အသက်(၃၆)နှစ်အရွယ်ရှိနေပေမယ့် ထိပ်တန်းအဆင့်ခြေစွမ်းပြသနေဆဲဖြစ်တဲ့မိုဒရစ်ကို ပရိသတ်တွေချီးကျူး

ရီးယဲလ်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ အသက်(၃၆)နှစ်အရွယ်

ရှိနေပြီဖြစ်ပေမယ့် ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ထိပ်တန်းအဆင့်ခြေစွမ်းပြသခဲ့တာကြောင့်

ပရိသတ်တွေက မိုဒရစ်ကို အွန်လိုင်းပေါ်မှာ ချီးကျူးရေးသားနေကြပါတယ်။

မိုဒရစ်ဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းအတွက်အကောင်းဆုံးကစားပြနေပြီး

ချယ်လ်ဆီးနဲ့ကွာတားဖိုင်နယ်ပထမအကျော့တုန်းက ကွင်းလယ်တစ်ခုလုံးကို

ဦးဆောင်ကစားခဲ့သလို ဒုတိယအကျော့ပွဲမှာလည်း အရေးပါတဲ့ချေပဂိုးရအောင်

လှလှပပဖန်တီးပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက (၃-၀)ဂိုးပြတ်နဲ့ဦးဆောင်

ထားချိန်မှာ ရီးယဲလ်အသင်း ချေပဂိုးပြန်ရဖို့အသည်းအသန်လိုအပ်နေပြီး

မိနစ်(၈၀)မှာ ရိုဒရီဂိုရဲ့အဖိုးတန်ချေပဂိုးရရှိအောင် မိုဒရစ်က သူ့သမ္ဘာနဲ့

Skill ပေါင်းစပ်ပြီးတော့ အကွက်မြင်မြင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုးကြောင့် ရီးယဲလ်တို့ အချိန်ပိုဆက်ကန်ခွင့်ရခဲ့သလို (၉၆)မိနစ်မှာ

ဘန်ဇီမာက ဒုတိယချေပဂိုးသွင်းယူခဲ့တာကြောင့် (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့်

နှစ်ကျော့ပေါင်းရလဒ်(၅-၄)ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ပရိသတ်တွေက မိုဒရစ်ရဲ့ခြေစွမ်းကို ချီးကျူးနေကြပြီး

တချို့ကတော့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဇီဒန်း၊ အင်နီယေစတာ၊

ဇာဗီတို့နဲ့ မိုဒရစ်ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

zawgyi

အသက္(၃၆)ႏွစ္အ႐ြယ္ရွိေနေပမယ့္ ထိပ္တန္းအဆင့္ေျခစြမ္းျပသေနဆဲျဖစ္တဲ့မိုဒရစ္ကို ပရိသတ္ေတြခ်ီးက်ဴး

ရီးယဲလ္အသင္းရဲ႕ ခ႐ိုေအးရွားဝါရင့္ကြင္းလယ္လူမိုဒရစ္ဟာ အသက္(၃၆)ႏွစ္အ႐ြယ္

ရွိေနၿပီျဖစ္ေပမယ့္ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲမွာ ထိပ္တန္းအဆင့္ေျခစြမ္းျပသခဲ့တာေၾကာင့္

ပရိသတ္ေတြက မိုဒရစ္ကို အြန္လိုင္းေပၚမွာ ခ်ီးက်ဴးေရးသားေနၾကပါတယ္။

မိုဒရစ္ဟာ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသင္းအတြက္အေကာင္းဆုံးကစားျပေနၿပီး

ခ်ယ္လ္ဆီးနဲ႔ကြာတားဖိုင္နယ္ပထမအေက်ာ့တုန္းက ကြင္းလယ္တစ္ခုလုံးကို

ဦးေဆာင္ကစားခဲ့သလို ဒုတိယအေက်ာ့ပြဲမွာလည္း အေရးပါတဲ့ေခ်ပဂိုးရေအာင္

လွလွပပဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းက (၃-၀)ဂိုးျပတ္နဲ႔ဦးေဆာင္

ထားခ်ိန္မွာ ရီးယဲလ္အသင္း ေခ်ပဂိုးျပန္ရဖို႔အသည္းအသန္လိုအပ္ေနၿပီး

မိနစ္(၈၀)မွာ ႐ိုဒရီဂိုရဲ႕အဖိုးတန္ေခ်ပဂိုးရရွိေအာင္ မိုဒရစ္က သူ႔သမာၻနဲ႔

Skill ေပါင္းစပ္ၿပီးေတာ့ အကြက္ျမင္ျမင္ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

အဲဒီဂိုးေၾကာင့္ ရီးယဲလ္တို႔ အခ်ိန္ပိုဆက္ကန္ခြင့္ရခဲ့သလို (၉၆)မိနစ္မွာ

ဘန္ဇီမာက ဒုတိယေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္

ႏွစ္ေက်ာ့ေပါင္းရလဒ္(၅-၄)ဂိုးနဲ႔ ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးနဲ႔ပြဲအၿပီးမွာ ပရိသတ္ေတြက မိုဒရစ္ရဲ႕ေျခစြမ္းကို ခ်ီးက်ဴးေနၾကၿပီး

တခ်ိဳ႕ကေတာ့ ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ဇီဒန္း၊ အင္နီေယစတာ၊

ဇာဗီတို႔နဲ႔ မိုဒရစ္ကို ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။