖို့ဒ်မှာတော့ အခြေအနေတွေတင်းမာနေပါတယ်။ အကြောင်းကတော့ အသင်းကနေထွက်ခွာချင်နေတဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို မန်ယူက သတိပေးတာတွေလုပ်လာခဲ့တာပါ။

သရဲနီတွေဟာ ဆိုးလ်ရှားကိုထုတ်ပယ်ပြီးတဲ့နောက် အချိန်တိုအတွင်းမှာ နည်းပြ ၃ ဦးခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီး ပေါ်တူဂီကြယ်ပွင့်စိတ်ရှုပ်နေသလို လက်ရှိနွေဈေးကွက်မှာ အလုပ်မဖြစ်တာကိုလည်း စိတ်ပျက်နေတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးမကြာခင်မှာပဲ

သင့်တော်တဲ့ကမ်းလှမ်းမှုရရင် သူ့ကိုထွက်ခွာခွင့်ပေးပါလို့ ရော်နယ်ဒိုတောင်းဆိုထားတယ်ဆိုတဲ့သတင်းလည်း အံ့သြစရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူဘက်ကလည်း ရော်နယ်ဒိုဟာ ရောင်းဖို့မဟုတ်ဘူးလို့တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ အခုလည်း ရာသီကြိုခြေစမ်းပွဲတွေမှာ သူတို့နဲ့အတူ လိုက်ပါကစားရမယ်လို့ ရော်နယ်ဒိုကို သတိပေးလိုက်ကြောင်း The Mirror သတင်းစာက ဖေါ်ပြလာပါတယ်။

မန်ယူဟာ လာမယ့်သောကြာနေ့မှာ နှစ်ပတ်ခွဲကြာမြင့်မယ့် သူတို့ရဲ့ရာသီကြိုခြေစမ်းခရီးစဉ်ကို စတင်ဖို့ရှိနေပါတယ်။ သြစတြေးလျနဲ့ ထိုင်းကိုခြေဆန့်မယ့် ဒီခရီးစဉ်မှာ မဖြစ်မနေလိုက်ပါရမယ်လို့ မန်ယူက ရော်နယ်ဒိုကို သတိပေးထားကြောင်း ရေးသားထားပါတယ်။

နည်းပြသစ်တန်းဟတ်ဟာ သူ့ရဲ့မန်ယူနည်းပြဘ၀ ပွဲဦးထွက်အဖြစ် ပြိုင်ဘက်ကြီးလီဗာပူးလ်နဲ့ ဘန်ကောက်မှာရင်ဆိုင်ဖို့ရှိပြီး အဲဒီနောက်မှာ ပဲလေ့စ်နဲ့ကစားဖို့ မဲလ်ဘုန်း၊ ဗီလာနဲ့ကစားဖို့ ပါ့သ်ကို ခရီးဆက်မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မကစားရတာကြောင့် မန်ယူကိုစွန့်ခွာချင်နေတယ်လို့ သတင်းထွက်နေတဲ့ရော်နယ်ဒိုဘက်ကတော့ တုံ့ပြန်မှုမရှိသေးပါဘူး။

ချန်ပီယံလိဂ်မှာ ၁၉ ရာသီဆက်ကစားခဲ့သူ၊ ၁၄၁ ဂိုးနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ရှင်ဆိုတော့ တပ်ပျက်နေတဲ့မန်ယူမှာ ရော်နယ်ဒို ကြာကြာနေမှာမဟုတ်ဘူးဆိုတဲ့ ခန့်မှန်းမှုတွေကလည်း အစောပိုင်းကတည်းကကြားနေရတာပါ။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ အေျခအေနေတြတင္းမာေနပါတယ္။ အေၾကာင္းကေတာ့ အသင္းကေနထြက္ခြာခ်င္ေနတဲ့ တိုက္စစ္မႉးေရာ္နယ္ဒိုကို မန္ယူက သတိေပးတာေတြလုပ္လာခဲ့တာပါ။

သရဲနီေတြဟာ ဆိုးလ္ရွားကိုထုတ္ပယ္ၿပီးတဲ့ေနာက္ အခ်ိန္တိုအတြင္းမွာ နည္းျပ ၃ ဦးခန႔္အပ္ခဲ့တာနဲ႔ပတ္သက္ၿပီး ေပၚတူဂီၾကယ္ပြင့္စိတ္ရႈပ္ေနသလို လက္ရွိေႏြေဈးကြက္မွာ အလုပ္မျဖစ္တာကိုလည္း စိတ္ပ်က္ေနတယ္ဆိုတဲ့သတင္းေတြထြက္လာၿပီးမၾကာခင္မွာပဲ

သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရင္ သူ႔ကိုထြက္ခြာခြင့္ေပးပါလို႔ ေရာ္နယ္ဒိုေတာင္းဆိုထားတယ္ဆိုတဲ့သတင္းလည္း အံ့ၾသစရာေကာင္းေလာက္ေအာင္ ထြက္ေပၚလာခဲ့ပါတယ္။ မန္ယူဘက္ကလည္း ေရာ္နယ္ဒိုဟာ ေရာင္းဖို႔မဟုတ္ဘူးလို႔တုန႔္ျပန္ခဲ့ေၾကာင္း သိရပါတယ္။

အခုလည္း ရာသီႀကိဳေျခစမ္းပြဲေတြမွာ သူတို႔နဲ႔အတူ လိုက္ပါကစားရမယ္လို႔ ေရာ္နယ္ဒိုကို သတိေပးလိုက္ေၾကာင္း The Mirror သတင္းစာက ေဖၚျပလာပါတယ္။ မန္ယူဟာ လာမယ့္ေသာၾကာေန႔မွာ ႏွစ္ပတ္ခြဲၾကာျမင့္မယ့္ သူတို႔ရဲ႕ရာသီႀကိဳေျခစမ္းခရီးစဥ္ကို စတင္ဖို႔ရွိေနပါတယ္။

ၾသစေၾတးလ်နဲ႔ ထိုင္းကိုေျခဆန႔္မယ့္ ဒီခရီးစဥ္မွာ မျဖစ္မေနလိုက္ပါရမယ္လို႔ မန္ယူက ေရာ္နယ္ဒိုကို သတိေပးထားေၾကာင္း ေရးသားထားပါတယ္။ နည္းျပသစ္တန္းဟတ္ဟာ သူ႔ရဲ႕မန္ယူနည္းျပဘ၀ ပြဲဦးထြက္အျဖစ္ ၿပိဳင္ဘက္ႀကီးလီဗာပူးလ္နဲ႔ ဘန္ေကာက္မွာရင္ဆိုင္ဖို႔ရွိၿပီး အဲဒီေနာက္မွာ ပဲေလ့စ္နဲ႔ကစားဖို႔ မဲလ္ဘုန္း၊ ဗီလာနဲ႔ကစားဖို႔ ပါ့သ္ကို ခရီးဆက္မွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မကစားရတာေၾကာင့္ မန္ယူကိုစြန႔္ခြာခ်င္ေနတယ္လို႔ သတင္းထြက္ေနတဲ့ေရာ္နယ္ဒိုဘက္ကေတာ့ တုံ႔ျပန္မႈမရွိေသးပါဘူး။ ခ်န္ပီယံလိဂ္မွာ ၁၉ ရာသီဆက္ကစားခဲ့သူ၊ ၁၄၁ ဂိုးနဲ႔ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူဆိုတဲ့ ဂုဏ္ပုဒ္ပိုင္ရွင္ဆိုေတာ့ တပ္ပ်က္ေနတဲ့မန္ယူမွာ ေရာ္နယ္ဒို ၾကာၾကာေနမွာမဟုတ္ဘူးဆိုတဲ့ ခန႔္မွန္းမႈေတြကလည္း အေစာပိုင္းကတည္းကၾကားေနရတာပါ။